တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ဖို့ ဝူဟန်မြို့ဝင်ထွက်ခွင့်ကို ပိတ်ပင်

ပေကျင်း၊ ဇန်နဝါရီ-၂၃-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် ရောဂါစတင်ဖြစ်ပွားရာ လူဦးရေ ၁၁ သန်းနေထိုင်တဲ့ ဝူဟန်မြို့ရဲ့သယ်ယူပို့ဆောင်ရေးစနစ်တွေကို ယာယီပိတ်သိမ်းလိုက်ပြီး မြို့ဝင်ထွက်ခွင့်ကိုလည်း ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်နိုင်ငံသားသန်းပေါင်းများစွာ ခရီးသွားလာကြမယ့် သီတင်းပတ်အတွင်း ဝူဟန်မြို့မှာနေထိုင်သူတွေကို မြို့ပြင်ထွက်သွားလာတာတွေမပြုဖို့ကိုလည်း တာဝန်ရှိသူတွေက အကြံပြုထားပါတယ်။

အဆုတ်ရောင်ရောဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံရှိ အခြားဒေသတွေကိုလည်း ကူးစက်ပျံ့နှံ့နေပြီး အမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံအချို့မှာလည်း ဖြစ်ပွားနေကာ လက်ရှိမှာတော့ ရောဂါကူးစက်ခံရသူ ၅၀၀ ကျော်ရှိနေပြီး လူ ၁၇ ဦးသေဆုံးသွားပြီဖြစ်ပါတယ်။

အဲဒီဗိုင်းရပ်စ်ပိုးဟာ အရင်ကလူသားတွေဆီမှာ မဖော်ထုတ်နိုင်သေးတဲ့ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားအသစ်ဖြစ်ပါတယ်။

၂၀၀၂-၂၀၀၃ ခုနှစ်တွေအတွင်း ကမ္ဘာတစ်ဝန်းမှာ လူ ၈၀၀ နီးပါးသေဆုံးမှုကို ဖြစ်ပေါ်စေခဲ့တဲ့ ဆားစ်ရောဂါဟာလည်း ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။

ဒီအတောအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်ကော်မတီအစည်းအဝေးကို ဂျီနီဗာမှာ တစ်ရက်ကြာကျင်းပပြီးနောက် ဗိုင်းရပ်စ်သစ်နဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာဦးမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #ဝူဟန် #ဝင်ထွက်ခွင့်ပိတ် #ကိုရိုနာဗိုင်းရပ်စ်

Zawgyi

တရုတ္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈထိန္းခ်ဳပ္ဖို႔ ၀ူဟန္ျမိဳ႕၀င္ထြက္ခြင္႔ကို ပိတ္ပင္

ေပက်င္း၊ ဇန္န၀ါရီ-၂၃-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံမွာ ျဖစ္ပြားေနတဲ႔ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔အတြက္ ေရာဂါစတင္ျဖစ္ပြားရာ လူဦးေရ ၁၁ သန္းေနထိုင္တဲ႔ ၀ူဟန္ျမိဳ႕ရဲ႕သယ္ယူပို႔ေဆာင္ေရးစနစ္ေတြကို ယာယီပိတ္သိမ္းလိုက္ျပီး ျမိဳ႕၀င္ထြက္ခြင္႔ကိုလည္း ပိတ္ပင္လိုက္ျပီျဖစ္ပါတယ္။

တရုတ္နွစ္သစ္ကူးကာလမွာ တရုတ္နုိင္ငံသားသန္းေပါင္းမ်ားစြာ ခရီးသြားလာၾကမယ္႔ သီတင္းပတ္အတြင္း ၀ူဟန္ျမိဳ႕မွာေနထိုင္သူေတြကို ျမိဳ႕ျပင္ထြက္သြားလာတာေတြမျပဳဖို႔ကိုလည္း တာ၀န္ရိွသူေတြက အၾကံျပဳထားပါတယ္။

အဆုတ္ေရာင္ေရာျဖစ္ပြားေစတဲ႔ ကိုရိုနာဗိုင္းရပ္စ္ဟာ တရုတ္နို္င္ငံရိွ အျခားေဒသေတြကိုလည္း ကူးစက္ပ်ံ႕နွံ႕ေနျပီး အေမရိကန္နုိင္ငံနဲ႔ အျခားနိုင္ငံအခ်ိဳ႕မွာလည္း ျဖစ္ပြားေနကာ လက္ရိွမွာေတာ႔ ေရာဂါကူးစက္ခံရသူ ၅၀၀ ေက်ာ္ရိွေနျပီး လူ ၁၇ ဦးေသဆံုးသြားျပီျဖစ္ပါတယ္။

အဲဒီဗိုင္းရပ္စ္ပိုးဟာ အရင္ကလူသားေတြဆီမွာ မေဖာ္ထုတ္နုိ္င္ေသးတဲ႔ ကိုရိုနာဗိုင္းရပ္စ္အမ်ိဳးအစားအသစ္ျဖစ္ပါတယ္။

၂၀၀၂-၂၀၀၃ ခုနွစ္ေတြအတြင္း ကမၻာတစ္၀န္းမွာ လူ ၈၀၀ နီးပါးေသဆံုးမႈကို ျဖစ္ေပၚေစခဲ႔တဲ႔ ဆားစ္ေရာဂါဟာလည္း ကိုရိုနာဗိုင္းရပ္စ္အမ်ိဳးအစားတစ္မ်ိဳးျဖစ္ပါတယ္။

ဒီအေတာအတြင္း ကမၻာ႔က်န္းမာေရးအဖြဲ႔ရဲ႕ အေရးေပၚေကာ္မတီအစည္းအေ၀းကို ဂ်ီနီဗာမွာ တစ္ရက္ၾကာက်င္းပျပီးေနာက္ ဗိုင္းရပ္စ္သစ္နဲ႔ပတ္သက္ျပီး ကမၻာလံုးဆိုင္ရာ အေရးေပၚအေျခအေန ေၾကညာဦးမွာမဟုတ္ဘူးလို႔ ထုတ္ျပန္ထားပါတယ္။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #ဝူဟန္ #ဝင္ထြက္ခြင့္ပိတ္ #ကိုရိုနာဗိုင္းရပ္စ္

Related posts

Leave a Comment

VOM News

FREE
VIEW