လူထုဗဟိုပြုစီမံကိန်း တိုးချဲ့ရွေးချယ်ရာ အုတ်ဖိုမြို့နယ်ရရှိ

ပဲခူး၊ ဇန်နဝါရီ ၂၃-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့၊ မြို့တော်ခန်းမမှာ ဒီကနေ့မနက်ပိုင်းက ပဲခူးတိုင်းအတွင်း လူထုဗဟိုပြုစီမံကိန်း တိုးချဲ့ရွေးချယ်၊ အကြံဉာဏ်ရယူတဲ့အခမ်းအနားကျင်းပရာမှာ လူထုဗဟိုပြုစီမံကိန်းတိုးချဲ့မယ့် မြို့အဖြစ် အုတ်ဖိုမြို့နယ်ကနေ ရရှိခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီအစည်းအဝေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ လူထုဗဟိုပြုစီမံကိန်းကို ပဲခူးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်တွေအထဲက မြို့နယ်(၁)မြို့နယ်ကို ထပ်မံရွေးချယ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သတ္တမနှစ်စက်မှာ လုပ်ငန်းအကောင်အထည်ဖော်နိုင်ဖို့အတွက် အကြံဉာဏ်ရယူ ဆွေးနွေးရွေးချယ်ကြရာမှာ အုတ်ဖိုမြို့နယ်က ရ ရှိခဲ့တာဖြစ်ပါတယ်။

‟ကျွန်မတို့ လူထုဗဟိုပြုစီမံကိန်းဟာ ကမ္ဘာ့ဘဏ်ရဲ့အထောက်အပံငွေ၊ နည်းပညာ နိုင်ငံတော်ရဲ့ထောက်ပံ့မှုတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာ ၂၀၁၃ခုနှစ်ကစပြီး ယခုအချိန်ထိ (၆၃)မြို့နယ်ရှိပါပြီ။ ဒီနေ့ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ရံပုံငွေထပ်မံရရှိတဲ့အတွက် (၁၃)မြို့နယ်တိုးချဲ့မှာဖြစ်လို့ နေပြည်တော်အပါအဝင် ကယားစတဲ့ တစ်မြို့နယ်စီ တိုးသွားမှာဖြစ်လို့ မြို့နယ်ရွေးချယ်ဖို့ ကျင်းပတာဖြစ်တယ်”လို့ ပဲခူးတိုင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေးကပြောပါတယ်။

လူထုဗဟိုပြု စီမံကိန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားရာမှာ တက်ရောက်လာကြသူတွေက သိလိုတာတွေ မေးမြန်းကြပြီး အုပ်စုငယ်များခွဲကာ သတ်မှတ်ချက်တွေအတိုင်း စီမံကိန်းမြို့နယ်ကို ရွေးချယ်ပေးကြတာဖြစ်တယ်လို့ သိရပါတယ်။

‟လူထုဗဟိုပြုစီမံကိန်း ပြုလုပ်တဲ့ရလဒ်ကတော့ ကျေးလက်အခြေခံအဆောက်အအုံတွေကိုထောက်ပံ့ပေးတာ၊ ကျေးရွာဒေသအတွင်းမှာ ရှိတဲ့လူတွေရဲ့ စွမ်းဆောင်ရည်တွေကိုမြှင့်တင်ပေးတာ၊ မိမိကိုယ်ကို တာဝန်ယူမှု တာဝန်ခံမှုရှိလာတာ၊ ကော်မတီတွေဖွဲ့စည်းပြီး ကျေးရွာအဆင့် ဘဏ္ဏာရေးသင်တန်းတွေပေးတာ၊ ကျား/မ တန်းတူ လေ့ကျင်သင်ကြားပေးတာတွေပြုလုပ်ပေးခြင်းဖြစ်တယ်”လို့ ဒေါ်မီမီထွေးကပြောပါတယ်။

မြန်မာနိုင်ငံမှာ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကစတင်ပြီး ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေ၊ ချေးငွေ၊ အီတလီအစိုးရမှ အတိုးမဲ့ နှစ်ရှည်ချေးငွေနဲ့ ပြည်ထောင်စုအစိုးရကထည့်ဝင်ငွေတွေနဲ့ လူထုဗဟိုပြုစီမံကိန်းကို တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ပေါင်း(၆၃)မြို့နယ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ပဲခူးတိုင်းအတွင်း မြို့နယ်တွေအထဲကက မိုးညို၊ ကျောက်ကြီး၊ ပန်းတောင်း၊ ရွှေကျင်၊ သဲကုန်းစတဲ့ မြို့နယ်(၅)မြို့နယ်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံအတွင်း မြို့နယ်(၁၃)မြို့နယ်ကို ထပ်မံတိုးချဲ့ ရွေးချယ်ဆောင်ရွက်ဖို့ရွေးချယ်ရာမှာတော့ ပဲခူးတိုင်းက မြို့နယ်(၁)မြို့နယ်ဖြစ်တဲ့ အုတ်ဖိုမြို့နယ်က ရရှိ ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်လျှက်ရှိရာ မြို့နယ်(၅)မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း(၇၅၆)ရွာမှာ လမ်းတံတား၊ ရေပေးဝေရေး၊ မီးလင်းရေး၊ ပညာရေးအဆောက်အဦး၊ ကျန်းမာရေးအဆောက်အဦး၊ ခန်းမ အခြားလုပ်ငန်း စုစုပေါင်းလုပ်ငန်း(၁၉၀၉)ခုကို ရန်ပုံငွေကျပ်သန်းပေါင်း(၂၀၄၀၇)သန်းနဲ့ အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ပြုလုပ်တဲ့အခမ်းအနားကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နဲ့အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စည်ပင်သာယာကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ NGO/INGOအဖွဲ့အစည်းတွေ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #အုတ်ဖို #လူထုဗဟိုပြုစီမံကိန်းရရှိ

Zawgyi

လူထုဗဟိုျပဳစီမံကိန္း တိုးခ်ဲ႕ေ႐ြးခ်ယ္ရာ အုတ္ဖိုၿမိဳ႕နယ္ရရွိ

ပဲခူး၊ ဇန္နဝါရီ ၂၃-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမမွာ ဒီကေန႔မနက္ပိုင္းက ပဲခူးတိုင္းအတြင္း လူထုဗဟိုျပဳစီမံကိန္း တိုးခ်ဲ႕ေ႐ြးခ်ယ္၊ အႀကံဉာဏ္ရယူတဲ့အခမ္းအနားက်င္းပရာမွာ လူထုဗဟိုျပဳစီမံကိန္းတိုးခ်ဲ႕မယ့္ ၿမိဳ႕အျဖစ္ အုတ္ဖိုၿမိဳ႕နယ္ကေန ရရွိခဲ့တယ္လို႔သိရပါတယ္။
အဲ့ဒီအစည္းအေဝးမွာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာနနဲ႔ ကမာၻ႔ဘဏ္တို႔ ပူးေပါင္းေဆာင္႐ြက္တဲ့ လူထုဗဟိုျပဳစီမံကိန္းကို ပဲခူးတိုင္းေဒသႀကီး အတြင္းမွာရွိတဲ့ ၿမိဳ႕နယ္ေတြအထဲက ၿမိဳ႕နယ္(၁)ၿမိဳ႕နယ္ကို ထပ္မံေ႐ြးခ်ယ္ၿပီး ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္ သတၱမႏွစ္စက္မွာ လုပ္ငန္းအေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ အႀကံဉာဏ္ရယူ ေဆြးေႏြးေ႐ြးခ်ယ္ၾကရာမွာ အုတ္ဖိုၿမိဳ႕နယ္က ရ ရွိခဲ့တာျဖစ္ပါတယ္။

‟ကၽြန္မတို႔ လူထုဗဟိုျပဳစီမံကိန္းဟာ ကမာၻ႔ဘဏ္ရဲ႕အေထာက္အပံေငြ၊ နည္းပညာ ႏိုင္ငံေတာ္ရဲ႕ေထာက္ပံ့မႈေတြနဲ႔ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့တာ ၂၀၁၃ခုႏွစ္ကစၿပီး ယခုအခ်ိန္ထိ (၆၃)ၿမိဳ႕နယ္ရွိပါၿပီ။ ဒီေန႔က်င္းပရတဲ့ရည္႐ြယ္ခ်က္ကေတာ့ ရံပုံေငြထပ္မံရရွိတဲ့အတြက္ (၁၃)ၿမိဳ႕နယ္တိုးခ်ဲ႕မွာျဖစ္လို႔ ေနျပည္ေတာ္အပါအဝင္ ကယားစတဲ့ တစ္ၿမိဳ႕နယ္စီ တိုးသြားမွာျဖစ္လို႔ ၿမိဳ႕နယ္ေ႐ြးခ်ယ္ဖို႔ က်င္းပတာျဖစ္တယ္”လုိ႔ ပဲခူးတုိင္း ေက်းလက္ေဒသဖြံၿဖိဳးတိုးတက္ေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒၚမီမီေထြးကေျပာပါတယ္။

လူထုဗဟိုျပဳ စီမံကိန္းနဲ႔ ပတ္သက္ၿပီး ရွင္းလင္းေျပာၾကားရာမွာ တက္ေရာက္လာၾကသူေတြက သိလိုတာေတြ ေမးျမန္းၾကၿပီး အုပ္စုငယ္မ်ားခြဲကာ သတ္မွတ္ခ်က္ေတြအတိုင္း စီမံကိန္းၿမိဳ႕နယ္ကို ေ႐ြးခ်ယ္ေပးၾကတာျဖစ္တယ္လို႔ သိရပါတယ္။

‟လူထုဗဟိုျပဳစီမံကိန္း ျပဳလုပ္တဲ့ရလဒ္ကေတာ့ ေက်းလက္အေျခခံအေဆာက္အအုံေတြကိုေထာက္ပံ့ေပးတာ၊ ေက်း႐ြာေဒသအတြင္းမွာ ရွိတဲ့လူေတြရဲ႕ စြမ္းေဆာင္ရည္ေတြကိုျမႇင့္တင္ေပးတာ၊ မိမိကိုယ္ကို တာဝန္ယူမႈ တာဝန္ခံမႈရွိလာတာ၊ ေကာ္မတီေတြဖြဲ႕စည္းၿပီး ေက်း႐ြာအဆင့္ ဘဏၰာေရးသင္တန္းေတြေပးတာ၊ က်ား/မ တန္းတူ ေလ့က်င္သင္ၾကားေပးတာေတြျပဳလုပ္ေပးျခင္းျဖစ္တယ္”လို႔ ေဒၚမီမီေထြးကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ၂၀၁၃-၂၀၁၄ ဘ႑ာေရးႏွစ္ကစတင္ၿပီး ကမာၻ႔ဘဏ္ေထာက္ပံ့ေငြ၊ ေခ်းေငြ၊ အီတလီအစိုးရမွ အတိုးမဲ့ ႏွစ္ရွည္ေခ်းေငြနဲ႔ ျပည္ေထာင္စုအစိုးရကထည့္ဝင္ေငြေတြနဲ႔ လူထုဗဟိုျပဳစီမံကိန္းကို တိုင္းေဒသႀကီး/ျပည္နယ္မ်ားရွိ ၿမိဳ႕နယ္ေပါင္း(၆၃)ၿမိဳ႕နယ္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လွ်က္ရွိရာ ပဲခူးတိုင္းအတြင္း ၿမိဳ႕နယ္ေတြအထဲကက မိုးညိဳ၊ ေက်ာက္ႀကီး၊ ပန္းေတာင္း၊ ေ႐ႊက်င္၊ သဲကုန္းစတဲ့ ၿမိဳ႕နယ္(၅)ၿမိဳ႕နယ္လည္း ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

၂၀၁၉-၂၀၂၀ ခုႏွစ္ ဘ႑ာေရးႏွစ္မွာ ျမန္မာႏိုင္ငံအတြင္း ၿမိဳ႕နယ္(၁၃)ၿမိဳ႕နယ္ကို ထပ္မံတိုးခ်ဲ႕ ေ႐ြးခ်ယ္ေဆာင္႐ြက္ဖို႔ေရြးခ်ယ္ရာမွာေတာ့ ပဲခူးတိုင္းက ၿမိဳ႕နယ္(၁)ၿမိဳ႕နယ္ျဖစ္တဲ့ အုတ္ဖိုၿမိဳ႕နယ္က ရရွိ ခဲ့တာျဖစ္ပါတယ္။

အဲ့ဒီလုိ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြေဆာင္႐ြက္လွ်က္ရွိရာ ၿမိဳ႕နယ္(၅)ၿမိဳ႕နယ္မွာရွိတဲ့ ေက်း႐ြာေပါင္း(၇၅၆)႐ြာမွာ လမ္းတံတား၊ ေရေပးေဝေရး၊ မီးလင္းေရး၊ ပညာေရးအေဆာက္အဦး၊ က်န္းမာေရးအေဆာက္အဦး၊ ခန္းမ အျခားလုပ္ငန္း စုစုေပါင္းလုပ္ငန္း(၁၉၀၉)ခုကို ရန္ပုံေငြက်ပ္သန္းေပါင္း(၂၀၄၀၇)သန္းနဲ႔ ေအာင္ျမင္စြာ ေဆာင္႐ြက္ေပးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဒီကေန႔ျပဳလုပ္တဲ့အခမ္းအနားကို ပဲခူးတုိင္းဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္း၊ တရားသူႀကီးခ်ဳပ္၊ ဥပေဒခ်ဳပ္၊ စာရင္းစစ္ခ်ဳပ္နဲ႔အစိုးရအဖြဲ႕ဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္ဌာနဆိုင္ရာမ်ား၊ စည္ပင္သာယာေကာ္မတီဝင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ NGO/INGOအဖြဲ႕အစည္းေတြ တက္ေရာက္ခဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #အုတ္ဖို #လူထုဗဟိုျပဳစီမံကိန္းရရိွ

Related posts

Leave a Comment

VOM News

FREE
VIEW