၂လအတွင်း Business Plan မတင်ပြနိုင်တဲ့ စက်မှုဇုန်ထဲက မြေကွက်လွတ်တွေကို ဂရံပယ်ဖျက် မြေပါမစ်ပယ်ဖျက်မယ်

၂လအတွင်း Business Plan မတင်ပြနိုင်တဲ့ စက်မှုဇုန်ထဲက မြေကွက်လွတ်တွေကို ဂရံပယ်ဖျက် မြေပါမစ်ပယ်ဖျက်မယ်

ရန်ကုန် ဇန်နဝါရီ ၁၀ -၂၀၂၀
သိဂီ ၤ(VOM)

မြေကွက်ဝယ်ထားပြီး လုပ်ငန်းလုပ်ကိုင်မှုမရှိတဲ့ ရန်ကုန်တိုင်းအတွင်း စက်မှုဇုံတွေထဲက မြေကွက်လွတ်တွေကို ဂရံပယ်ဖျက် မြေပါမစ်ပယ်ဖျက်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီစဉ်နေပါတယ်။

ဒါကြောင့် စက်မှုဇုန်တွေထဲက မြေကွက်လွတ်တွေမှာ ဘယ်လို Business Plan တွေလုပ်ဆောင်မယ်ဆိုတာကို အချိန် ၂ လအတွင်း ဝန်ကြီးချုပ်ဆီ ဇုန်အလိုက်တာ ဝန်ရှိသူတွေက တင်ပြရမှာဖြစ်ပါတယ်။အကယ်လို့ သတ်မှတ်ကာလအတွင်း မတင်ပြနိုင်ခဲ့ရင် တော့ မြေဂရံပယ်ဖျက်သွားမှာဖြစ်ပါတယ်။

” ၂ လအတွင်း စက်မှုဇုန်မြေကွက်လွတ်တွေအကုန်လုံး အဲ့ဒီနေရာမှာ ဘာလုပ်မယ်ဆိုတာ business plan တင်ပြရမယ်။ မတင်ရင် ၂ လကျော်တာနဲ့ အဲ့ဒီlist ပေးရမယ်။ ဝန်ကြီးချုပ်ကို ပြန်တင်ပြရမယ်။ စက်မှုဇုန်တွေထဲ မြေဝယ်ထားပြီးအသုံးမချသူတွေ ကိုပြောတာဖြစ်တယ်။ ဝန်ကြီးချုပ်က အဲ့ဒီလို ပြောထားတယ်” လို့ ရွာသာကြီး အကြီးစားစက်မှုဇုန် ရဲ့အတွင်းရေးမှူး ကိုရဲထွဋ်တင်က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ စက်မှုဇုန်ပေါင်း ၂၉ ခုရှိပြီး ဇုန်တစ်ခုချင်းစီအလိုက်မှာ မြေကွက်ဝယ်ထားပြီး လုပ်ငန်းလုပ်ကိုင်မှုမရှိတဲ့ မြေကွက်လွတ်ရာခိုင်နှုန်းက အောက်ထစ် ၃၀ ရာခိုင်နှုန်း လောက်ရှိနေပါတယ်။ မြေကွက်လွတ်မရှိတဲ့စက်မှုဇုန် မရှိသလောက်နည်းတယ်လို့သိရပါတယ်။

ခုလိုစက်မှုဇုန်တွေအဆင့်မြှင့်တင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့် စက်မှုဇုန်တွေအလိုက် လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်မှာဖြစ်သလို တရားဝင်စာထုတ် အသိပေးအကြောင်းကြားသွားမယ်လို့သိရပါတယ်။

#voiceofmyanmar #စက်မှုဇုံ #ရန်ကုန်တိုင်း #VOM

Zawgyi

၂လအတြင္း Business Plan မတင္ျပႏိုင္တဲ့ စက္မႈဇုန္ထဲက ေျမကြက္လြတ္ေတြကို ဂရံပယ္ဖ်က္ ေျမပါမစ္ပယ္ဖ်က္မယ္

ရန္ကုန္ ဇန္နဝါရီ ၁၀ -၂၀၂၀
သိဂီ ၤ(VOM)

ေျမကြက္ဝယ္ထားၿပီး လုပ္ငန္းလုပ္ကိုင္မႈမရွိတဲ့ ရန္ကုုန္တိုုင္းအတြင္း စက္မွဳဇံုုေတြထဲက ေျမကြက္လြတ္ေတြကို ဂရံပယ္ဖ်က္ ေျမပါမစ္ပယ္ဖ်က္ဖို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕က စီစဥ္ေနပါတယ္။

ဒါေၾကာင့္ စက္မႈဇုန္ေတြထဲက ေျမကြက္လြတ္ေတြမွာ ဘယ္လို Business Plan ေတြလုပ္ေဆာင္မယ္ဆိုတာကို အခ်ိန္ ၂ လအတြင္း ဝန္ႀကီးခ်ဳပ္ဆီ ဇုန္အလိုက္တာ ဝန္ရွိသူေတြက တင္ျပရမွာျဖစ္ပါတယ္။အကယ္လို႔ သတ္မွတ္ကာလအတြင္း မတင္ျပႏိုင္ခဲ့ရင္ ေတာ့ ေျမဂရံပယ္ဖ်က္သြားမွာျဖစ္ပါတယ္။

” ၂ လအတြင္း စက္မႈဇုန္ေျမကြက္လြတ္ေတြအကုန္လုံး အဲ့ဒီေနရာမွာ ဘာလုပ္မယ္ဆိုတာ business plan တင္ျပရမယ္။ မတင္ရင္ ၂ လေက်ာ္တာနဲ႔ အဲ့ဒီlist ေပးရမယ္။ ဝန္ႀကီးခ်ဳပ္ကို ျပန္တင္ျပရမယ္။ စက္မႈဇုန္ေတြထဲ ေျမဝယ္ထားၿပီးအသုံးမခ်သူေတြ ကိုေျပာတာျဖစ္တယ္။ ဝန္ႀကီးခ်ဳပ္က အဲ့ဒီလို ေျပာထားတယ္” လို႔ ႐ြာသာႀကီး အႀကီးစားစက္မႈဇုန္ ရဲ႕အတြင္းေရးမႉး ကိုရဲထြဋ္တင္က ေျပာပါတယ္။

ရန္ကုန္တိုင္းအတြင္းမွာ စက္မႈဇုန္ေပါင္း ၂၉ ခုရွိၿပီး ဇုန္တစ္ခုခ်င္းစီအလိုက္မွာ ေျမကြက္ဝယ္ထားၿပီး လုပ္ငန္းလုပ္ကိုင္မႈမရွိတဲ့ ေျမကြက္လြတ္ရာခိုင္ႏႈန္းက ေအာက္ထစ္ ၃၀ ရာခိုင္ႏႈန္း ေလာက္ရွိေနပါတယ္။ ေျမကြက္လြတ္မရွိတဲ့စက္မႈဇုန္ မရွိသေလာက္နည္းတယ္လို႔သိရပါတယ္။

ခုလိုစက္မႈဇုန္ေတြအဆင့္ျမႇင့္တင္တဲ့ကိစၥနဲ႔ပတ္သက္ၿပီးဝန္ႀကီးခ်ဳပ္နဲ႔ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္။ဒါေၾကာင့္ စက္မႈဇုန္ေတြအလိုက္ လုပ္ငန္းရွင္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြျပဳလုပ္မွာျဖစ္သလို တရားဝင္စာထုတ္ အသိေပးအေၾကာင္းၾကားသြားမယ္လို႔သိရပါတယ္။

#voiceofmyanmar #စက္မႈဇုံ #ရန္ကုန္တိုင္း #VOM

Related posts

✕
VOM News

FREE
VIEW