စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦး ယာဉ်တိုက်မှု ကြောင့်သေဆုံး

စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦး ယာဉ်တိုက်မှု ကြောင့်သေဆုံး

လှည်းကူး ဖေဖော်ဝါရီ ၂၂-၂၀၂၀
ဝေဇင်ကြည်(VOM)

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စု မင်းလွင်ကုန်းကျေးရွာအနီး ပဲခူး-ရန်ကုန်ကားလမ်း လမ်းလယ်ကျွန်းအမှတ် (၂၃၁)အနီးမှာ မနေ့ ဖေဖော်ဝါရီ ၂၁ရက် ည ၁၀နာရီဝန်းကျင်က စစ်ဆေးရေးဂိတ်မှာလုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦး ယာဉ်တိုက်မှု ကြောင့်သေဆုံးခဲ့တယ်လို့သိရပါတယ်။

သေဆုံးသူမှာ လှည်းကူးမြို့နယ် ဒါးပိန်နယ်မြေရဲတပ်ဖွဲ့စခန်းက ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးဖြစ်ပြီး မင်းလွင်ကုန်းစစ်ဆေးရေးဂိတ်မှာလုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့အချိန်မြေသယ်ကားနဲ့ဆိုင်ကယ်တိုက်မိပြီး သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

‟မြေသယ်ကားနဲ့ ဆိုင်ကယ်တိုက်မိလို့ ရဲအရာရှိတစ်ဦးသေဆုံးသွားတယ်ဆိုတာဟုတ်ပါတယ်လမ်းလယ်ကျွန်းမှာ ကားကကွေ့နေတာကို နောက်က ဆိုင်ကယ်ကဝင်တိုက်လိုက်လို့ အဲဒီအရာရှိကို ဆေးရုံပို့ဆောင်နေတုန်းမှာဘဲ သေဆုံးသွားတာပါလို့” ယာဉ်အမှုစစ်ရဲအုပ် အောင်လှိုင်ထွန်းကပြောပါတယ်။

မင်းလွင်ကုန်းပူးပေါင်းစစ်ဆေးရေးဂိတ်အလှည့်ကျတာဝန်ထမ်းဆောင်နေသူ အသက်(၃၅)နှစ်ရှိ ဒုရဲအုပ်အောင်ကြည်စိုးလ-၂၁၄၅၀ ဟာ မင်းလွင်ကုန်းကျေးရွာ ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး လမ်းလယ်ကျွန်းအမှတ်(၂၃၀)နဲ့(၂၃၁)ကြားမှာ လားရာတူ လှည်းကူးမြို့နယ်မင်းလွင်ကုန်းကျေးရွာနေ ဦးလှထွန်းရဲ့သားအသက်(၂၂)နှစ်ရှိ
အောင်ကျော်ဆန်းမောင်းနှင်လာတဲ့ YGN 4I-1539 FORLAND အဖြူရောင်ယာဉ်မှ တစ်ဖက်ယာဉ်ကြောသို့ ချိုးကွေ့ရန်ရပ်တန့်စောင့်ဆိုင်းနေစဉ် ယာဉ်အား
အရှိန်မထိန်းနိုင်ဘဲ အနောက်မှဝင်ရောက်တိုက်မိခဲ့သဖြင့် ဆိုင်ကယ်နှင့်ယာဉ်ပျက်စီးပြီး ဆိုင်ကယ်မောင်းသူ ဒုရဲအုပ် အောင်ကြည်စိုးတွင် ယာနားသွေးထွက်။ အောက်နှုတ်ခမ်းပေါက်ပြီး။ နှာခေါင်းသွေးထွက် စတဲ့ဒဏ်ရာတွေရရှိပြီး လှည်းကူးဆေးရုံကို ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့တယ်လို့ ဒါးပိန်နယ်မြေရဲစခန်းကသိရပါတယ်။

ဆိုင်ကယ်ကိုမဆင်မခြင်မောင်းသူ ဒုရဲအုပ် အောင်ကြည်စိုး
နဲ့ယာဉ်မောင်း အောင်ကျော်ဆန်းတို့အပေါ် ဥပဒေအရအရေးယူပေးပါရန် လှည်းကူးမြို့နယ် ယာဉ်အမှုစစ် ရဲအုပ်အောင်လှိုင်ထွန်းကတရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် ယာဉ်(ပ)၁၇/၂၀၂၀ရာဇသတ်ကြီးဉပဒေပုဒ်မ ၃၀၄-(က)/၂၇၉/၂၀၂တို့နဲ့အမှုဖွင့်ထားတယ်လို့လှည်းကူးမြို့မရဲစခန်းက သိရပါတယ်။

လှည်းကူးမြို့နယ်အတွင်း ပဲခူး-ရန်ကုန်ကားလမ်းနဲ့ အမှတ်(၂)ကားလမ်းမှာ မြေသယ်ကားများ မဆင်မခြင်မောင်းနှင်နေမှု့ရှိသည့်အတွက် ယာဉ်မတော်တဆမှု့နဲ့ယာဉ်တိုက်မှု့များ မကြာခဏ ဖြစ်ပွားနေကြောင်း ကြားသိရတယ်လို့ဒေသခံတွေက ပြောပါတယ်။

#voiceofmyanmar #VOM #ဒုရဲအုပ်သေဆုံး

Zawgyi

စစ္ေဆးေရးဂိတ္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲအရာရွိတစ္ဦး ယာဥ္တိုက္မႈ ေၾကာင့္ေသဆုံး

လွည္းကူး ေဖေဖာ္ဝါရီ ၂၂-၂၀၂၀
ေဝဇင္ၾကည္(VOM)

ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕နယ္ ဇရပ္ကြင္းေက်း႐ြာအုပ္စု မင္းလြင္ကုန္းေက်း႐ြာအနီး ပဲခူး-ရန္ကုန္ကားလမ္း လမ္းလယ္ကြၽန္းအမွတ္ (၂၃၁)အနီးမွာ မေန႔ ေဖေဖာ္ဝါရီ ၂၁ရက္ ည ၁၀နာရီဝန္းက်င္က စစ္ေဆးေရးဂိတ္မွာလုံၿခဳံေရးတာဝန္ထမ္းေဆာင္ေနတဲ့ ရဲအရာရွိတစ္ဦး ယာဥ္တိုက္မႈ ေၾကာင့္ေသဆုံးခဲ့တယ္လို႔သိရပါတယ္။

ေသဆုံးသူမွာ လွည္းကူးၿမိဳ႕နယ္ ဒါးပိန္နယ္ေျမရဲတပ္ဖြဲ႕စခန္းက ဒုရဲအုပ္အဆင့္ရွိသူတစ္ဦးျဖစ္ၿပီး မင္းလြင္ကုန္းစစ္ေဆးေရးဂိတ္မွာလုံၿခဳံေရး တာဝန္ထမ္းေဆာင္ေနတဲ့အခ်ိန္ေျမသယ္ကားနဲ႔ဆိုင္ကယ္တိုက္မိၿပီး ေသဆုံးခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

‟ေျမသယ္ကားနဲ႔ ဆိုင္ကယ္တိုက္မိလို႔ ရဲအရာရွိတစ္ဦးေသဆုံးသြားတယ္ဆိုတာဟုတ္ပါတယ္လမ္းလယ္ကြၽန္းမွာ ကားကေကြ႕ေနတာကို ေနာက္က ဆိုင္ကယ္ကဝင္တိုက္လိုက္လို႔ အဲဒီအရာရွိကို ေဆး႐ုံပို႔ေဆာင္ေနတုန္းမွာဘဲ ေသဆုံးသြားတာပါလို႔” ယာဥ္အမႈစစ္ရဲအုပ္ ေအာင္လႈိင္ထြန္းကေျပာပါတယ္။

မင္းလြင္ကုန္းပူးေပါင္းစစ္ေဆးေရးဂိတ္အလွည့္က်တာဝန္ထမ္းေဆာင္ေနသူ အသက္(၃၅)ႏွစ္ရွိ ဒုရဲအုပ္ေအာင္ၾကည္စိုးလ-၂၁၄၅၀ ဟာ မင္းလြင္ကုန္းေက်း႐ြာ ပူးေပါင္းစစ္ေဆးေရးဂိတ္အနီး လမ္းလယ္ကြၽန္းအမွတ္(၂၃၀)နဲ႔(၂၃၁)ၾကားမွာ လားရာတူ လွည္းကူးၿမိဳ႕နယ္မင္းလြင္ကုန္းေက်း႐ြာေန ဦးလွထြန္းရဲ႕သားအသက္(၂၂)ႏွစ္ရွိ
ေအာင္ေက်ာ္ဆန္းေမာင္းႏွင္လာတဲ့ YGN 4I-1539 FORLAND အျဖဴေရာင္ယာဥ္မွ တစ္ဖက္ယာဥ္ေၾကာသို႔ ခ်ိဳးေကြ႕ရန္ရပ္တန႔္ေစာင့္ဆိုင္းေနစဥ္ ယာဥ္အား
အရွိန္မထိန္းႏိုင္ဘဲ အေနာက္မွဝင္ေရာက္တိုက္မိခဲ့သျဖင့္ ဆိုင္ကယ္ႏွင့္ယာဥ္ပ်က္စီးၿပီး ဆိုင္ကယ္ေမာင္းသူ ဒုရဲအုပ္ ေအာင္ၾကည္စိုးတြင္ ယာနားေသြးထြက္။ ေအာက္ႏႈတ္ခမ္းေပါက္ၿပီး။ ႏွာေခါင္းေသြးထြက္ စတဲ့ဒဏ္ရာေတြရရွိၿပီး လွည္းကူးေဆး႐ုံကို ပို႔ေဆာင္ကုသစဥ္ ေသဆုံးသြားခဲ့တယ္လို႔ ဒါးပိန္နယ္ေျမရဲစခန္းကသိရပါတယ္။

ဆိုင္ကယ္ကိုမဆင္မျခင္ေမာင္းသူ ဒုရဲအုပ္ ေအာင္ၾကည္စိုး
နဲ႔ယာဥ္ေမာင္း ေအာင္ေက်ာ္ဆန္းတို႔အေပၚ ဥပေဒအရအေရးယူေပးပါရန္ လွည္းကူးၿမိဳ႕နယ္ ယာဥ္အမႈစစ္ ရဲအုပ္ေအာင္လႈိင္ထြန္းကတရားလိုျပဳလုပ္တိုင္တန္းတဲ့အတြက္ ယာဥ္(ပ)၁၇/၂၀၂၀ရာဇသတ္ႀကီးဉပေဒပုဒ္မ ၃၀၄-(က)/၂၇၉/၂၀၂တို႔နဲ႔အမႈဖြင့္ထားတယ္လို႔လွည္းကူးၿမိဳ႕မရဲစခန္းက သိရပါတယ္။

လွည္းကူးၿမိဳ႕နယ္အတြင္း ပဲခူး-ရန္ကုန္ကားလမ္းနဲ႔ အမွတ္(၂)ကားလမ္းမွာ ေျမသယ္ကားမ်ား မဆင္မျခင္ေမာင္းႏွင္ေနမႈ႕ရွိသည့္အတြက္ ယာဥ္မေတာ္တဆမႈ႕နဲ႔ယာဥ္တိုက္မႈ႕မ်ား မၾကာခဏ ျဖစ္ပြားေနေၾကာင္း ၾကားသိရတယ္လို႔ေဒသခံေတြက ေျပာပါတယ္။

#voiceofmyanmar #VOM #ဒုရဲအုပ္ေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW