ထိုင္းဘုရင္နန္းေတာ္မွ အမႈထမ္းေတြ အက်င္႔ပ်က္ျပားလို႔ ထုတ္ပယ္ခံရျပန္

ဘန္ေကာက္၊ ေအာက္တိုဘာ ၃၀-၂၀၁၉
မ်ိဳးဆက္ (VOM)

ထိုင္းဘုရင္ မဟာ၀ိဇယေလာင္ကြန္းဟာ နန္းေတာ္မွာ တာဝန္ထမ္းေဆာင္ေနတဲ႔ ေနာက္ထပ္တာဝန္ရိွသူေလးဦးကို ထုတ္ပယ္လိုက္တယ္လို႔ ေအာက္တိုဘာ ၂၉ ရက္မွာ ေၾကညာခ်က္နွစ္ေစာင္ ထုတ္ျပန္လိုက္ပါတယ္။

ဒါဟာ သူ႔ရဲ႕ ၾကင္ယာေတာ္ကို လြန္ခဲ႔သည္႔ သီတင္းပတ္က ရာထူးအေဆာင္အေယာင္ေတြကေန ရုပ္သိမ္းလိုက္ျပီးေနာက္ပိုင္း နန္းေတာ္တာဝန္ရိွသူေတြကို ထုတ္ပယ္မႈလုပ္ခဲ႔တာ ဒုတိယအၾကိမ္ေျမာက္ျဖစ္ပါတယ္။

နန္းေတာ္ရဲ႕ အိပ္ဖန္ေစာင္႔အျဖစ္ေဖာ္ျပထားတဲ႔ နန္းေတာ္တာဝန္ရိွသူနွစ္ဦးဟာ နိုင္ငံရဲ႕ စည္းမ်ဥ္းစည္းကမ္းမ်ားကို ခ်ိဳးေဖာက္ျပီး လြန္စြာဆိုးယုတ္ေသာ အျပဳအမူေတြ လုပ္ခဲ႔တဲ႔အျပင္ လိင္ပိုင္းဆိုင္ရာ ေဖာက္ျပားျခင္းတို႔ေၾကာင္႔ ထုတ္ပယ္ျခင္းျဖစ္တယ္လို႔ ေၾကညာခ်က္တစ္ေစာင္မွာ ေဖာ္ျပထားပါတယ္။

အျခားစစ္ဘက္တာဝန္ရိွသူနွစ္ဦးကေတာ႔ နန္းေတာ္အေစာင္႔အျဖစ္ထမ္းေဆာင္ခ်ိန္မွာ တာဝန္ေတြကိုလစ္ဟင္းတာေတြနဲ႔ သူတို႔ရဲ႕ ရာထူးအဆင္႔အတန္းနဲ႔ မေလ်ာ္ကန္တဲ႔ အျပဳအမူေတြအတြက္ ရာထူးမွ ထုတ္ပယ္လိုက္တာလို႔ ေၾကညာခ်က္ေနာက္တစ္ခုမွာ ေဖာ္ျပထားပါတယ္။

အဲဒီ အမႈထမ္းေလးဦးရဲ႕ ရာထူးနဲ႔ အေဆာင္အေယာင္ေတြအားလံုးကို ဖယ္ရွားလိုက္ျပီျဖစ္တယ္လို႔ ထိုင္းဘုရင္နန္းေတာ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေတာ္ဝန္နန္းေတာ္ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြကို ထိခိုက္ေစျပီး ဆိုးရြားစြာ စည္းကမ္းခ်ိဳးေဖာက္တယ္လို႔ စြပ္စြဲျပီး နန္းေတာ္တာ၀န္ရိွသူေျခာက္ဦးကို ျပီးခဲ႔တဲ႔ သီတင္းပတ္က ထုတ္ပယ္လိုက္ျပီးေနာက္ ေအာက္တိုဘာ ၂၉ ရက္မွာ နန္းေတာ္တာဝန္ရိွသူေနာက္ထပ္ေလးဦး ထုတ္ပယ္ခံရတာျဖစ္ပါတယ္။

Ref : CNA
Photo :Reuters
#voiceofmyanmar #ထိုင္းဘုရင္ #အမႈထမ္းေတြထုတ္ပယ္

Unicode

ထိုင်းဘုရင်နန်းတော်မှ အမှုထမ်းတွေ အကျင့်ပျက်ပြားလို့ ထုတ်ပယ်ခံရပြန်

ဘန်ကောက်၊ အောက်တိုဘာ ၃၀-၂၀၁၉
မျိုးဆက် (VOM)

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းဟာ နန်းတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ နောက်ထပ်တာဝန်ရှိသူလေးဦးကို ထုတ်ပယ်လိုက်တယ်လို့ အောက်တိုဘာ ၂၉ ရက်မှာ ကြေညာချက်နှစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ သူ့ရဲ့ ကြင်ယာတော်ကို လွန်ခဲ့သည့် သီတင်းပတ်က ရာထူးအဆောင်အယောင်တွေကနေ ရုပ်သိမ်းလိုက်ပြီးနောက်ပိုင်း နန်းတော်တာဝန်ရှိသူတွေကို ထုတ်ပယ်မှုလုပ်ခဲ့တာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။

နန်းတော်ရဲ့ အိပ်ဖန်စောင့်အဖြစ်ဖော်ပြထားတဲ့ နန်းတော်တာဝန်ရှိသူနှစ်ဦးဟာ နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး လွန်စွာဆိုးယုတ်သော အပြုအမူတွေ လုပ်ခဲ့တဲ့အပြင် လိင်ပိုင်းဆိုင်ရာ ဖောက်ပြားခြင်းတို့ကြောင့် ထုတ်ပယ်ခြင်းဖြစ်တယ်လို့ ကြေညာချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။

အခြားစစ်ဘက်တာဝန်ရှိသူနှစ်ဦးကတော့ နန်းတော်အစောင့်အဖြစ်ထမ်းဆောင်ချိန်မှာ တာဝန်တွေကိုလစ်ဟင်းတာတွေနဲ့ သူတို့ရဲ့ ရာထူးအဆင့်အတန်းနဲ့ မလျော်ကန်တဲ့ အပြုအမူတွေအတွက် ရာထူးမှ ထုတ်ပယ်လိုက်တာလို့ ကြေညာချက်နောက်တစ်ခုမှာ ဖော်ပြထားပါတယ်။

အဲဒီ အမှုထမ်းလေးဦးရဲ့ ရာထူးနဲ့ အဆောင်အယောင်တွေအားလုံးကို ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ ထိုင်းဘုရင်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တော်ဝန်နန်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထိခိုက်စေပြီး ဆိုးရွားစွာ စည်းကမ်းချိုးဖောက်တယ်လို့ စွပ်စွဲပြီး နန်းတော်တာဝန်ရှိသူခြောက်ဦးကို ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပယ်လိုက်ပြီးနောက် အောက်တိုဘာ ၂၉ ရက်မှာ နန်းတော်တာဝန်ရှိသူနောက်ထပ်လေးဦး ထုတ်ပယ်ခံရတာဖြစ်ပါတယ်။

Ref : CNA
Photo :Reuters
#voiceofmyanmar #ထိုင်းဘုရင် #အမှုထမ်းတွေထုတ်ပယ်

Related posts

Leave a Comment

VOM News

FREE
VIEW