လှည်းကူးမြို့နယ်တွင် နိုင်ငံသားအထောက်ထားမဲ့သူတွေ သုံးရက်အတွင်း (၇၀)ဦး ဖမ်းဆီးရမိ

လှည်းကူးမြို့နယ်တွင် နိုင်ငံသားအထောက်ထားမဲ့သူတွေ သုံးရက်အတွင်း (၇၀)ဦး ဖမ်းဆီးရမိ

လှည်းကူး ဖေဖော်ဝါရီ၂၂-၂၀၂၀
ဝေဇင်ကြည်(VOM)

လှည်းကူးမြို့နယ်၊ စာဘူးကောင်းကျေးရွာအုပ်စု၊ ရန်ကုန်-နေပြည်တော်အ
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးအနီးတောထဲမှာ သုံးရက်အတွင်းအထောက်အထားမဲ့ခရီးသွား(၇၀)ဦးကို ဖမ်းမိထားတယ်လို့လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၂ရက် နံနက်ပိုင်းနဲ့နေ့လယ်ပိုင်းမှာ မိုင်တိုင် ၂၅မိုင် တဖါလုံအနီး တောတွင်းတစ်နေရာမှာ အထောက်အထားမဲ့ခရီးသွား(၂)နှစ်ဦးဖမ်းဆီးရမိပြီး လှည်းကူးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၁ရက် နေ့လယ်ပိုင်းကလည်း အထောက်အထားမဲ့ခရီး သွား(၁၄)ဦး ထပ်မံဖမ်းဆီးရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၉ရက်ကလည်း ဒီလိုအလားတူ ၅၄ ဦး ဖမ်းမိထားတဲ့အတွက် စုစုပေါင်း(၇၀)ဦး ဖမ်းဆီးရရှိခဲ့တယ်လို့ လှည်းကူးမြို့မရဲတပ်ဖွဲ့စခန်းက သိရပါတယ်။

‟ရခိုင်ဘက်က လာကြတယ်ပြောတယ် တစ်ယောက်နဲ့ တစ်ယောက် လာတဲ့နေရာချင်းမတူကြဘူး တစ်ချို့က အမ်းတောင်ကြားလမ်းကလာတယ်ပြောတယ် စစ်ဆေးနေတုန်းပဲ အသေးစိပ်ပြောမရသေးပါဘူး မလေးရှားသွားဖို့လို့ ပြောတယ် စစ်ဆေးနေတုန်းပဲ အသေးစိပ်တော့ ပြောမရသေးပါဘူး။ခေါ်ဆောင်ပေးတဲ့ပွဲစားအဆင့်ဆင့်ကိုဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက်ကြိုးစားနေပါတယ်။ လဝကအက်ဥပဒေနဲ့အရေးယူသွားမှာပါလို့”လှည်းကူးမြို့နယ်မြို့မရဲစခန်းမှူးဒုရဲမှူးမောင်မောင်ဦးကပြောပါတယ်။

ဒါ့အပြင် ဖမ်းမိထားတဲ့သူတွေဆီက တယောက်ကို ငွေကျပ်တစ်သိန်းယူပြီး တောတွင်းတစ်နေရာမှာ ဝှက်ထားပေးသူ အမျိုးသားနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။

‟အမ်းတောင်ကြားလမ်းထဲက ဝင်လာတယ်လို့တော့ လတ်တလောသိထားတယ် အတိအကျတော့မသိရသေးပါဘူး ဟိုနေ့က ဖမ်းမိတဲ့နေရာ အနီးကပဲ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထပ်ဖမ်းမိတာပါ မနက်ပိုင်းကတစ်ယောက် နေ့လယ်ပိုင်းက တစ်ယောက်ဖမ်းမိတာပါလို့”လှည်းကူးမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှစခန်းမှူး ဒုရဲမှူး မောင်မောင်ဦးက ပြောပါတယ်။

ရခိုင်ပြည်ကလာတဲ့ နိုင်ငံသားအထောက်အထားမဲ့ ခရီးသွားသူတွေဟာ ဧရာဝတီတိုင်းက ပင်လယ်ပြင်တွေနဲ့ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်တွေမှာလည်း ဖမ်းမိတတ်တာ များပါတယ်။

#voiceofmyanmar #VOM #နိုင်ငံသားအထောက်အထားမဲ့သူများဖမ်းမိ

Zawgyi

လွည္းကူးၿမိဳ႕နယ္တြင္ ႏိုင္ငံသားအေထာက္ထားမဲ့သူေတြ သုံးရက္အတြင္း (၇၀)ဦး ဖမ္းဆီးရမိ

လွည္းကူး ေဖေဖာ္ဝါရီ၂၂-၂၀၂၀
ေဝဇင္ၾကည္(VOM)

လွည္းကူးၿမိဳ႕နယ္၊ စာဘူးေကာင္းေက်း႐ြာအုပ္စု၊ ရန္ကုန္-ေနျပည္ေတာ္အ
ရန္ကုန္-ေနျပည္ေတာ္အျမန္လမ္းမႀကီးအနီးေတာထဲမွာ သုံးရက္အတြင္းအေထာက္အထားမဲ့ခရီးသြား(၇၀)ဦးကို ဖမ္းမိထားတယ္လို႔လွည္းကူးၿမိဳ႕နယ္ရဲတပ္ဖြဲ႕ထံက သိရပါတယ္။

ဒီေန႔ ေဖေဖာ္ဝါရီ ၂၂ရက္ နံနက္ပိုင္းနဲ႔ေန႔လယ္ပိုင္းမွာ မိုင္တိုင္ ၂၅မိုင္ တဖါလံုအနီး ေတာတြင္းတစ္ေနရာမွာ အေထာက္အထားမဲ့ခရီးသြား(၂)ႏွစ္ဦးဖမ္းဆီးရမိျပီး လွည္းကူးၿမိဳ႕နယ္မွာ ေဖေဖာ္ဝါရီ ၂၁ရက္ ေန႔လယ္ပိုင္းကလည္း အေထာက္အထားမဲ့ခရီး သြား(၁၄)ဦး ထပ္မံဖမ္းဆီးရရွိခဲ့ပါတယ္။ ေဖေဖာ္ဝါရီ ၁၉ရက္ကလည္း ဒီလိုအလားတူ ၅၄ ဦး ဖမ္းမိထားတဲ႕အတြက္ စုစုေပါင္း(၇၀)ဦး ဖမ္းဆီးရရွိခဲ့တယ္လို႔ လွည္းကူးၿမိဳ႕မရဲတပ္ဖြဲ႕စခန္းက သိရပါတယ္။

‟ရခိုင္ဘက္က လာၾကတယ္ေျပာတယ္ တစ္ေယာက္နဲ႔ တစ္ေယာက္ လာတဲ့ေနရာခ်င္းမတူၾကဘူး တစ္ခ်ိဳ႕က အမ္းေတာင္ၾကားလမ္းကလာတယ္ေျပာတယ္ စစ္ေဆးေနတုန္းပဲ အေသးစိပ္ေျပာမရေသးပါဘူး မေလးရွားသြားဖို႔လို႔ ေျပာတယ္ စစ္ေဆးေနတုန္းပဲ အေသးစိပ္ေတာ့ ေျပာမရေသးပါဘူး။ေခၚေဆာင္ေပးတဲ့ပြဲစားအဆင့္ဆင့္ကိုေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရးအတြက္ႀကိဳးစားေနပါတယ္။ လဝကအက္ဥပေဒနဲ႔အေရးယူသြားမွာပါလို႔”လွည္းကူးၿမိဳ႕နယ္ၿမိဳ႕မရဲစခန္းမႉးဒုရဲမႉးေမာင္ေမာင္ဦးကေျပာပါတယ္။

ဒါ့အျပင္ ဖမ္းမိထားတဲ႕သူေတြဆီက တေယာက္ကို ေငြက်ပ္တစ္သိန္းယူျပီး ေတာတြင္းတစ္ေနရာမွာ ဝွက္ထားေပးသူ အမ်ိဳးသားႏွစ္ဦးကိုလည္း ရဲတပ္ဖြဲ႕က ဖမ္းဆီးရရွိခဲ့တယ္လို႔သိရပါတယ္။

‟အမ္းေတာင္ၾကားလမ္းထဲက ဝင္လာတယ္လို႔ေတာ့ လတ္တေလာသိထားတယ္ အတိအက်ေတာ့မသိရေသးပါဘူး ဟိုေန႔က ဖမ္းမိတဲ့ေနရာ အနီးကပဲ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦး ထပ္ဖမ္းမိတာပါ မနက္ပိုင္းကတစ္ေယာက္ ေန႔လယ္ပိုင္းက တစ္ေယာက္ဖမ္းမိတာပါလို႔”လွည္းကူးၿမိဳ႕နယ္ ၿမိဳ႕မရဲတပ္ဖြဲ႕စခန္းမွစခန္းမႉး ဒုရဲမႉး ေမာင္ေမာင္ဦးက ေျပာပါတယ္။

ရခိုင္ျပည္ကလာတဲ႕ နိုင္ငံသားအေထာက္အထားမဲ႕ ခရီးသြားသူေတြဟာ ဧရာဝတီတုိင္းက ပင္လယ္ျပင္ေတြနဲ႕ မေကြးတိုင္းနဲ႕ ရခိုင္ျပည္နယ္အစပ္ေတြမွာလည္း ဖမ္းမိတတ္တာ မ်ားပါတယ္။

#voiceofmyanmar #VOM #နိုုင္ငံသားအေထာက္အထားမဲ႕သူမ်ားဖမ္းမိ

Related posts

Leave a Comment

VOM News

FREE
VIEW