ေျမာက္ကိုရီးယားနဲ႔ တင္းမာမႈေတြေရွာင္ရွားေရး အေမရိကန္-ေတာင္ကိုရီးယား ေလတပ္စစ္ေရးေလ့က်င့္မႈ ဆိုင္းငံ့မည္

ဝါရွင္တန္၊ ႏိုဝင္ဘာ-၃-၂၀၁၉
မ်ိဳးဆက္ (VOM)

အေမရိကန္နဲ႔ ေျမာက္ကိုရီးယားအၾကား န်ဴကလီးယားေဆြးေႏြးပြဲေတြ ရပ္တန႔္ေနခ်ိန္မွာပဲ ေျမာက္ကိုရီးယားနဲ႔ တင္းမာမႈေတြကိုေရွာင္ရွားဖို႔အတြက္ အေမရိကန္-ေတာင္ကိုရီးယား ပူးတြဲေလတပ္စစ္ေရးေလ့က်င့္ခန္းကို ႏွစ္ႏွစ္ဆက္တိုက္ဆိုင္းငံ့လိုက္ျပန္တယ္လို႔ အမည္မေဖာ္လိုတဲ့ တာဝန္ရွိသူတစ္ဦးကို ကိုးကားၿပီး ယြန္ဟတ္သတင္းဌာနက ေဖာ္ျပပါတယ္။

Vigilant Ace လို႔အမည္ရတဲ့ ေလတပ္ပူးတြဲစစ္ေရးေလ့က်င့္ခန္းကို ဒီဇင္ဘာလမွာျပဳလုပ္ဖို႔ စီစဥ္ထားတာျဖစ္ၿပီး အေမရိကန္ရဲ႕ မဟာဗ်ဴဟာေျမာက္ ဗုံးႀကဲေလယာဥ္ေတြအပါအဝင္ စစ္ေလယာဥ္ရာေပါင္းမ်ားစြာ ပါဝင္မွာျဖစ္ပါတယ္။

ဒီလို ပူးတြဲစစ္ေရးေလ့က်င့္ခန္းဆိုင္းငံ့မယ့္ ေနာက္ဆံုံးဆုံးျဖတ္ခ်က္ကို ႏိုဝင္ဘာလအလယ္မွာ အေမရိကန္နဲ႔ ေတာင္ကိုရီးယား တာဝန္ရွိသူေတြ ေတြ႕ဆုံခ်ိန္မွာ ဆုံးျဖတ္ၾကလိမ့္မည္လို႔ ယြန္ဟတ္သတင္းဌာနက ေဖာ္ျပပါတယ္။

ဒါေပမယ့္ ဒီလိုပူးတြဲစစ္ေရးေလ့က်င့္မႈအစား ႏွစ္ႏိုင္ငံအေနနဲ႔ သူတို႔ရဲ႕ သက္ဆိုင္ရာ စစ္ေရးေလ့က်င့္မႈေတြကို လြတ္လပ္စြာလုပ္ေဆာင္ၾကလိမ့္မယ္လို႔ ဆိုပါတယ္။

ေျမာက္ကိုရီးယားရဲ႕ န်ဴကလီးယားစြန႔္လႊတ္ေရးအတြက္ သံတမန္ေရးရာအားထုတ္မႈေတြကို စစ္ဘက္အေနနဲ႔ ဆက္လက္ေထာက္ခံသင့္တယ္လို႔ ေတာင္ကိုရီးယားအစိုးရအဖြဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ေျမာက္ကိုရီးယားနဲ႔ အေမရိကန္တာဝန္ရွိသူေတြဟာ ရွစ္လအတြင္း ပထမဆုံးအႀကိမ္ တိုက္႐ိုက္ညႇိႏႈိင္းေဆြးေႏြးဖို႔အတြက္ စေတာ့ဟုမ္းမွာ ေအာက္တိုဘာလအတြင္းက ေတြ႕ဆုံခဲ့ၾကၿပီး ညႇိႏႈိင္းမႈ သေဘာထားကြဲလြဲမႈေတြေၾကာင့္ ေဆြးေႏြးပြဲ ပ်က္ျပားခဲ့ရပါတယ္။

Ref : Straitstimes
Photo : South Korean Defence Ministry
#voiceofmyanmar #ဝါရွင္တန္ #ေလတပ္စစ္ေရး

Unicode

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေရှောင်ရှားရေး အမေရိကန်-တောင်ကိုရီးယား လေတပ်စစ်ရေးလေ့ကျင့်မှု ဆိုင်းငံ့မည်

ဝါရှင်တန်၊ နိုဝင်ဘာ-၃-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား နျူကလီးယားဆွေးနွေးပွဲတွေ ရပ်တန့်နေချိန်မှာပဲ မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေကိုရှောင်ရှားဖို့အတွက် အမေရိကန်-တောင်ကိုရီးယား ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်ခန်းကို နှစ်နှစ်ဆက်တိုက်ဆိုင်းငံ့လိုက်ပြန်တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ဖော်ပြပါတယ်။

Vigilant Ace လို့အမည်ရတဲ့ လေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ဒီဇင်ဘာလမှာပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပြီး အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေအပါအဝင် စစ်လေယာဉ်ရာပေါင်းများစွာ ပါဝင်မှာဖြစ်ပါတယ်။

ဒီလို ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဆိုင်းငံ့မယ့် နောက်ဆံုံးဆုံးဖြတ်ချက်ကို နိုဝင်ဘာလအလယ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေ တွေ့ဆုံချိန်မှာ ဆုံးဖြတ်ကြလိမ့်မည်လို့ ယွန်ဟတ်သတင်းဌာနက ဖော်ပြပါတယ်။

ဒါပေမယ့် ဒီလိုပူးတွဲစစ်ရေးလေ့ကျင့်မှုအစား နှစ်နိုင်ငံအနေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေကို လွတ်လပ်စွာလုပ်ဆောင်ကြလိမ့်မယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားစွန့်လွှတ်ရေးအတွက် သံတမန်ရေးရာအားထုတ်မှုတွေကို စစ်ဘက်အနေနဲ့ ဆက်လက်ထောက်ခံသင့်တယ်လို့ တောင်ကိုရီးယားအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်တာဝန်ရှိသူတွေဟာ ရှစ်လအတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်ညှိနှိုင်းဆွေးနွေးဖို့အတွက် စတော့ဟုမ်းမှာ အောက်တိုဘာလအတွင်းက တွေ့ဆုံခဲ့ကြပြီး ညှိနှိုင်းမှု သဘောထားကွဲလွဲမှုတွေကြောင့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရပါတယ်။

Ref : Straitstimes
Photo : South Korean Defence Ministry
#voiceofmyanmar #ဝါရှင်တန် #လေတပ်စစ်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW