လူဦးရေသန်း ၈၀ ကျော်မှာ ဆင်းရဲသား ၁၇ ဦးသာရှိတဲ့ပြည်နယ်တစ်ခု တရုတ်နိုင်ငံမှာထွက်ပေါ်

ပေကျင်း၊ ဇန်နဝါရီ-၁၀-၂၀၂၀
မျိုးဆက်(VOM)

တရုတ်နိုင်ငံရှိ လူဦးရေ သန်း ၈၀ ကျော်နေထိုင်တဲ့ ဂျင်ဆုပြည်နယ်မှာ လူ ၁၇ ဦးသာ ဆင်းရဲမွဲတေမှု ခံစားနေရတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး စီမံချက်တစ်ခုအောင်မြင်ပြီးနောက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၈၆၃ အောက်ဝင်ငွေရှိသူဟာ လက်ချိုးရေလို့ရတယ်လို့ ဂျင်ဆုပြည်နယ်က ထုတ်ပြန်ထားပါတယ်။

ဒီကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ အွန်လိုင်းအသုံးပြုသူတွေကြားမှာ မေးခွန်းထုတ်တာတွေရှိနေပြီး ပြည်နယ်အတွင်းမှာ အလုပ်လက်မဲ့တွေနဲ့ သူတောင်းစားတွေ မရှိဘူးလားလို့ အွန်လိုင်းအသုံးပြုသူတစ်ဦးက ထောက်ပြပြောဆိုပါတယ်။

ဆင်းရဲမွဲတေမှုပပျောက်ရေးဟာ တရုတ်အစိုးရရဲ့ အဓိကရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်းရှိ ဂျင်ဆုပြည်နယ်ဟာ တရုတ်နိုင်ငံရှိ အချမ်းသာဆုံးပြည်နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်နှစ်ကုန်ပိုင်း နောက်ဆုံးအချက်အလက်တွေအရ ပြီးခဲ့တဲ့လေးနှစ်အတွင်း ပြည်နယ်သတ်မှတ်ချက်တွေ အရ လူဦးရေ ၂ ဒသမ ၅၄ သန်းဟာ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြည်နယ်အတွင်းရှိနေတဲ့ ဆင်းရဲမွဲတေသူ ၁၇ ဦးမှာ လေးဦးဟာ ကျန်းမာရေးမကောင်းပေမယ့်လည်း အလုပ်လုပ်နိုင်စွမ်းရှိကြသေးတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြည်တွင်းသတင်းဌာနတွေကို ပြောကြားပါတယ်။

Ref : BBC Photo:Getty Images
#VOM #voiceofmyanmar #ပေကျင်း #ဆင်းရဲသား(၁၇)ဦးသာရှိ #ပြည်နယ်ထွက်ပေါ်

Zawgyi

လူဦးေရသန္း ၈၀ ေက်ာ္မွာ ဆင္းရဲသား ၁၇ ဦးသာရိွတဲ႔ျပည္နယ္တစ္ခု တရုတ္နုိင္ငံမွာထြက္ေပၚ

ေပက်င္း၊ ဇန္န၀ါရီ-၁၀-၂၀၂၀
မ်ိဳးဆက္(VOM)

တရုတ္နိုင္ငံရိွ လူဦးေရ သန္း ၈၀ ေက်ာ္ေနထိုင္တဲ႔ ဂ်င္ဆုျပည္နယ္မွာ လူ ၁၇ ဦးသာ ဆင္းရဲမြဲေတမႈ ခံစားေနရတယ္လို႔ ျပည္နယ္တာ၀န္ရိွသူေတြက ေျပာပါတယ္။

ဆင္းရဲမြဲေတမႈတိုက္ဖ်က္ေရး စီမံခ်က္တစ္ခုေအာင္ျမင္ျပီးေနာက္ တစ္နွစ္ကို အေမရိကန္ေဒၚလာ ၈၆၃ ေအာက္၀င္ေငြရိွသူဟာ လက္ခ်ိဳးေရလို႔ရတယ္လို႔ ဂ်င္ဆုျပည္နယ္က ထုတ္ျပန္ထားပါတယ္။

ဒီကိန္းဂဏန္းေတြနဲ႔ ပတ္သက္ျပီး တရုတ္နုိင္ငံ အြန္လိုင္းအသံုးျပဳသူေတြၾကားမွာ ေမးခြန္းထုတ္တာေတြရိွေနျပီး ျပည္နယ္အတြင္းမွာ အလုပ္လက္မဲ့ေတြနဲ႔ သူေတာင္းစားေတြ မရိွဘူးလားလို႔ အြန္လိုင္းအသံုးျပဳသူတစ္ဦးက ေထာက္ျပေျပာဆိုပါတယ္။

ဆင္းရဲမြဲေတမႈပေပ်ာက္ေရးဟာ တရုတ္အစိုးရရဲ႕ အဓိကရည္မွန္းခ်က္တစ္ခုျဖစ္ပါတယ္။ နိုင္ငံေတာင္ပိုင္းရိွ ဂ်င္ဆုျပည္နယ္ဟာ တရုတ္နုိင္ငံရိွ အခ်မ္းသာဆံုးျပည္နယ္ေတြထဲက တစ္ခုျဖစ္ပါတယ္။

၂၀၁၉ ခုနွစ္နွစ္ကုန္ပိုင္း ေနာက္ဆံုးအခ်က္အလက္ေတြအရ ျပီးခဲ႔တဲ႔ေလးနွစ္အတြင္း ျပည္နယ္သတ္မွတ္ခ်က္ေတြ အရ လူဦးေရ ၂ ဒသမ ၅၄ သန္းဟာ ဆင္းရဲမြဲေတမႈကေန လြတ္ေျမာက္ခဲ႔တယ္လို႔ ေဖာ္ျပထားပါတယ္။

ျပည္နယ္အတြင္းရိွေနတဲ႔ ဆင္းရဲမြဲေတသူ ၁၇ ဦးမွာ ေလးဦးဟာ က်န္းမာေရးမေကာင္းေပမယ္႔လည္း အလုပ္လုပ္နိုင္စြမ္းရိွၾကေသးတယ္လို႔ ျပည္နယ္တာ၀န္ရိွသူေတြက ျပည္တြင္းသတင္းဌာနေတြကို ေျပာၾကားပါတယ္။

Ref : BBC Photo:Getty Images
#VOM #voiceofmyanmar #ေပက်င္း #ဆင္းရဲသား(၁၇)ဦးသာရိွ #ျပည္နယ္ထြက္ေပၚ

Related posts

Leave a Comment

VOM News

FREE
VIEW