စန္ဒာမုနိဘုရားဝန်းထဲက ရေကန်ကြီးဘေးကနေတင်ဆက်တဲ့ ဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီ ၂၂ ရက်ညနေခင်းသတင်း

စန္ဒာမုနိဘုရားဝန်းထဲက ရေကန်ကြီးဘေးကနေတင်ဆက်တဲ့ ဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီ ၂၂ ရက်ညနေခင်းသတင်း

ပထမဦးဆုံး သတင်းတစ်ပုဒ်ကတော့ နေပြည်တော်မှာဖြစ်ခဲ့တဲက အဓမ္မပြုကျင့်ခံရတဲ့
ဗစ်တိုးရီးယားရဲ့အမှု အမှန်တရားဖော်ထုတ်ရေးအတွက် ဒီကနေ့ ဖေဖေါ်ဝါရီ ၂၂ ရက်မနက်ပိုင်းက ဝန်းရံသူတွေ အင်အား ၁၀၀ခန့်ဟာ ကြိုတင်ခွင့်ပြုခက်ရယူပြီး ပျဉ်းမနားအောင်မင်္ဂလာကားဝင်းကနေ ကျောက်တိုင်ကွင်းကို စီတန်းလှည့်လည်ကြွေးကြော်ခဲ့ကြတဲ့သတင်း။

ရခိုင်ပြည်နယ်မှာ ရက်ရှည် အင်တာနက်လိုင်းဖြတ်တောက်မှုနဲ့ပတ်သက်ပြီး စစ်တွေမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ အဲ့ဒီဆန္ဒပြတောင်းဆိုမှုမှာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်နဲ့ စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂတိုက ဦးဆောင် ဆန္ဒပြတာဖြစ်ပြီး ပြည်သူတွေအပါအဝင် လူဦးရေ ၃၀၀ နီးပါးလောက် ပါဝင်ဆန္ဒပြတောင်းဆိုတဲ့သတင်း။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ထဲကို ဖေဖေါ်ဝါရီ၂၁ရက်နေ့ ညနေ ၃ နာရီလောက်က တပ်မတော်စစ်ကြောင်းတစ်ခုဝင်လာပြီး မြို့ထဲမှာစစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်မှုရှိနေတာအပြင် ကျောက်တော်မြို့ကြီးလည်း တိတ်ဆိတ်သွားတယ်လို့ ဒေသခံတွေက ပြောတဲ့သတင်း။

မြန်မာ-နီပေါဆက်ဆံရေး နှစ်(၆၀)ပြည့် နဲ့ နီပေါခရီးသွားနှစ် (၂၀၂၀)မိတ်ဆက်ခြင်းအခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ၊ မန္တလေးတိုင်းကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး နီပေါသံအမတ်ကြီးက လုမ္မိနီမှာ ဂေါတမ ဗုဒ္ဓလေဆိပ်ဆောက်လုပ်နေကြောင်းနဲ့ ကဆုန်လပြည့်နေ့ ဖွင့်လှစ်ပြီးရင် မန္တလေးနဲ့ ရန်ကုန်လေဆိပ်တွေကနေ တိုက်ရိုက်သွားရောက်နိုင်မယ်လို့ ပြောတဲ့သတင်း။

လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေရပ်တန့်ပေးဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအမြန်ရရှိစေဖို့ မုံရွာခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ညက ကျောင်းသားတွေနဲ့ တက်ကြွလုှုပ်ရှားသူတွေစုပေါင်းပြီး မုံရွာမြို့က ရွှေစည်းခုံဘုရားရင်ပြင်မှာပြုလုပ်ခဲ့တဲ့သတင်း၊

သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်တွေရဲ့ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင် သာသနာပိုင် သီတဂူ ဆရာ တော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရရဲ့ ပုံစံတူကြေးရုပ်ထု ကို သွန်းထုပြီး စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဝန်းအတွင်းမှာ ထားပူဇော်သွားမယ့်သတင်း

စစ်တောင်းမြစ်ကူးတံတား အသစ်တစ်စင်းကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JIKA) အကူအညီနဲ့ ဆောက်လုပ်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက သန်လျင်မြို့နယ်၊ သန်လျင်တံတားအမှတ်(၁)၊ သန်လျင်ဘက်ခြမ်း တံတားအဆင်းမှာ မနေ့ကပြုလုပ်ခဲ့တဲ့ သန်လျင်-သီလဝါ လမ်းမကြီး အဆင့်မြှင့်တင်ခြင်းစီမံကိန်း ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားတဲ့သတင်း

လှည်းကူးမြို့နယ် မိုင်တိုင် ၂၅ မိုင်အနီးတောထဲမှာ ၃ ရက်အတွင်း နိုင်ငံသားအထောက်အထားမဲ့ ခရီးသွားသူ ၇၀ ကျော်ဖမ်းမိထားတဲ့သတင်းတွေကို ဗီအိုအမ်ရဲ့ ညနေခင်းသတင်းအဖြစ် တင်ဆက်ထားပါတယ်။

#voiceofmyanmar #VOM #VOMရဲ့ညနေခင်းသတင်းအစီအစဉ်

Zawgyi

စႏၵာမုုနိဘုုရားဝန္းထဲက ေရကန္ၾကီးေဘးကေနတင္ဆက္တဲ႕ ဗီအိုုအမ္ရဲ႕ ေဖေဖၚဝါရီ ၂၂ ရက္ညေနခင္းသတင္း

ပထမဦးဆုံး သတင္းတစ္ပုဒ္ကေတာ့ ေနျပည္ေတာ္မွာျဖစ္ခဲ႕တဲက အဓမၼျပဳက်င့္ခံရတဲ႕
ဗစ္တိုးရီးယားရဲ႕အမႈ အမွန္တရားေဖာ္ထုတ္ေရးအတြက္ ဒီကေန႕ ေဖေဖၚဝါရီ ၂၂ ရက္မနက္ပိုုင္းက ဝန္းရံသူေတြ အင္အား ၁၀၀ခန္႕ဟာ ႀကိဳတင္ခြင့္ျပဳခက္ရယူၿပီး ပ်ဥ္းမနားေအာင္မဂၤလာကားဝင္းကေန ေက်ာက္တိုုင္ကြင္းကိုု စီတန္းလွည့္လည္ေႂကြးေၾကာ္ခဲ႕ၾကတဲ႕သတင္း။

ရခိုင္ျပည္နယ္မွာ ရက္႐ွည္ အင္တာနက္လိုင္းျဖတ္ေတာက္မႈနဲ႔ပတ္သက္ၿပီး စစ္ေတြၿမိဳ႕မွာ ဆႏၵျပေတာင္းဆိုုခဲ႕ပါတယ္။ အဲ့ဒီဆႏၵျပေတာင္းဆိုမႈမွာ ရခိုင္လူငယ္မ်ိဳးဆက္သစ္ကြန္ရက္နဲ႔ စစ္ေတြတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢတိုက ဦးေဆာင္ ဆႏၵျပတာျဖစ္ၿပီး ျပည္သူေတြအပါအဝင္ လူဦးေရ ၃၀၀ နီးပါးေလာက္ ပါဝင္ဆႏၵျပေတာင္းဆိုတဲ႕သတင္း။

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ထဲကို ေဖေဖၚဝါရီ၂၁ရက္ေန႔ ညေန ၃ နာရီေလာက္က တပ္မေတာ္စစ္ေၾကာင္းတစ္ခုဝင္လာၿပီး ၿမိဳ႕ထဲမွာစစ္ေဆးဖမ္းဆီးမႈေတြျပဳလုပ္ေနတာေၾကာင္႔ ေဒသခံေတြ စိုးရိမ္မႈ႐ွိေနတာအျပင္ ေက်ာက္ေတာ္ျမိဳ႕ၾကီးလည္း တိတ္ဆိတ္သြားတယ္လိုု႕ ေဒသခံေတြက ေျပာတဲ႕သတင္း။

ျမန္မာ-နီေပါဆက္ဆံေရး ႏွစ္(၆၀)ျပည့္ နဲ႔ နီေပါခရီးသြားႏွစ္ (၂၀၂၀)မိတ္ဆက္ျခင္းအခမ္းအနားကိုု မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ၊ မႏၲေလးတိုင္းကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္းမ်ားအသင္းမွာ ဒီကေန႔မနက္ပိုင္းက က်င္းပျပဳလုပ္ခဲ့ျပီး နီေပါသံအမတ္ၾကီးက လုုမၼိနီမွာ ေဂါတမ ဗုဒၶေလဆိပ္ေဆာက္လုုပ္ေနေၾကာင္းနဲ႕ ကဆုုန္လျပည့္ေန႕ ဖြင့္လွစ္ျပီးရင္ မႏၱေလးနဲ႕ ရန္ကုုန္ေလဆိပ္ေတြကေန တိုုက္ရိုုက္သြားေရာက္နုုိင္မယ္လိုု႕ ေျပာတဲ႕သတင္း။

လက္ရွိျဖစ္ေနတဲ့ တိုက္ပြဲေတြရပ္တန႔္ေပးဖို႔နဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရးအျမန္ရရွိေစဖို႔ မုံ႐ြာခ႐ိုင္ ဗမာႏိုင္ငံလံုးဆိုင္ရာေက်ာင္းသားမ်ားသမဂၢအဖြဲ႕ခ်ဳပ္မွ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ညက ေက်ာင္းသားေတြနဲ႕ တက္ၾကြလုွဳပ္ရွားသူေတြစုုေပါင္းျပီး မုံ႐ြာၿမိဳ႕က ေ႐ႊစည္းခုံဘုရားရင္ျပင္မွာျပဳလုပ္ခဲ့တဲ႕သတင္း၊

သီတဂူကမၻာ့ဗုဒၶ တကၠသိုလ္ေတြရဲ႕ အဓိပတိ၊ အဘိဓဇမဟာရ႒ဂု႐ု၊ ေရႊက်င္နိကာယ ဥပဥကၠ႒ တြဲဖက္ ေရႊက်င္ သာသနာပိုင္ သီတဂူ ဆရာ ေတာ္ ေဒါက္တာ ဘဒၵႏၲဉာဏိႆရရဲ႕ ပုံစံတူေႀကးရုပ္ထု ကုိ သြန္းထုၿပီး စစ္ကုိင္းၿမဳိ႕ သီတဂူကမာၻ႕ဗုဒၶတကၠသုိလ္ဝန္းအတြင္းမွာ ထားပူေဇာ္သြားမယ္႕သတင္း

စစ္ေတာင္းျမစ္ကူးတံတား အသစ္တစ္စင္းကို ဂ်ပန္ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္မႈ ေအဂ်င္စီ (JIKA) အကူအညီနဲ႔ ေဆာက္လုပ္သြားမယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းက သန္လ်င္ၿမိဳ႕နယ္၊ သန္လ်င္တံတားအမွတ္(၁)၊ သန္လ်င္ဘက္ျခမ္း တံတားအဆင္းမွာ မေန႕ကျပဳလုပ္ခဲ့တဲ့ သန္လ်င္-သီလဝါ လမ္းမႀကီး အဆင့္ျမႇင့္တင္ျခင္းစီမံကိန္း ဖြင့္ပြဲအခမ္းအနားမွာ ေျပာၾကားတဲ႕သတင္း

လွည္းကူးျမိဳ႕နယ္ မိုုင္တုုိင္ ၂၅ မိုုင္အနီးေတာထဲမွာ ၃ ရက္အတြင္း နိုုင္ငံသားအေထာက္အထားမဲ႕ ခရီးသြားသူ ၇၀ ေက်ာ္ဖမ္းမိထားတဲ႕သတင္းေတြကိုု ဗီအိုုအမ္ရဲ႕ ညေနခင္းသတင္းအျဖစ္ တင္ဆက္ထားပါတယ္။

#voiceofmyanmar #VOM #VOMရဲ႕ညေနခင္းသတင္းအစီအစဥ္

Related posts

Leave a Comment

VOM News

FREE
VIEW