ရွိမ္းမကားေဘးမဲ့ေတာက ေရွးေဟာင္းပစၥည္းေတြကို ျပတိုက္တစ္ခုထားၿပီးျပသဖို႔ ေဒသခံေတြလိုလား

ေ႐ႊဘို၊ ႏိုဝင္ဘာ ၃-၂၀၁၉
ရန္ႏိုင္စိုး(VOM)

စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုခ႐ိုင္၊ ဝက္လက္ၿမိဳ႕နယ္မွာရွိတဲ့ ရွိမ္းမကားေဘးမဲ့ေတာမွာ အရင္ႏွစ္‌ေတြထက္ လာေရာက္လည္ပတ္ ေလ့လာသူ‌ေတြ ပိုမ်ားျပားလာတယ္လို႔ ရွိမ္းမကားေက်း႐ြာကေန သိရပါတယ္။

ရွိမ္းမကားေဘးမဲ့‌ေတာမွာ ပုဂံေခတ္စၿပီး ေခတ္အဆက္ဆက္တည္ထားခဲ့တဲ့ ေရွးေဟာင္းေစတီေတြ၊ ေရွးေဟာင္းအေဆာက္ဦးေတြနဲ႔ ဘုန္းႀကီး‌ေက်ာင္းေတြရွိေနၿပီး ဧရိယာ ၃၃၄ ဧက က်ယ္ဝန္းတာျဖစ္ပါတယ္။

“ ဒီလို ေရွးေဟာင္းပစၥည္းေတြကို ဒီအတိုင္းထားတာထက္ ျပတိုက္တခုသီးသန႔္လုပ္ၿပီးထားရင္ လာၿပီးေလ့လာသူေတြအေနနဲ႔ ပိုအဆင္ေျပတာေပါ့။ အရင္ေခတ္က မင္းတုန္း ၊ သီေပါမင္းေရးပို႔တဲ့ စာခြၽန္ေတြလဲရွိတယ္။ ဒါေတြကို ေသေသသပ္သပ္ေလးျဖစ္ေစခ်င္တာပါ ” လို႔ ရွိမ္းမကားေက်း႐ြာက ေဒသခံ ဦးေမာင္ဝင္းက ေျပာပါတယ္။

ရွိမ္းမကား‌ေဘးမဲ့‌ေတာမွာ ေရွးေဟာင္းအေမြအႏွစ္ေတြအျပင္ ရွားပါးေနတဲ့ ေ႐ႊသမင္ေတြ က်င္လည္က်က္စားေနၾကၿပီး တျခားေတာတိရစာၦန္ျဖစ္တဲ့ သမင္ေပ်ာက္ ၊ သမင္ဝက္ ၊ ယုန္ ၊ ေခ် စတာေတြလဲ က်က္စားေနတယ္လို႔ ေဒသခံေတြရဲ႕ေျပာစကားအရ သိရပါတယ္။

” အရင္ႏွစ္ေတြထက္ ဒီႏွစ္မွာ လာေရာက္ေလ့လာသူေတြ ေတာ္ေတာ္မ်ားတယ္။ တစ္ရက္ကို လူငါးေထာင္ေလာက္ရွိလာတယ္။ အခါႀကီးရက္ႀကီးေတြဆိုရင္ မကဘူး ၊ လူေသာင္းဂဏန္းရွိတယ္။ စစ္ကိုင္းတိုင္းအစိုးရလဲ ရွိမ္းမကားကို ခရီးသြားေနရာအျဖစ္ သတ္မွတ္လိုက္ေတာ့ ပိုစည္ကားတာေပါ့။ က်ေနာ္တို႔ ေဒသခ‌ံေတြအတ‌ြက္ကေတာ့ အေရာင္းဝယ္ေကာင္းလာတယ္ ” လို႔ ရွိမ္းမကားေက်း႐ြာေနထိုင္သူ ဦး‌ေအးက ေျပာပါတယ္။

ရွိမ္းမကားေက်း႐ြာဟာ ပ်ဴေခတ္ကတည္းက တည္ရွိခဲ့တ‌ဲ့ ေက်း႐ြာတစ္႐ြာအျဖစ္ သမိုင္းပညာရွင္ေတြက သတ္မွတ္ထားၿပီး ကုန္းေဘာင္ေခတ္မွာ ေဖာက္လုပ္ခဲ့တဲ့ စစ္ေရွာင္လမ္းလည္း တည္ရွိေနတဲ့အေၾကာင္းကို “ပ်ဴေခတ္က ခံတပ္ၿမိဳ႕အျဖစ္ တည္ရွိခဲ့တယ္ဆိုတာက သူက ဟံလင္းေနျပည္ေတာ္ရဲ႕ ေရေၾကာင္းခံတပ္အျဖစ္မွတ္ယူရတာျဖစ္တယ္။ ေနာက္တေခတ္ျဖစ္တဲ့ပုဂံေခတ္ရဲ႕ တခ်ိဳ႕ေသာ ဘုရားေတြလဲ အခိုင္မာရွိ‌ေနတယ္။ ေနာက္ၿပီး မင္းတုန္းမင္း အိမ္နိမ့္စံဘဝက ဒီမွာ ခိုလႈံဖူးတယ္။ စစ္ေရွာင္လမ္းက အခိုင္မာပဲ ။ ေနာက္ထပ္ ဒီေဒသမွာ ေလ့လာစရာအသစ္ ရွိ‌ေနလိမ့္အုံးမယ္လို႔ ယူဆပါတယ္” လို႔ သမိုင္းပညာရွင္ ဦးဝင္းေမာင္ခိုင္က ေျပာပါတယ္။

ရွိမ္မကားေဘးမဲ့ေတာဟာ သမိုင္းဝင္ေနရာတစ္ခုအျပင္ ခရီးသြားေနရာတခုအျဖစ္ စစ္ကိုင္းတိုင္းအစိုးရက သတ္မွတ္လိုက္ေပမယ့္လည္း ထိန္းသိမ္းမႈပိုင္းမွာ အစိုးရရဲ႕ပံ့ပိုးမႈေတြ လိုအပ္ေနေသးတယ္လို႔ သိရပါတယ္။

#voiceofmyanmar #ေ႐ႊဘို #ရွိမ္းမကား

 

Unicode

ရှိမ်းမကားဘေးမဲ့တောက ရှေးဟောင်းပစ္စည်းတွေကို ပြတိုက်တစ်ခုထားပြီးပြသဖို့ ဒေသခံတွေလိုလား

ရွှေဘို၊ နိုဝင်ဘာ ၃-၂၀၁၉
ရန်နိုင်စိုး(VOM)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာရှိတဲ့ ရှိမ်းမကားဘေးမဲ့တောမှာ အရင်နှစ်‌တွေထက် လာရောက်လည်ပတ် လေ့လာသူ‌တွေ ပိုများပြားလာတယ်လို့ ရှိမ်းမကားကျေးရွာကနေ သိရပါတယ်။

ရှိမ်းမကားဘေးမဲ့‌တောမှာ ပုဂံခေတ်စပြီး ခေတ်အဆက်ဆက်တည်ထားခဲ့တဲ့ ရှေးဟောင်းစေတီတွေ၊ ရှေးဟောင်းအဆောက်ဦးတွေနဲ့ ဘုန်းကြီး‌ကျောင်းတွေရှိနေပြီး ဧရိယာ ၃၃၄ ဧက ကျယ်ဝန်းတာဖြစ်ပါတယ်။

“ ဒီလို ရှေးဟောင်းပစ္စည်းတွေကို ဒီအတိုင်းထားတာထက် ပြတိုက်တခုသီးသန့်လုပ်ပြီးထားရင် လာပြီးလေ့လာသူတွေအနေနဲ့ ပိုအဆင်ပြေတာပေါ့။ အရင်ခေတ်က မင်းတုန်း ၊ သီပေါမင်းရေးပို့တဲ့ စာချွန်တွေလဲရှိတယ်။ ဒါတွေကို သေသေသပ်သပ်လေးဖြစ်စေချင်တာပါ ” လို့ ရှိမ်းမကားကျေးရွာက ဒေသခံ ဦးမောင်ဝင်းက ပြောပါတယ်။

ရှိမ်းမကား‌ဘေးမဲ့‌တောမှာ ရှေးဟောင်းအမွေအနှစ်တွေအပြင် ရှားပါးနေတဲ့ ရွှေသမင်တွေ ကျင်လည်ကျက်စားနေကြပြီး တခြားတောတိရစ္ဆာန်ဖြစ်တဲ့ သမင်ပျောက် ၊ သမင်ဝက် ၊ ယုန် ၊ ချေ စတာတွေလဲ ကျက်စားနေတယ်လို့ ဒေသခံတွေရဲ့ပြောစကားအရ သိရပါတယ်။

” အရင်နှစ်တွေထက် ဒီနှစ်မှာ လာရောက်လေ့လာသူတွေ တော်တော်များတယ်။ တစ်ရက်ကို လူငါးထောင်လောက်ရှိလာတယ်။ အခါကြီးရက်ကြီးတွေဆိုရင် မကဘူး ၊ လူသောင်းဂဏန်းရှိတယ်။ စစ်ကိုင်းတိုင်းအစိုးရလဲ ရှိမ်းမကားကို ခရီးသွားနေရာအဖြစ် သတ်မှတ်လိုက်တော့ ပိုစည်ကားတာပေါ့။ ကျနော်တို့ ဒေသခ‌ံတွေအတ‌ွက်ကတော့ အရောင်းဝယ်ကောင်းလာတယ် ” လို့ ရှိမ်းမကားကျေးရွာနေထိုင်သူ ဦး‌အေးက ပြောပါတယ်။

ရှိမ်းမကားကျေးရွာဟာ ပျူခေတ်ကတည်းက တည်ရှိခဲ့တ‌ဲ့ ကျေးရွာတစ်ရွာအဖြစ် သမိုင်းပညာရှင်တွေက သတ်မှတ်ထားပြီး ကုန်းဘောင်ခေတ်မှာ ဖောက်လုပ်ခဲ့တဲ့ စစ်ရှောင်လမ်းလည်း တည်ရှိနေတဲ့အကြောင်းကို “ပျူခေတ်က ခံတပ်မြို့အဖြစ် တည်ရှိခဲ့တယ်ဆိုတာက သူက ဟံလင်းနေပြည်တော်ရဲ့ ရေကြောင်းခံတပ်အဖြစ်မှတ်ယူရတာဖြစ်တယ်။ နောက်တခေတ်ဖြစ်တဲ့ပုဂံခေတ်ရဲ့ တချို့သော ဘုရားတွေလဲ အခိုင်မာရှိ‌နေတယ်။ နောက်ပြီး မင်းတုန်းမင်း အိမ်နိမ့်စံဘဝက ဒီမှာ ခိုလှုံဖူးတယ်။ စစ်ရှောင်လမ်းက အခိုင်မာပဲ ။ နောက်ထပ် ဒီဒေသမှာ လေ့လာစရာအသစ် ရှိ‌နေလိမ့်အုံးမယ်လို့ ယူဆပါတယ်” လို့ သမိုင်းပညာရှင် ဦးဝင်းမောင်ခိုင်က ပြောပါတယ်။

ရှိမ်မကားဘေးမဲ့တောဟာ သမိုင်းဝင်နေရာတစ်ခုအပြင် ခရီးသွားနေရာတခုအဖြစ် စစ်ကိုင်းတိုင်းအစိုးရက သတ်မှတ်လိုက်ပေမယ့်လည်း ထိန်းသိမ်းမှုပိုင်းမှာ အစိုးရရဲ့ပံ့ပိုးမှုတွေ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #ရွှေဘို #ရှိမ်းမကား

Related posts

Leave a Comment

VOM News

FREE
VIEW