ပလက်ဝကနေ ကျောက်တော်ကိုလာတဲ့ ခရီးသည်စက်လှေ ပစ်ခတ်ခံရ လူ ၄ ဦးထိခိုက်

ပလက်ဝကနေ ကျောက်တော်ကိုလာတဲ့ ခရီးသည်စက်လှေ ပစ်ခတ်ခံရ လူ ၄ ဦးထိခိုက်

ကျောက်တော်၊ ဖေဖော်ဝါရီ ၂၇-၂၀၂၀

ခိုင်လင်းစံ (VOM)

ချင်းပြည်နယ် ပလက်ဝမြို့ကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ဆင်းလာတဲ့ ခရီးသည်တင်စက်လှေတစ်စီးဟာ ဒီကနေ့နေ့လယ် ၁ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခံလိုက်ရပြီး စက်လှေပေါ်လိုက်ပါလာခဲ့တဲ့ ခရီးသည် သုံးဦးနဲ့ စက်လှေသမားတစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူ လေးဦးအနက် စက်လှေမောင်းသူမှာ ခြေသလုံးထိခိုက်သွားခဲ့ပြီး ဒဏ်ရာအပြင်းထန်စွာရရှိခဲ့တယ်လို့ စက်လှေပေါ်မှာ လိုက်ပါလာသူတွေက ပြောပါတယ်။

“ကျွန်တော်တို့ စက်လှေက မနက်ပိုင်း ၈ နာရီကျော်လောက်ကထွက်လာတာ။ သွားနေရင်းနဲ့ နေ့လည် ၁ နာရီကျော်လောက်မှာ တင်းမရွာနားကိုအရောက်မှာ လက်နက်ကြီးကျည်က စက်လှေရဲ့နောက်ဘက်မှာ လာကျတယ်။ လူလေးဦးဒဏ်ရာရတယ်။ တစ်ဦးကတော့ တော်တော်ပြင်ထန်တယ်။”လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတာ်ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ကျောက်တော်မြို့နယ်အတွင်း တပ်မတော်နဲ့ အေအေတို့အကြား ဒီနေ့မနက်ပိုင်းက တင်းမရွာသစ်အထက်ဖက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ အေအေဘက်က ပြောဆိုပါတယ်။

“ကျွန်တော်တို့နဲ့ ဒီနေ့မနက်ပိုင်းမှာ တင်းမရွာသစ်အရှေ့ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ အခု ခရီးသည်စက်လှေကို ပစ်တာက တမင်သက်သက်ပစ်ခတ်တာဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ စက်လှေ ပစ်ခတ်ခံရတာဟာ တော်တော်လေးကို ဝေးပါတယ်။”လို့ ခိုင်သုခက ပြောပါတယ်။

ကုလားတန်မြစ်ကြောင်းအတွင်း တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် လွန်ခဲ့တဲ့ လခွဲလောက်ကနေ ကုလားတန်မြစ်အတွင်းမှာ စက်လှေတွေသွားလာခွင့်မပြုဘဲ ပိတ်ထားရာကနေ ဒီကနေ့မှာ ဖွင့်လေးလိုက်တဲ့အတွက် အဲ့ဒီခရီးသည်စက်လှေတွေ စတင်ပြေးဆွဲခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီစက်လှေတွေက သွားခွင့်ပြုတယ်လို့ စစ်တပ်ကနေ မနေ့က ပလက်ဝဈးမှာ စပီကာတွေနဲ့ ကြေညာတဲ့အတွက် ရိက္ခာတွေလည်းပြတ်နေပြီ။ လူတွေလည်းပိတ်မိနေတယ်။ တချို့မှာ ကျောင်းသားတွေရှိကြတယ်။ အဲ့ဒီအတွက် သွားကြတာပါ။ အဲ့ဒီစက်လှေကို ပစ်ခတ်ခဲ့တာပါ။”လို့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရရှိခဲ့သူ ၄ ဦးကိုတော့ ကျောက်တော်မြို့ကို ဆက်လက်ယူဆောင်ခွင့်ပြုပေးခဲ့ပေမယ့် စက်လှေ ၆ စီးနဲ့ ခရီးသည်တွေကိုတော့ ကျောက်တော်မြို့နယ်အတွင်းက တပ်မ စစ်ဆေးရေးဂိတ်မှာ ရပ်တန့်ထားပြီး ခရီးသည်တွေကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့မနက်ပိုင်းက ပလက်ဝကနေ ကျောက်တော်ဘက်ကို ဆင်းလာခဲ့တဲ့ စက်လှေ ၇ စီးရှိပြီး လူဦးရေ ၁၀၀ ကျော်လိုက်ပါလာခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပလက်ဝ #ကျောက်တော်

Zawgyi

ပလက္ဝကေန ေက်ာက္ေတာ္ကိုလာတဲ့ ခရီးသည္စက္ေလွ ပစ္ခတ္ခံရ လူ ၄ ဦးထိခိုက္

ေက်ာက္ေတာ္၊ ေဖေဖာ္ဝါရီ ၂၇-၂၀၂၀

ခုိင္လင္းစံ (VOM)

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ကေန ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ကို ဆင္းလာတဲ့ ခရီးသည္တင္စက္ေလွတစ္စီးဟာ ဒီကေန႔ေန႔လယ္ ၁ နာရီခြဲေလာက္မွာ လက္နက္ႀကီးနဲ႔ပစ္ခတ္ခံလိုက္ရၿပီး စက္ေလွေပၚလိုက္ပါလာခဲ့တဲ့ ခရီးသည္ သံုးဦးနဲ႔ စက္ေလွသမားတစ္ဦးဒဏ္ရာရရွိခဲ့ပါတယ္။

ထိခိုက္ဒဏ္ရာရရွိခဲ့သူ ေလးဦးအနက္ စက္ေလွေမာင္းသူမွာ ေျခသလံုးထိခိုက္သြားခဲ့ၿပီး ဒဏ္ရာအျပင္းထန္စြာရရွိခဲ့တယ္လို႔ စက္ေလွေပၚမွာ လိုက္ပါလာသူေတြက ေျပာပါတယ္။

“ကၽြန္ေတာ္တို႔ စက္ေလွက မနက္ပိုင္း ၈ နာရီေက်ာ္ေလာက္ကထြက္လာတာ။ သြားေနရင္းနဲ႔ ေန႔လည္ ၁ နာရီေက်ာ္ေလာက္မွာ တင္းမရြာနားကိုအေရာက္မွာ လက္နက္ႀကီးက်ည္က စက္ေလွရဲ႕ေနာက္ဘက္မွာ လာက်တယ္။ လူေလးဦးဒဏ္ရာရတယ္။ တစ္ဦးကေတာ့ ေတာ္ေတာ္ျပင္ထန္တယ္။”လို႔ ခရီးသည္တစ္ဦးက ေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္လို႔ တပ္မတာ္ဘက္ကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတုိ႔အၾကား ဒီေန႔မနက္ပိုင္းက တင္းမရြာသစ္အထက္ဖက္မွာ တုိက္ပြဲျဖစ္ပြားခဲ့ၾကတယ္လို႔ ေအေအဘက္က ေျပာဆိုပါတယ္။

“ကၽြန္ေတာ္တုိ႔နဲ႔ ဒီေန႔မနက္ပို္င္းမွာ တင္းမရြာသစ္အေရွ႕ဘက္မွာ တို္က္ပြဲျဖစ္ပြားခဲ့တာရွိတယ္။ အခု ခရီးသည္စက္ေလွကို ပစ္တာက တမင္သက္သက္ပစ္ခတ္တာျဖစ္တယ္။ တိုက္ပြဲျဖစ္တဲ့ေနရာနဲ႔ စက္ေလွ ပစ္ခတ္ခံရတာဟာ ေတာ္ေတာ္ေလးကို ေဝးပါတယ္။”လို႔ ခိုင္သုခက ေျပာပါတယ္။

ကုလားတန္ျမစ္ေၾကာင္းအတြင္း တပ္မေတာ္နဲ႔ ေအေအတုိ႔အၾကား တုိက္ပြဲေတြျဖစ္ပြားေနတဲ့အတြက္ လြန္ခဲ့တဲ့ လခြဲေလာက္ကေန ကုလားတန္ျမစ္အတြင္းမွာ စက္ေလွေတြသြားလာခြင့္မျပဳဘဲ ပိတ္ထားရာကေန ဒီကေန႔မွာ ဖြင့္ေလးလိုက္တဲ့အတြက္ အဲ့ဒီခရီးသည္စက္ေလွေတြ စတင္ေျပးဆြဲခဲ့ၾကတာျဖစ္တယ္လို႔ ဆိုပါတယ္။

“ဒီစက္ေလွေတြက သြားခြင့္ျပဳတယ္လို႔ စစ္တပ္ကေန မေန႔က ပလက္ဝဈးမွာ စပီကာေတြနဲ႔ ေၾကညာတဲ့အတြက္ ရိကၡာေတြလည္းျပတ္ေနၿပီ။ လူေတြလည္းပိတ္မိေနတယ္။ တခ်ိဳ႕မွာ ေက်ာင္းသားေတြရွိၾကတယ္။ အဲ့ဒီအတြက္ သြားၾကတာပါ။ အဲ့ဒီစက္ေလွကို ပစ္ခတ္ခဲ့တာပါ။”လို႔ ပလက္ဝၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

ဒဏ္ရာရရွိခဲဲ့သူ ၄ ဦးကိုေတာ့ ေက်ာက္ေတာ္ၿမိဳ႕ကို ဆက္လက္ယူေဆာင္ခြင့္ျပဳေပးခဲ့ေပမယ့္ စက္ေလွ ၆ စီးနဲ႔ ခရီးသည္ေတြကိုေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက တပ္မ စစ္ေဆးေရးဂိတ္မွာ ရပ္တန္႔ထားၿပီး ခရီးသည္ေတြကို စစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ဒီကေန႔မနက္ပိုင္းက ပလက္ဝကေန ေက်ာက္ေတာ္ဘက္ကို ဆင္းလာခဲ့တဲ့ စက္ေလွ ၇ စီးရွိၿပီး လူဦးေရ ၁၀၀ ေက်ာ္လိုက္ပါလာခဲ့ၾကတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ပလက္ဝ #ေက်ာက္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW