ရန္ကုန္တုိင္းမွာ မဲေပးႏို္င္သူ လူဦးေရငါးသန္းေက်ာ္ရွိေန

ရန္ကုန္ -ေအာက္တုိဘာလ ၃၀-၂၀၁၉
ကုိးသက္စံ (VOM)

ရန္ကုန္တုိင္းေဒသႀကီးအတြင္း ေနထုိင္သူ ၇.၂ သန္းေက်ာ္ရွိတဲ့အထဲက လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ လူဦးေရ ငါးသန္းေက်ာ္ဟာ မဲေပးခြင့္ရရွိလာမွာ ျဖစ္တယ္လို႔ ရန္ကုန္ုအေနာက္ပုိင္းခရုိင္ ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲကေန သိရပါတယ္။

“လက္ရွိေကာက္ယူထားတဲ့စာရင္းေတြအရ ရန္ကုန္တုိင္းအတြင္းမွာ ေနထုိင္သူက ၇.၂သန္းေက်ာ္ရွိတာ ျဖစ္တယ္၊အဲဒီထဲမွ ငါးသန္းေက်ာ္ကေတာ့ ၂၀၂၀ ေရြးေကာက္ပြဲမွာ မဲေပးခြင့္ရမွာ ျဖစ္တယ္” လုိ႔ ျဖစ္တယ္လို႔ ရန္ကုန္ုအေနာက္ပုိင္းခရုိင္ ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ ဥကၠဌ ဦးခင္ေမာင္ဝင္းက ေျပာပါတယ္ ။

ရန္ကုန္တုိင္းအတြင္း လူဦးေရစာရင္းေကာက္ယူမႈကုိ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္နဲ႔ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ လူဝင္မႈႀကီးၾကပ္ေရး ဦးစီးဌာနတုိ႔ပူးေပါင္းၿပီး ၿပီးခဲ့တဲ့ ၾသဂုတ္လအတြင္းက အၿပီး သတ္ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး အေျခခံ မဲဆႏၵရွင္စာရင္းကို စက္တင္ဘာလ အကုန္မွာ အၿပီးေဆာင္ရြက္ႏုိင္ခဲ့တာ ျဖစ္ပါတယ္ ။

“အခုေကာက္ခံထားတဲ့ မဲဆႏၵရွင္စာရင္းကုိ လစဥ္ျပင္ဆင္ျဖည့္စြက္သြားဖုိ႔ရွိတယ္ ၊အဓိက ကေတာ့ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က ညႊႊန္ၾကားတဲ့အခါမွာ အားလုံးအဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္ထားတာ ျဖစ္တယ္လို႔” ေရြးေကာက္ပဲြေကာ္မရွင္အဖြဲ႕ခြဲ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

လက္ရွိမွာ အမ်ဳိးသားဒီမုိကေရစီ အဖြဲ႕ခ်ဳပ္အစုိးရလက္ထက္မွာ ဖြဲ႕စည္းထားတဲ့ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ဟာ ပါတီစြဲမကင္းတဲ့အျပင္ ဘက္လိုက္ဆုံးျဖတ္ခ်က္ေတြ ရွိေနတယ္ဆုိၿပီး ႏို္င္ငံေရး ပါတီေတြက ေ၀ဖန္ေျပာဆုိမႈေတြ ရွိေနတာပါ။အဲဒါေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ အခန္းက႑က အဓိက အေရးပါေနၿပီး ပါတီစြဲကင္းတဲ့ ေကာ္မရွင္ရဲ႕ ဦးေဆာင္မႈကုိ လုိလားေနၾကတာ ျဖစ္ပါတယ္ ။

“ဦးတင္ေအးတုန္းက ႀကံ႕ခုိ္င္ေရးက ပုဂၢဳိလ္ ၊ ကင္းတဲ့သူျဖစ္ေစခ်င္တယ္ ၊ ဖြဲ႕စည္းပုံမွာ ေျပာထားတာ ဂုဏ္သေရရွိတဲ့ပုဂၢဳိလ္ ၊အမည္သတင္းေက်ာ္ၾကားတဲ့ ပုဂၢဳိလ္ ဒီလိုမ်ဳိးျဖစ္သင့္တာ ၊တစ္ခါ ဦးလွသိန္း ကုိၾကည့္လိုက္ေတာ့လည္း ပါတီစြဲမကင္းဘူးဆုိေတာ့ ႏို္င္ငံေရးပါတီေတြက ေကာ္မရွင္ကုိ ယုံဖုိ႔လိုတယ္” လုိ႔ တုိင္းရင္းသားစည္းလုံးညီညႊတ္ေရးပါတီ ဒုတိယဥကၠဌ ဦးဟန္ေရႊက ပါတီရဲ႕ ၃၁ႏွစ္ျပည့္အခမ္းအနားမွာ မီဒီယာေတြကုိ ေျပာၾကားထားတာ ျဖစ္ပါတယ္ ။

ၿပီးခဲ့တဲ့ ၂၀၁၅ခုႏွစ္ ေရြးေကာက္ပြဲမွာ ရန္ကုန္တုိင္းေဒသႀကီးအတြင္း မဲဆႏၵရွင္၄.၉သန္း ေက်ာ္ရွိခဲ့ၿပီး မဲလာေရာက္ေပးသူ ဦးေရ ၃.၂သန္းေက်ာ္သာရွိခဲ့တာ ျဖစ္ပါတယ္။

#voiceofmyanmar #ရန္ကုန္ #မဲဆႏၵရွင္

 

Unicode

ရန်ကုန်တိုင်းမှာ မဲပေးနိုင်သူ လူဦးရေငါးသန်းကျော်ရှိနေ

ရန်ကုန် -အောက်တိုဘာလ ၃၀-၂၀၁၉
ကိုးသက်စံ (VOM)

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူ ၇.၂ သန်းကျော်ရှိတဲ့အထဲက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူဦးရေ ငါးသန်းကျော်ဟာ မဲပေးခွင့်ရရှိလာမှာ ဖြစ်တယ်လို့ ရန်ကုန်ုအနောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

“လက်ရှိကောက်ယူထားတဲ့စာရင်းတွေအရ ရန်ကုန်တိုင်းအတွင်းမှာ နေထိုင်သူက ၇.၂သန်းကျော်ရှိတာ ဖြစ်တယ်၊အဲဒီထဲမှ ငါးသန်းကျော်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရမှာ ဖြစ်တယ်” လို့ ဖြစ်တယ်လို့ ရန်ကုန်ုအနောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးခင်မောင်ဝင်းက ပြောပါတယ် ။

ရန်ကုန်တိုင်းအတွင်း လူဦးရေစာရင်းကောက်ယူမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက အပြီး သတ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခြေခံ မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာလ အကုန်မှာ အပြီးဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

“အခုကောက်ခံထားတဲ့ မဲဆန္ဒရှင်စာရင်းကို လစဉ်ပြင်ဆင်ဖြည့်စွက်သွားဖို့ရှိတယ် ၊အဓိက ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှွှန်ကြားတဲ့အခါမှာ အားလုံးအဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတာ ဖြစ်တယ်လို့” ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရလက်ထက်မှာ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ပါတီစွဲမကင်းတဲ့အပြင် ဘက်လိုက်ဆုံးဖြတ်ချက်တွေ ရှိနေတယ်ဆိုပြီး နိုင်ငံရေး ပါတီတွေက ဝေဖန်ပြောဆိုမှုတွေ ရှိနေတာပါ။အဲဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အခန်းကဏ္ဍက အဓိက အရေးပါနေပြီး ပါတီစွဲကင်းတဲ့ ကော်မရှင်ရဲ့ ဦးဆောင်မှုကို လိုလားနေကြတာ ဖြစ်ပါတယ် ။

“ဦးတင်အေးတုန်းက ကြံ့ခိုင်ရေးက ပုဂ္ဂိုလ် ၊ ကင်းတဲ့သူဖြစ်စေချင်တယ် ၊ ဖွဲ့စည်းပုံမှာ ပြောထားတာ ဂုဏ်သရေရှိတဲ့ပုဂ္ဂိုလ် ၊အမည်သတင်းကျော်ကြားတဲ့ ပုဂ္ဂိုလ် ဒီလိုမျိုးဖြစ်သင့်တာ ၊တစ်ခါ ဦးလှသိန်း ကိုကြည့်လိုက်တော့လည်း ပါတီစွဲမကင်းဘူးဆိုတော့ နိုင်ငံရေးပါတီတွေက ကော်မရှင်ကို ယုံဖို့လိုတယ်” လို့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဒုတိယဥက္ကဌ ဦးဟန်ရွှေက ပါတီရဲ့ ၃၁နှစ်ပြည့်အခမ်းအနားမှာ မီဒီယာတွေကို ပြောကြားထားတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်၄.၉သန်း ကျော်ရှိခဲ့ပြီး မဲလာရောက်ပေးသူ ဦးရေ ၃.၂သန်းကျော်သာရှိခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #ရန်ကုန် #မဲဆန္ဒရှင်

Related posts

Leave a Comment

VOM News

FREE
VIEW