မႏၲေလးၿမိဳ႕တြင္ ပထမဆုံးအႀကိမ္ ေက်ာက္စိမ္း/ေက်ာက္မ်က္ျပပြဲ က်င္းပ

မႏၱေလး၊ ေအာက္တိုဘာ ၂၃-၂၀၁၉
ရဲရင့္မင္းခန္႔(VOM)

ပထမဆုံးအႀကိမ္က်င္းပတဲ့ အရိုင္းျဖတ္သား အေခ်ာထည္ ေက်ာက္စိမ္း/ေက်ာက္မ်က္ျပပြဲကို မႏၲေလးျမိဳ႕ ကြန္ဗင္းရွင္းစင္တာမွာ ဒီကေန႔မနက္ပိုင္းက ဖြင့္ပြဲျပဳလုပ္ခ့ဲျပီး ျပပြဲမွာ ေက်ာက္စိမ္းအတြဲေပါင္း ၃ေထာင္နီးပါးကို ျပသေရာင္းခ်ေပးသြားမွာျဖစ္တယ္လို႔ ျပပြဲက်င္းပေရးေကာ္မတီကေန သိရပါတယ္။

“ ေက်ာက္စိမ္းအဓိကလုပ္ကိုင္ေနတဲ့ မႏၲေလးၿမိဳ႕ဟာ အခုမွ ပထမဆုံးအႀကိမ္ ျပပြဲက်င္းပခြင့္ရခ့ဲတာပါ။ အခုလိုျပပြဲမိ်ဳးက ေနျပည္ေတာ္မွာဆိုရင္ ျပပြဲေပါင္း (၉၀)ေက်ာ္ က်င္းပခ့ဲပါတယ္။ ဒီလိုျဖစ္ခ်င္ေနတာ မႏၲေလးသားေတြက လြန္ခဲ့တဲ့ႏွစ္ေပါင္း ဆယ္ခ်ီကတည္းကပါ။ ဒီပြဲကေနၿပီးေတာ့မွ ျပည္ေထာင္စုအဆင့္ က်ပ္ေငြပြဲေတြ ယူရိုပြဲေတြပါ က်င္းပနိုင္ဖို့ ေဆာင္ရြက္သြားမယ္ ” လို႔ ျပပြဲက်င္းပေရးေကာ္မတီ ဥကၠ႒ ဦးေက်ာ္ေဇာေအာင္ က ေျပာပါတယ္။

ယင္းျပပြဲမွာ ၾကမ္းခင္းေဈး အနည္းဆုံး ၁၀ သိန္းက်ပ္ ကေန အျမင့္ဆုံး က်ပ္သိန္း ၃၂၀၀ အထိ တင္ထားျပီး ေရာင္းခ်မယ့္ အရိုင္းျဖတ္သား အေခ်ာထည္မ်ားနဲ႔ပတ္သက္ၿပီး အခြန္စည္းၾကပ္မွုအေနနဲ႔ အေရာင္း ၁၃ ရာခိုင္ႏွုန္း ႏွင့္ အဝယ္ ၅ ရာခိုင္ႏွုန္း သတ္မွတ္ထားတာျဖစ္ပါတယ္။ တ႐ုတ္နိုင္ငံရဲ႕ လူမွုကြန္ယက္ျဖစ္တဲ့ We Chat နဲ႔ေရာင္းဝယ္တာကို ခြင့္ျပဳမွာမဟုတ္ပဲ ေရာင္းဝယ္ေနတာေတြကို ေတြ႕ခဲ့ရင္ အမည္ပ်က္စာရင္း (Blacklist) ျပဳလုပ္သြားမည္ျဖစ္တယ္လို႔ သိရပါတယ္။

” လက္ရွိျပပြဲမွာေတာ့ ေက်ာက္စိမ္းအေခ်ာထည္ ဆိုင္ေပါင္း ၂၀၀ ေက်ာ္အထိရွိတယ္။ မိုးကုတ္တြင္းထြက္ေက်ာက္မ်က္ အေရာင္းဆိုင္ ၄၅ ဆိုင္ေက်ာ္ အထိပါဝင္ပါတယ္။ ဒီျပပြဲမွာက လာေရာက္ျပသတ့ဲ ကုမၸဏီေပါင္း(၅၀၀)ေက်ာ္ ပါဝင္ျပီး ျပသသည့္ ေလာ့ေပါင္း(၂၉၈၅) အထိပါဝင္ျပသထားပါတယ္ ” လို႔ ေက်ာက္စိမ္းကုမၸဏီ ဥကၠဌ ဦးေအးလြင္ကေျပာပါတယ္။

ေက်ာက္စိမ္းတြဲေတြကို ဝယ္ယူမယ္ဆိုလ်ွင္ အနည္းဆုံးအာမခံ စေပၚေငြက်ပ္သိန္း(၂၀)တင္မွသာ က်ပ္သိန္း (၂၀၀) ထိဝယ္ယူခြင့္ ရရွိမည္ျဖစ္ကာ ျပပြဲမွာေရာင္းခ်တဲ့ ေက်ာက္စိမ္း အရိုင္းျဖတ္သားေတြကို ျမန္မာက်ပ္ေငြနဲ႔သာေရာင္းခ်၍ အေခ်ာထည္ေတြကို နိုင္ငံျခားေငြ ၊ ျမန္မာက်ပ္ေငြ ႏွစ္မ်ိဳးလုံးနဲ႔ ေရာင္းခ်ေပးသြားမွာျဖစ္ၿပီး ေအာက္တိုဘာ ၂၃ရက္ကေန ေအာက္တိုဘာ၂၉ရက္ထိ ၇ရက္တိုင္ က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

#voiceofmyanmar #မႏၲေလး #ပထမဆုံးအႀကိမ္ #ေက်ာက္စိမ္း/ေက်ာက္မ်က္ျပပြဲ

 

Unicode

မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ကျောက်စိမ်း/ကျောက်မျက်ပြပွဲ ကျင်းပ

မန္တလေး၊ အောက်တိုဘာ ၂၃-၂၀၁၉
ရဲရင့်မင်းခန့်(VOM)

ပထမဆုံးအကြိမ်ကျင်းပတဲ့ အရိုင်းဖြတ်သား အချောထည် ကျောက်စိမ်း/ကျောက်မျက်ပြပွဲကို မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာမှာ ဒီကနေ့မနက်ပိုင်းက ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ပြပွဲမှာ ကျောက်စိမ်းအတွဲပေါင်း ၃ထောင်နီးပါးကို ပြသရောင်းချပေးသွားမှာဖြစ်တယ်လို့ ပြပွဲကျင်းပရေးကော်မတီကနေ သိရပါတယ်။

“ ကျောက်စိမ်းအဓိကလုပ်ကိုင်နေတဲ့ မန္တလေးမြို့ဟာ အခုမှ ပထမဆုံးအကြိမ် ပြပွဲကျင်းပခွင့်ရခဲ့တာပါ။ အခုလိုပြပွဲမျိုးက နေပြည်တော်မှာဆိုရင် ပြပွဲပေါင်း (၉၀)ကျော် ကျင်းပခဲ့ပါတယ်။ ဒီလိုဖြစ်ချင်နေတာ မန္တလေးသားတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ဆယ်ချီကတည်းကပါ။ ဒီပွဲကနေပြီးတော့မှ ပြည်ထောင်စုအဆင့် ကျပ်ငွေပွဲတွေ ယူရိုပွဲတွေပါ ကျင်းပနိုင်ဖို့ ဆောင်ရွက်သွားမယ် ” လို့ ပြပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောအောင် က ပြောပါတယ်။

ယင်းပြပွဲမှာ ကြမ်းခင်းဈေး အနည်းဆုံး ၁၀ သိန်းကျပ် ကနေ အမြင့်ဆုံး ကျပ်သိန်း ၃၂၀၀ အထိ တင်ထားပြီး ရောင်းချမယ့် အရိုင်းဖြတ်သား အချောထည်များနဲ့ပတ်သက်ပြီး အခွန်စည်းကြပ်မှုအနေနဲ့ အရောင်း ၁၃ ရာခိုင်နှုန်း နှင့် အဝယ် ၅ ရာခိုင်နှုန်း သတ်မှတ်ထားတာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက်ဖြစ်တဲ့ We Chat နဲ့ရောင်းဝယ်တာကို ခွင့်ပြုမှာမဟုတ်ပဲ ရောင်းဝယ်နေတာတွေကို တွေ့ခဲ့ရင် အမည်ပျက်စာရင်း (Blacklist) ပြုလုပ်သွားမည်ဖြစ်တယ်လို့ သိရပါတယ်။

” လက်ရှိပြပွဲမှာတော့ ကျောက်စိမ်းအချောထည် ဆိုင်ပေါင်း ၂၀၀ ကျော်အထိရှိတယ်။ မိုးကုတ်တွင်းထွက်ကျောက်မျက် အရောင်းဆိုင် ၄၅ ဆိုင်ကျော် အထိပါဝင်ပါတယ်။ ဒီပြပွဲမှာက လာရောက်ပြသတဲ့ ကုမ္ပဏီပေါင်း(၅၀၀)ကျော် ပါဝင်ပြီး ပြသသည့် လော့ပေါင်း(၂၉၈၅) အထိပါဝင်ပြသထားပါတယ် ” လို့ ကျောက်စိမ်းကုမ္ပဏီ ဥက္ကဌ ဦးအေးလွင်ကပြောပါတယ်။

ကျောက်စိမ်းတွဲတွေကို ဝယ်ယူမယ်ဆိုလျှင် အနည်းဆုံးအာမခံ စပေါ်ငွေကျပ်သိန်း(၂၀)တင်မှသာ ကျပ်သိန်း (၂၀၀) ထိဝယ်ယူခွင့် ရရှိမည်ဖြစ်ကာ ပြပွဲမှာရောင်းချတဲ့ ကျောက်စိမ်း အရိုင်းဖြတ်သားတွေကို မြန်မာကျပ်ငွေနဲ့သာရောင်းချ၍ အချောထည်တွေကို နိုင်ငံခြားငွေ ၊ မြန်မာကျပ်ငွေ နှစ်မျိုးလုံးနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး အောက်တိုဘာ ၂၃ရက်ကနေ အောက်တိုဘာ၂၉ရက်ထိ ၇ရက်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

#voiceofmyanmar #မန္တလေး #ပထမဆုံးအကြိမ် #ကျောက်စိမ်း/ကျောက်မျက်ပြပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW