ကျောက်တော်မြို့ထဲ တပ်မတော်စစ်ကြောင်း ရောက်ပြီးနောက် တိတ်ဆိတ်သွား

ကျောက်တော်မြို့ထဲ တပ်မတော်စစ်ကြောင်း ရောက်ပြီးနောက် တိတ်ဆိတ်သွား

ကျောက်တော်၊ ဖေဖော်ဝါရီ ၂၂- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ထဲကို ဖေဖေါ်ဝါရီ၂၁ရက်နေ့ ညနေ ၃ နာရီလောက်က တပ်မတော်စစ်ကြောင်းတစ်ခုဝင်လာပြီး မြို့ထဲမှာစစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်မှုရှိကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

ကျောက်တော်မြို့ပေါ် လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီး တစ်ဦးက” အခု ကျောက်တော်မြို့ထဲမှာ တေဘာကားအဝါနဲ့ စစ်ကားနှစ်စီး ဝင်လာတယ်။ အခုမြို့ထဲမှာ လူကြီးလူငယ် လက်ကိုနောက်ပြန်ကြိုး ချည်ပြီးဖမ်းထားတာ အယောက် ၃၀ လောက်ရှိပြီ။ အစကတော့ ကမ္ဘာ့ရတနာဘဏ်နားမှာဖမ်းတာ။ အခုကမ်းနားလမ်းဖက်ကို ရောက်သွားပြီလို့ ကြားတယ်။ ကမ်းနားလမ်းဖက်က လူတွေကို ဖမ်းတယ်လို့ပြောတယ်။ ဒေသခံတွေကတော့ စိုးရိမ်မှု ရှိတာပေါ့။ အခုက ကြိုးနဲ့ချည်တာ တစ်ခုတည်းပဲ ရှိတယ်။ နောက်တော့ ဘယ်လို လုပ်လာမလဲ မသိသေးဘူး။” လို့ ပြောပါတယ်။

အခုလိုမျိုး မြို့ထဲမှာ စစ်ဆေးတာတွေဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး တစ်မြို့လုံးတိတ်ဆိတ်သွားကာ လမ်းသွားလမ်းလာတွေနဲ့ ဆိုင်တွေအားလုံးပိတ်ထားရကြောင်း သိရပါတယ်။

” အခုက မဟာကန်ကြီးရှင်ဘုရားက ဆွမ်းဂျိုက်သွားပို့တဲ့ ဘုန်းကြီးကျောင်းသား နှစ်ယောက်ကိုဖမ်းထားတယ်လို့ကြားတယ်။ မြို့ထဲမှာ စစ်သားတွေရှိသေးတယ်။ မြို့ထဲမှာဒီလို စစ်တာဆေးတာ၊ ဖမ်းဆီးတာ တစ်ခါမှမရှိဘူး။ ဒါကြောင့် မြို့သူမြို့သားတွေ ကြောက်လန့်နေကြပြီ။” လို့ ကျောက်တော်မြို့ပေါ်က အမည်မဖော် လိုတဲ့ ဒေသခံ အမျိုးသားတစ်ဦးက VOM သို့ပြောကြားပါတယ်။

တပ်မတော်စစ်ကြောင်း မြို့ထဲကိုဝင်လာတာမှန်ပေမယ့် ဘာကြောင့် ဝင်ရောက်လာတယ်ဆိုတာ အတိအကျမသိသေးကြောင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူ း ဗိုလ်မှူ းချုပ်ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ဒီကနေ့ နေ့လည်မှစပြီး ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိခဲ့ ပါဘူး။

ယခုလိုမျိုး ဖြစ်စဉ်မတိုင်မီ ကျောက်တော်မြို့အတွင်း ဒီကနေ့ နေ့ခင်းပိုင်း ၁၂ နာရီလောက်က ကျောက်တော်မြို့ မြို့မအလယ်တန်းကျောင်းအနီး ပစ်ခတ်သံတွေ ကြားခဲ့ရပြီး ခန့်မှန်း အသက် ၄၀ အရွယ်ရှိ လူကြီးတစ်ဦး လမ်းပေါ်မှာ သေဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

#voiceofmyanmar #VOM #ကျောက်တော် #တပ်မတော်စစ်ကြောင်း

Zawgyi

ေက်ာက္ေတာ္ၿမိဳ႕ထဲ တပ္မေတာ္စစ္ေၾကာင္း ေရာက္ၿပီးေနာက္ တိတ္ဆိတ္သြား

ေက်ာက္ေတာ္၊ ေဖေဖာ္ဝါရီ ၂၂- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕ထဲကို ေဖေဖၚဝါရီ၂၁ရက္ေန႔ ညေန ၃ နာရီေလာက္က တပ္မေတာ္စစ္ေၾကာင္းတစ္ခုဝင္လာၿပီး ၿမိဳ႕ထဲမွာစစ္ေဆးဖမ္းဆီးမႈေတြျပဳလုပ္ေနတာေၾကာင္႔ ေဒသခံေတြ စိုးရိမ္မႈ႐ွိေၾကာင္း ေဒသခံျပည္သူေတြက ေျပာပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕ေပၚ လံုျခံဳေရးအရအမည္မေဖာ္လိုတဲ႔ ေဒသခံအမ်ိဳးသမီး တစ္ဦးက” အခု ေက်ာက္ေတာ္ၿမိဳ႕ထဲမွာ ေတဘာကားအဝါနဲ႔ စစ္ကားႏွစ္စီး ဝင္လာတယ္။ အခုၿမိဳ႕ထဲမွာ လူႀကီးလူငယ္ လက္ကိုေနာက္ျပန္ႀကိဳး ခ်ည္ျပီးဖမ္းထားတာ အေယာက္ ၃၀ ေလာက္႐ွိၿပီ။ အစကေတာ့ ကမာၻ႔ရတနာဘဏ္နားမွာဖမ္းတာ။ အခုကမ္းနားလမ္းဖက္ကို ေရာက္သြားၿပီလို႔ ၾကားတယ္။ ကမ္းနားလမ္းဖက္က လူေတြကို ဖမ္းတယ္လို႔ေျပာတယ္။ ေဒသခံေတြကေတာ့ စိုးရိမ္မႈ ႐ွိတာေပါ့။ အခုက ႀကိဳးနဲ႔ခ်ည္တာ တစ္ခုတည္းပဲ ႐ွိတယ္။ ေနာက္ေတာ့ ဘယ္လို လုပ္လာမလဲ မသိေသးဘူး။” လို႔ ေျပာပါတယ္။

အခုလိုမ်ိဳး ၿမိဳ႕ထဲမွာ စစ္ေဆးတာေတြဟာ ပထမဆံုးအႀကိမ္ျဖစ္ၿပီး တစ္ၿမိဳ႕လံုးတိတ္ဆိတ္သြားကာ လမ္းသြားလမ္းလာေတြနဲ႔ ဆိုင္ေတြအားလံုးပိတ္ထားရေၾကာင္း သိရပါတယ္။

” အခုက မဟာကန္ႀကီး႐ွင္ဘုရားက ဆြမ္းဂ်ိဳက္သြားပို႔တဲ႔ ဘုန္းႀကီးေက်ာင္းသား ႏွစ္ေယာက္ကိုဖမ္းထားတယ္လို႔ၾကားတယ္။ ၿမိဳ႕ထဲမွာ စစ္သားေတြ႐ွိေသးတယ္။ ၿမိဳ႕ထဲမွာဒီလို စစ္တာေဆးတာ၊ ဖမ္းဆီးတာ တစ္ခါမွမ႐ွိဘူး။ ဒါေၾကာင့္ ၿမိဳ႕သူၿမိဳ႕သားေတြ ေၾကာက္လန္႔ေနၾကၿပီ။” လို႔ ေက်ာက္ေတာ္ၿမိဳ႕ေပၚက အမည္မေဖာ္ လိုတဲ႔ ေဒသခံ အမ်ိဳးသားတစ္ဦးက VOM သို႔ေျပာၾကားပါတယ္။

တပ္မေတာ္စစ္ေၾကာင္း ၿမိဳ႕ထဲကိုဝင္လာတာမွန္ေပမယ့္ ဘာေၾကာင့္ ဝင္ေရာက္လာတယ္ဆိုတာ အတိအက်မသိေသးေၾကာင္း ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္က ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴ း ဗိုလ္မွဴ းခ်ဳပ္ေဇာ္မင္းထြန္းနဲ႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးပထမတန္း ေျပာေရးဆိုခြင့္႐ွိသူ ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးတို႔ကို ဒီကေန႔ ေန႔လည္မွစၿပီး ဖုန္းအႀကိမ္ႀကိမ္ဆက္သြယ္ခဲ႔ေပမယ့္ လက္ခံေျဖဆိုတာမ႐ွိခဲ့ ပါဘူး။

ယခုလိုမ်ိဳး ျဖစ္စဥ္မတိုင္မီ ေက်ာက္ေတာ္ၿမိဳ႕အတြင္း ဒီကေန႔ ေန႔ခင္းပိုင္း ၁၂ နာရီေလာက္က ေက်ာက္ေတာ္ၿမိဳ႕ ၿမိဳ႕မအလယ္တန္းေက်ာင္းအနီး ပစ္ခတ္သံေတြ ၾကားခဲ့ရၿပီး ခန္႔မွန္း အသက္ ၄၀ အရြယ္႐ွိ လူႀကီးတစ္ဦး လမ္းေပၚမွာ ေသဆံုးေနေၾကာင္း ေဒသခံတစ္ဦးက ေျပာပါတယ္။

#voiceofmyanmar #VOM #ေက်ာက္ေတာ္ #တပ္မေတာ္စစ္ေၾကာင္း

Related posts

Leave a Comment

VOM News

FREE
VIEW