၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပထမ ၄ လအတွင်း ကျင်းပနိုင်ဖို့ဆုံးဖြတ်

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပထမ ၄ လအတွင်း ကျင်းပနိုင်ဖို့ဆုံးဖြတ်

နေပြည်တော်၊ ဇန်နဝါရီ ၁၀-၂၀၂၀
ကိုထွန်း(VOM)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမယ့် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းရဲ့ ပထမ ၄ လတာကာလအတွင်းမှာကျင်းပနိုင်ဖို့ ခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့တယ်လို့
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထေင်စုငြိမ်းချမ်းရေး ဗဟိုဌာန နေပြည်တော်မှာ ဇန်နဝါရီလ ၈ ရက်နေ့က ပြုလုပ်တဲ့ (၈) ကြိမ်မြောက် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အပြီး
သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ပြောပါတယ်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ဒီ၂၀၂၀ ပြည့်နှစ် နှစ် ဆန်းပိုင်းရဲ့ ပထမ ၄လတာကာလအတွင်း မှာကျင်းပနိုင်ဖို့ ဆိုပြီးတော့ ခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

အထက်ပါ အစည်းအဝေးမှာ သဘောတူညီချက် ၈ ချက် ရရှိခဲ့ပြီး သဘောတူညီချက်တွေကတော့ NCA အခန်း ၃၊ ၄၊ ၆ တွေနဲ့ ပတ်သက်လို့ဆောင်ရွက်သွားမယ့် နည်းလမ်းတွေအပေါ် သဘောတူညီချက်ရရှိခြင်း၊ NCA အကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီးတော့ ၂ ဦး နှစ်ဖက်ကြားမှာ မူဘောင်သဘောတူညီချက်တွေ ရရှိခြင်း၊ ၂၀၂၀အလွန် ဆက်ဆောင်ရွက်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်တွေကို အဆင့်လိုက် အကောင် အထည်ဖော်မှုတွေ ဆက်လက်ဆောင်ရွက်ရန် သဘောတူညီချက်ရရှိခြင်းတွေပါဝင်ပါတယ်။

နောက်တစ်ခုကတော့ ပြည်ထောင်စုသဘောတူညီချက်စာချုပ်အစိတ်အပိုင်း၃ မှာချုပ်ဆိုမယ့် စာချုပ်ရဲ့ ပုံစံကိုလည်း သဘောတူညီနိုင်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ NCA ဝေါဟာရ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ နဲ့ပတ်သက်လိုလည်း အလုပ်အဖွဲ့ ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ ခေါင်ဆောင်တွေက ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ peace concept မှာ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေပါဝင်ဖို့ NCAအခြေခံ နဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ဆိုတဲ့အချက်ကိုလည်း သဘော တူညီမှု ရရှိခဲ့ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ UPDJC နဲ့ JMC အစည်းအဝေးတွေကို ဒီ၈ကြိမ်မြောက် JICM အစည်းအဝေးအပြီး ၂လအတွင်းမှာခေါ်ယူကျင်းပဖို့ဆိုတဲ့ သဘောတူညီချက်တွေရပါတယ်”လို့ ဆိုပါ တယ်။

#voiceofmyanmar #VOM #ဦးဇော်ဋ္ဌေး #UPDJC #JMC #NCA

Zawgyi

၂၁ ရာစုပင္လုံ စတုတၳအစည္းအေဝးကို ၂၀၂၀ ပထမ ၄ လအတြင္း က်င္းပႏိုင္ဖို႔ဆုံးျဖတ္

ေနျပည္ေတာ္၊ ဇန္နဝါရီ ၁၀-၂၀၂၀
ကိုုထြန္း(VOM)

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လုံ စတုတၳအစည္းအေဝးကို လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ႏွစ္ဆန္းပိုင္းရဲ႕ ပထမ ၄ လတာကာလအတြင္းမွာက်င္းပႏိုင္ဖို႔ ေခါင္းေဆာင္ေတြ ဆုံးျဖတ္ခဲ့တယ္လို႔
အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ျပည္ေထင္စုၿငိမ္းခ်မ္းေရး ဗဟိုဌာန ေနျပည္ေတာ္မွာ ဇန္နဝါရီလ ၈ ရက္ေန႔က ျပဳလုပ္တဲ့ (၈) ႀကိမ္ေျမာက္ တစ္ႏိုင္ငံလုံးအပစ္အခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး (JICM) အၿပီး
သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံး ေျပာခြင့္ရ ဦးေဇာ္ေဌးက သတင္းမီဒီယာေတြကို ေျပာပါတယ္။

“ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစု ပင္လုံ စတုတၳအစည္းအေဝးကို ဒီ၂၀၂၀ ျပည့္ႏွစ္ ႏွစ္ ဆန္းပိုင္းရဲ႕ ပထမ ၄လတာကာလအတြင္း မွာက်င္းပႏိုင္ဖို႔ ဆိုၿပီးေတာ့ ေခါင္းေဆာင္ေတြ ဆုံးျဖတ္ခဲ့ပါတယ္”လို႔ ေျပာပါတယ္။

အထက္ပါ အစည္းအေဝးမွာ သေဘာတူညီခ်က္ ၈ ခ်က္ ရရွိခဲ့ၿပီး သေဘာတူညီခ်က္ေတြကေတာ့ NCA အခန္း ၃၊ ၄၊ ၆ ေတြနဲ႔ ပတ္သက္လို႔ေဆာင္႐ြက္သြားမယ့္ နည္းလမ္းေတြအေပၚ သေဘာတူညီခ်က္ရရွိျခင္း၊ NCA အေကာင္အထည္ေဖာ္တာနဲ႔ ပတ္သက္ၿပီးေတာ့ ၂ ဦး ႏွစ္ဖက္ၾကားမွာ မူေဘာင္သေဘာတူညီခ်က္ေတြ ရရွိျခင္း၊ ၂၀၂၀အလြန္ ဆက္ေဆာင္႐ြက္ရမယ့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အဆင့္ေတြကို အဆင့္လိုက္ အေကာင္ အထည္ေဖာ္မႈေတြ ဆက္လက္ေဆာင္႐ြက္ရန္ သေဘာတူညီခ်က္ရရွိျခင္းေတြပါဝင္ပါတယ္။

ေနာက္တစ္ခုကေတာ့ ျပည္ေထာင္စုသေဘာတူညီခ်က္စာခ်ဳပ္အစိတ္အပိုင္း၃ မွာခ်ဳပ္ဆိုမယ့္ စာခ်ဳပ္ရဲ႕ ပုံစံကိုလည္း သေဘာတူညီႏိုင္ခဲ့ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ NCA ေဝါဟာရ အဓိပၸာယ္ ဖြင့္ဆိုခ်က္ေတြ နဲ႔ပတ္သက္လိုလည္း အလုပ္အဖြဲ႕ ဖြဲ႕စည္းၿပီးေဆာင္႐ြက္ဖို႔ ေခါင္ေဆာင္ေတြက ခ်မွတ္ေဆာင္႐ြက္ခဲ့ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ peace concept မွာ NCA လက္မွတ္မေရးထိုးရေသးတဲ့ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕အစည္းေတြပါဝင္ဖို႔ NCAအေျခခံ နဲ႔ ဆက္လက္ေဆာင္႐ြက္သြားဖို႔ဆိုတဲ့အခ်က္ကိုလည္း သေဘာ တူညီမႈ ရရွိခဲ့ပါတယ္။ ေနာက္ဆုံးတစ္ခ်က္ကေတာ့ UPDJC နဲ႔ JMC အစည္းအေဝးေတြကို ဒီ၈ႀကိမ္ေျမာက္ JICM အစည္းအေဝးအၿပီး ၂လအတြင္းမွာေခၚယူက်င္းပဖို႔ဆိုတဲ့ သေဘာတူညီခ်က္ေတြရပါတယ္”လို႔ ဆိုပါ တယ္။

#voiceofmyanmar #VOM #ဦးေဇာ္ေ႒း #UPDJC #JMC #NCA

Related posts

Leave a Comment

VOM News

FREE
VIEW