ရဲေဘာ္သုံးက်ိပ္ပန္းၿခံေနရာ အထပ္ျမင့္အေဆာက္အဦးေဆာက္လုပ္ေနမွဳ စုံစမ္းစစ္ေဆးေပးရန္ ဆႏၵေဖာ္ထုတ္

ရန္ကုန္ ေအာက္တိုဘာ ၂၃-၂၀၁၉
သူရိန္(VOM)

 

ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ လွည္းတန္းကံုုးတံတား( ေဟာင္း) အဆင္းမွာရွိတဲ့ ရဲေဘာ္သုံးက်ိပ္ပန္းၿခံေနရာမွာ အထပ္ျမင့္အေဆာက္အအုံေဆာက္လုပ္ေနတာကို ျပည္သူလူထုကန႔္ကြက္ေနတဲ့ၾကားက ဆက္လက္လုပ္ေဆာင္ေနတဲ့အတြက္ ျပည္သူ႔လႊတ္ေတာ္က စုံစမ္းစစ္ေဆးေရးေကာ္မတီဖြဲ႕စည္းၿပီး စစ္ေဆးေပးဖို႔ ဆႏၵေဖာ္ထုတ္ပြဲကို ေအာက္တိုုဘာ၂၂ရက္ေန႔ညေန ၄နာရီအခ်ိန္က ရဲေဘာ္သုံးက်ိတ္ပန္းၿခံေရွ႕မွာ ျပည္သူေတြက ဆႏၵေဖာ္ထုတ္ေတာင္းဆိုခဲ့ၾကပါတယ္။

“ ကြၽန္ေတာ္ကဒီရပ္ကြက္မွာ ငယ္စဥ္တည္းကေန အခုခ်ိန္ထိေနလာတဲ့ ရပ္ကြက္ေနျပည္သူစစ္စစ္ျဖစ္ပါတယ္ ။ ဘယ္ပါတီဝင္မွမဟုတ္သလို ႏိုင္ငံေရးလဲမလုပ္ပါဘူး။ အစဥ္အလာကိုထိန္းသိမ္းဖို႔က ႏိုင္ငံသားတိုင္းရဲ႕တာဝန္လို႔ခံယူထားတဲ့အတြက္ ရဲေဘာ္သုံးက်ိပ္ဆိုတာ သမိုင္းမွာအစဥ္အလာႀကီးခဲ့သလို ဒီနာမည္နဲ႔ပန္းၿခံက ကြၽန္ေတာ္တို႔ရပ္ကြက္မွာတည္ရွိမူကို သိပ္ကိုဂုဏ္ယူခဲ့တာျဖစ္တဲ့အတြက္ ဒီပန္းၿခံကို ပကတိအတိုင္းတည္ရွိဖို႔နဲ႔ လႊတ္ေတာ္ကေန ဥပေဒနဲ႔အညီစစ္ေဆးေပးဖို႔ ဆႏၵေဖာ္ထုတ္ေတာင္းဆိုရတာျဖစ္ပါတယ္” လိုု႕ ဦးေဆာင္ဆႏၵထုတ္ေဖာ္သူ ဦးရဲဝင္းကေျပာပါတယ္။

 

ဒီဆႏၵေဖာ္ထုတ္ပြဲကို လူထုအင္အား ( ၇၀) ခန႔္ပါဝင္ၿပီး ဗီႏိုင္းပါစာသားေတြျဖစ္တဲ့ ျပည္သူ႔လႊတ္ေတာ္ကစုံစမ္းစစ္ေဆးေရးအဖြဲ႕ဖြဲ႕စည္းေရး၊ မေလွ်ာ္ၾသဇာအသုံးျပဳျခင္း ရွိ/ မရွိစစ္ေဆးေပးေရး ဥပေဒႏွင့္ညီၫႊတ္မူ႔ရွိ/ မရွိ စစ္ေဆးေပးေရး အခ်က္သုံးခ်က္ကိုု ဟစ္ေႂကြးကာဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။

ရဲေဘာ္သုံးက်ိတ္ပန္းၿခံကို ၁၉၅၇ခုႏွစ္မွစတင္ ပန္းၿခံတည္ခဲ့တာျဖစ္ၿပီး ေျမပုံ ေျမရာဇဝင္ ေျမစာရင္းမွာ( space) ေျမေနရာလပ္အျဖစ္ေဖာ္ျပထားခဲ့ကာ ဧရိယာ ၁၆၆၀၀စတုရန္းေပရွိတယ္လို႔သိရပါတယ္။

 

ဒီေျမေပၚမွာ ၿမိဳ႕နယ္လုံးဆိုင္ရာအထိမ္းအမွတ္ပြဲေတြ၊ အမ်ားျပည္သူအပန္းေျဖအနားယူတာေတြ၊ ရပ္ကြက္ေနကေလးေတြ ေဆာ့ကစားတာေတြကို နွစ္ႏွစ္ဆယ္ေလာက္အသုံးျပဳခဲ့ၾကပါတယ္။

 

ေနာက္ပိုင္းမွာ ပါတီေကာင္စီ႐ုံးေတြဖြင့္လွစ္ၿပီး တရား႐ုံးနဲ႔ ကမာ႐ြတ္စည္ပင္႐ုံးအေဆာက္အဦးေတြကိုေဆာက္ခဲ့ေပမယ့္ မူလပန္းၿခံေျမအတိုင္းပုံမပ်က္ရွိေနခဲ့တာပါ။

 

အခုေတာ့ ပန္းၿခံေပၚရွိတဲ့တစ္ထပ္အေဆာက္အဦးကိုဖယ္ရွားၿပီး အထပ္ျမင့္အေဆာက္အဦးတစ္ခုကို ျပည္သူေတြဆီပြင့္လင္းျမင္သာစြာခ်ျပျခင္းမရွိဘဲနဲ႔ ရဲေဘာ္သုံးက်ိပ္ အဆင့္ျမင့္ပန္းၿခံႏွင့္ Mechnical Car Parkingတည္ေဆာက္ေနတာျဖစ္ပါတယ္။

#voiceofmyanmar #ရန္ကုုန္ #ရဲေဘာ္သံုုးက်ိပ္ပန္းျခံ #အထပ္ျမင့္ေဆာက္မွဳကန္႕ကြက္

Unicode

ရဲဘော်သုံးကျိပ်ပန်းခြံနေရာ အထပ်မြင့်အဆောက်အဦးဆောက်လုပ်နေမှု စုံစမ်းစစ်ဆေးပေးရန် ဆန္ဒဖော်ထုတ်

ရန်ကုန် အောက်တိုဘာ ၂၃-၂၀၁၉
သူရိန်(VOM)

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းကုံးတံတား( ဟောင်း) အဆင်းမှာရှိတဲ့ ရဲဘော်သုံးကျိပ်ပန်းခြံနေရာမှာ အထပ်မြင့်အဆောက်အအုံဆောက်လုပ်နေတာကို ပြည်သူလူထုကန့်ကွက်နေတဲ့ကြားက ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပြီး စစ်ဆေးပေးဖို့ ဆန္ဒဖော်ထုတ်ပွဲကို အောက်တိုဘာ၂၂ရက်နေ့ညနေ ၄နာရီအချိန်က ရဲဘော်သုံးကျိတ်ပန်းခြံရှေ့မှာ ပြည်သူတွေက ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြပါတယ်။

“ ကျွန်တော်ကဒီရပ်ကွက်မှာ ငယ်စဉ်တည်းကနေ အခုချိန်ထိနေလာတဲ့ ရပ်ကွက်နေပြည်သူစစ်စစ်ဖြစ်ပါတယ် ။ ဘယ်ပါတီဝင်မှမဟုတ်သလို နိုင်ငံရေးလဲမလုပ်ပါဘူး။ အစဉ်အလာကိုထိန်းသိမ်းဖို့က နိုင်ငံသားတိုင်းရဲ့တာဝန်လို့ခံယူထားတဲ့အတွက် ရဲဘော်သုံးကျိပ်ဆိုတာ သမိုင်းမှာအစဉ်အလာကြီးခဲ့သလို ဒီနာမည်နဲ့ပန်းခြံက ကျွန်တော်တို့ရပ်ကွက်မှာတည်ရှိမူကို သိပ်ကိုဂုဏ်ယူခဲ့တာဖြစ်တဲ့အတွက် ဒီပန်းခြံကို ပကတိအတိုင်းတည်ရှိဖို့နဲ့ လွှတ်တော်ကနေ ဥပဒေနဲ့အညီစစ်ဆေးပေးဖို့ ဆန္ဒဖော်ထုတ်တောင်းဆိုရတာဖြစ်ပါတယ်” လို့ ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးရဲဝင်းကပြောပါတယ်။

ဒီဆန္ဒဖော်ထုတ်ပွဲကို လူထုအင်အား ( ၇၀) ခန့်ပါဝင်ပြီး ဗီနိုင်းပါစာသားတွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းရေး၊ မလျှော်သြဇာအသုံးပြုခြင်း ရှိ/ မရှိစစ်ဆေးပေးရေး ဥပဒေနှင့်ညီညွှတ်မူ့ရှိ/ မရှိ စစ်ဆေးပေးရေး အချက်သုံးချက်ကို ဟစ်ကြွေးကာဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ရဲဘော်သုံးကျိတ်ပန်းခြံကို ၁၉၅၇ခုနှစ်မှစတင် ပန်းခြံတည်ခဲ့တာဖြစ်ပြီး မြေပုံ မြေရာဇဝင် မြေစာရင်းမှာ( space) မြေနေရာလပ်အဖြစ်ဖော်ပြထားခဲ့ကာ ဧရိယာ ၁၆၆၀၀စတုရန်းပေရှိတယ်လို့သိရပါတယ်။

ဒီမြေပေါ်မှာ မြို့နယ်လုံးဆိုင်ရာအထိမ်းအမှတ်ပွဲတွေ၊ အများပြည်သူအပန်းဖြေအနားယူတာတွေ၊ ရပ်ကွက်နေကလေးတွေ ဆော့ကစားတာတွေကို နှစ်နှစ်ဆယ်လောက်အသုံးပြုခဲ့ကြပါတယ်။

နောက်ပိုင်းမှာ ပါတီကောင်စီရုံးတွေဖွင့်လှစ်ပြီး တရားရုံးနဲ့ ကမာရွတ်စည်ပင်ရုံးအဆောက်အဦးတွေကိုဆောက်ခဲ့ပေမယ့် မူလပန်းခြံမြေအတိုင်းပုံမပျက်ရှိနေခဲ့တာပါ။

အခုတော့ ပန်းခြံပေါ်ရှိတဲ့တစ်ထပ်အဆောက်အဦးကိုဖယ်ရှားပြီး အထပ်မြင့်အဆောက်အဦးတစ်ခုကို ပြည်သူတွေဆီပွင့်လင်းမြင်သာစွာချပြခြင်းမရှိဘဲနဲ့ ရဲဘော်သုံးကျိပ် အဆင့်မြင့်ပန်းခြံနှင့် Mechnical Car Parkingတည်ဆောက်နေတာဖြစ်ပါတယ်။

#voiceofmyanmar #ရန်ကုန် #ရဲဘော်သုံးကျိပ်ပန်းခြံ #အထပ်မြင့်ဆောက်မှုကန့်ကွက်

Related posts

Leave a Comment

VOM News

FREE
VIEW