ဦးကိုနီကိုသတ်တဲ့အမှု နေပြည်တော်တရားလွှတ်တော်ချုပ်က ပလပ်လိုက်တဲ့အတွက် အောက်ရုံးကချထားတဲ့ပြစ်ဒဏ်အတိုင်းမို့ အထူးအယူခံဆက်တက်မည်

နေပြည်တော် ဇန်နဝါရီ ၁၀-၂၀၂၀
ကိုထွန်း (VOM)

တရားလွှတ်တော်ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ကို သတ်တဲ့အမှု စီရင်ချက်ကို နေပြည်တော်တရားလွှတ်တော်မှာ ပြင်ဆင်မိန်. တက်ထားတဲ့အမှုကို ဒီကနေ့ ဆုံးဖြတ်တာမှာ အောက်ရုံးဆုံးဖြတ်ချက်အတိုင်းအတည်လို့ ဆုံးဖြတ်လိုက်တဲ့အတွက် အထူးအယူခံ ဆက်တက်မယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။

ဦးကိုနီနဲ့ ဦးနေဝင်းဟာ ၂၉/၁/၂၀၁၇ တနင်္ဂနွေနေ့ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်သမား ကြည်လင်းရဲ့ လက်ချက်နဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး သေနတ်သမား ကြည်လင်းနဲ့ ပူးပေါင်း ကြံစည်သူ အောင်ဝင်းဇော်တို့ နှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ် သတ်ရန် ၂၀၁၉ ဖေဖေါ်ဝါရီ ၁၅ ရက်က ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့ တခြားတရားခံ ဇေယျာဖြိုး ကိုတော့ ၅နှစ် ၊ အောင်ဝင်းထွန်း ကို ၃နှစ်ချမှတ်တာဟာ လုပ်ရပ်ထက် ပြစ်ဒဏ်ဟာ နည်းနေတဲ့အတွက် ခုလိုနေပြည်တော်တရားလွှတ်တော်ကိုထပ်မံလျှောက်ထားခဲ့တာမို့ ပြန်လည်စစ်ဆေးပြီး ဒီကနေ့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဦးကိုနီ #ဦးနေဝင်း #ကြည်လင်း

Zawgyi

ဦးကိုနီကိုသတ္တဲ့အမႈ ေနျပည္ေတာ္တရားလႊတ္ေတာ္ခ်ဳပ္က ပလပ္လိုက္တဲ့အတြက္ ေအာက္႐ုံးကခ်ထားတဲ့ျပစ္ဒဏ္အတိုင္းမို႔ အထူးအယူခံဆက္တက္မည္

ေနျပည္ေတာ္ ဇန္နဝါရီ ၁၀-၂၀၂၀
ကိုထြန္း (VOM)

တရားလႊတ္ေတာ္ေရွ႕ေနဦးကိုနီနဲ႔ အငွားယာဥ္ေမာင္း ဦးေနဝင္းတို႔ကို သတ္တဲ့အမႈ စီရင္ခ်က္ကို ေနျပည္ေတာ္တရားလႊတ္ေတာ္မွာ ျပင္ဆင္မိန္. တက္ထားတဲ့အမႈကို ဒီကေန႔ ဆုံးျဖတ္တာမွာ ေအာက္႐ုံးဆုံးျဖတ္ခ်က္အတိုင္းအတည္လို႔ ဆုံးျဖတ္လိုက္တဲ့အတြက္ အထူးအယူခံ ဆက္တက္မယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ကေျပာပါတယ္။

ဦးကိုနီနဲ႔ ဦးေနဝင္းဟာ ၂၉/၁/၂၀၁၇ တနဂၤေႏြေန႔ညေန ၅ နာရီခန႔္က ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေသနတ္သမား ၾကည္လင္းရဲ႕ လက္ခ်က္နဲ႔ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။

ဒီအမႈနဲ႔ ပတ္သက္ၿပီး ေသနတ္သမား ၾကည္လင္းနဲ႔ ပူးေပါင္း ႀကံစည္သူ ေအာင္ဝင္းေဇာ္တို႔ ႏွစ္ဦးကို မေသမခ်င္း ႀကိဳးကြင္းစြပ္ သတ္ရန္ ၂၀၁၉ ေဖေဖၚဝါရီ ၁၅ ရက္က ရန္ကုန္ ေျမာက္ပိုင္းခ႐ိုင္တရား႐ုံးက အမိန႔္ခ်မွတ္ခဲ့ပါတယ္။

ဒီအမႈမွာ ပါဝင္ပတ္သက္တဲ့ တျခားတရားခံ ေဇယ်ာၿဖိဳး ကိုေတာ့ ၅ႏွစ္ ၊ ေအာင္ဝင္းထြန္း ကို ၃ႏွစ္ခ်မွတ္တာဟာ လုပ္ရပ္ထက္ ျပစ္ဒဏ္ဟာ နည္းေနတဲ့အတြက္ ခုလိုေနျပည္ေတာ္တရားလႊတ္ေတာ္ကိုထပ္မံေလွ်ာက္ထားခဲ့တာမို႔ ျပန္လည္စစ္ေဆးၿပီး ဒီကေန႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ဦးကိုနီ #ဦးေနဝင္း #ၾကည္လင္း

Related posts

Leave a Comment

VOM News

FREE
VIEW