ရိုဟင္ဂ်ာျပႆနာ ေျဖရွင္းေရး အာဆီယံအဖြဲ႔ ပိုမိုကူညီသြားမည္

ဘန္ေကာက္၊ နိုဝင္ဘာ-၃-၂၀၁၉
မ်ိဳးဆက္ (VOM)

ျမန္မာနိုင္ငံမွ ထြက္ေျပးသြားတဲ႔ ရိုဟင္ဂ်ာေတြအေရး ေျဖရွင္းေရးကို ယခုထက္ပိုမိုကူညီရန္ အေရွ႕ေတာင္အာရွနိုင္ငံမ်ားအသင္း (အာဆီယံ) ေခါင္းေဆာင္ေတြက သေဘာတူလိုက္ၾကပါတယ္။

အဖြဲ႔ဝင္ ၁၀ နိုင္ငံပါဝင္တဲ႔ အာဆီယံနုိင္ငံေတြရဲ႕ ထိပ္သီးေဆြးေႏြးပြဲေတြကို ထိုင္းနိုင္ငံ ဘန္ေကာက္ျမိဳ႕အနီးမွာ နိုဝင္ဘာ ၃ ရက္မွ စတင္ေနျပီျဖစ္ပါတယ္။

ရိုဟင္ဂ်ာျပသနာေျဖရွင္းေရး ကူညီရာမွ အာဆီယံအေနနဲ႔ ပါဝင္သင္႔တယ္လို႔ အာဆီယံအလွည္႔က်ဥကၠဌ ထုိင္းဝန္ၾကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာက ေျပာဆိုခဲ႔တယ္လို႔ ထိုင္းဝန္ၾကီးခ်ုဳပ္ရံုးက ထုတ္ျပန္ထားပါတယ္။

ဒုကၡသည္ေတြကို ျမန္မာအစိုးရက ျပန္လည္လက္ခံေရးမွာ ကူညီဖို႔နဲ႔ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေတြေပးအပ္ေရးတို႔မွာ အာဆီယံရဲ႕ပါဝင္မႈကို တိုးျမင္႔ဖို႔ ေခါင္းေဆာင္ေတြက သေဘာတူခဲ႔ေၾကာင္း သံတမန္သတင္းရင္းျမစ္ေတြက ေျပာပါတယ္။

အဖြဲ႕ဝင္နုိင္ငံေတြရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္မစြက္ဖက္ျခင္းမရိွသည္႔ အာဆီယံအဖြဲ႔ရဲ႕မူ၀ါဒကိုအေျခခံျပီး ျမန္မာနိုင္ငံအေပၚကို ရုိဟင္ဂ်ာအေရးနဲ႔ ပတ္သက္ျပီး ျပင္းျပင္းထန္ထန္ေဝဖန္တာမ်ိဳးေတြကို ေရွာင္ရွားနိုင္ခဲ႔တယ္လို႔ ဆိုပါတယ္။

ဒါေပမယ္႔လည္း ျပီးခဲ႔တဲ႔ နွစ္နွစ္တာကာလအတြင္း ဒုကၡသည္ေတြျပန္လည္လက္ခံေရးၾကိဳးပမ္းမႈေတြမွာ တိုးတက္မႈအနည္းငယ္သာရိွတာေၾကာင္႔ အဲဒီျပႆနာအေပၚ ဒီထက္ပိုျပီး စိုးရိမ္ပူပန္လုပ္ေဆာင္ဖို႔ အာဆီယံအဖြဲ႔ဝင္နုိင္ငံအခ်ိဳ႕က တိုက္တြန္းမႈေတြရိွခဲ႔ပါတယ္။

Ref : NHK Photo :Reuters
#voiceofmyanmar #ဘန္ေကာက္ #ရိုဟင္ဂ်ာျပႆနာ

Unicode

ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေး အာဆီယံအဖွဲ့ ပိုမိုကူညီသွားမည်

ဘန်ကောက်၊ နိုဝင်ဘာ-၃-၂၀၁၉
မျိုးဆက် (VOM)

မြန်မာနိုင်ငံမှ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေအရေး ဖြေရှင်းရေးကို ယခုထက်ပိုမိုကူညီရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေက သဘောတူလိုက်ကြပါတယ်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံတွေရဲ့ ထိပ်သီးဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးမှာ နိုဝင်ဘာ ၃ ရက်မှ စတင်နေပြီဖြစ်ပါတယ်။

ရိုဟင်ဂျာပြသနာဖြေရှင်းရေး ကူညီရာမှ အာဆီယံအနေနဲ့ ပါဝင်သင့်တယ်လို့ အာဆီယံအလှည့်ကျဥက္ကဌ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောဆိုခဲ့တယ်လို့ ထိုင်းဝန်ကြီးချုုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဒုက္ခသည်တွေကို မြန်မာအစိုးရက ပြန်လည်လက်ခံရေးမှာ ကူညီဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်ရေးတို့မှာ အာဆီယံရဲ့ပါဝင်မှုကို တိုးမြင့်ဖို့ ခေါင်းဆောင်တွေက သဘောတူခဲ့ကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ခြင်းမရှိသည့် အာဆီယံအဖွဲ့ရဲ့မူဝါဒကိုအခြေခံပြီး မြန်မာနိုင်ငံအပေါ်ကို ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်တာမျိုးတွေကို ရှောင်ရှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း ဒုက္ခသည်တွေပြန်လည်လက်ခံရေးကြိုးပမ်းမှုတွေမှာ တိုးတက်မှုအနည်းငယ်သာရှိတာကြောင့် အဲဒီပြဿနာအပေါ် ဒီထက်ပိုပြီး စိုးရိမ်ပူပန်လုပ်ဆောင်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က တိုက်တွန်းမှုတွေရှိခဲ့ပါတယ်။

Ref : NHK Photo :Reuters
#voiceofmyanmar #ဘန်ကောက် #ရိုဟင်ဂျာပြဿနာ

Related posts

Leave a Comment

VOM News

FREE
VIEW