မူဆယ်မြို့မှာ ဒုတိယအကြိမ် လုယက်မှုဖြစ်ပွားခဲ့

မူဆယ်မြို့မှာ ဒုတိယအကြိမ် လုယက်မှုဖြစ်ပွားခဲ့

မူဆယ်၊ ဖေဖေါ်ဝါရီ ၂၇-၂၀၂၀
ဖြူဖြူဖွေး(မူဆယ်)

မူဆယ်မြို့၊ မြောက်ရပ်ကွက်၊ ၅၅၅ လမ်းကြား၊ သန်းငွေ တည်ခိုခန်းအနီးမှာ မနေ့ ဖေဖော်ဝါရီ(၂၆)ရက်၊ ညပိုင်းက အမျိုးသမီးတစ်ဦးဆီကနေ ပိုက်ဆံအိတ် လုယူမှုဖြစ်ပွားခဲ့ပါတယ်။

“ကျွန်မ အလုပ်အပြန် ၅၅၅လမ်းကြား၊ သန်းငွေတည်ခိုခန်းအနီးအရောက်မှာ လက်နှစ်ဖက်နဲ့ကိုင်ဆောင်ထားတဲ့ ပိုက်ဆံအိတ်နဲ့ဖုန်းကို အမျိုးသားတစ်ဦးလုယူထွက်‌ပြေးခဲ့ပါတယ်။ သူလုယူတော့ စိုးရိမ်ထိမ့်လန့်မှုဖြစ်ခဲ့ပါတယ်၊ သူနောက်ကပြေးလိုက်ရင်း ပတ်ဝန်းကျင်ကို အကူအညီတောင်းခံတော့ တာဝန်ရှိသူများနဲ့ ရပ်ကွက်ထဲက သူတွေ ဝိုင်းဝန်းဖမ်းပေးလို့ မိခဲ့ပါတယ်”လို့ ပိုက်ဆံအိတ်လုယက်ခံရသူ မသဉ္ဇာစုလှိုင်က VOM ကိုပြောပါတယ်။

ပိုက်ဆံအိတ်လုယက်ခံရတာနဲ့ပက်သက်ပြီး မူဆယ်မြို့မရဲစခန်းမှ ယာယီစခန်းမှုး ရဲအုပ်သန့်ဇင်ဦး ပြောပြတာကတော့ “ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝဘေးကင်းလုံခြုံရေးအတွက် ပြစ်မှုကင်းရှင်းအောင် နေ့ညမပျက် လုံခြုံရေးအစီအမံများ ဆောင်ရွတ်ပါတယ်၊ အခု ကျွန်တော်တို့ရဲလုပ်ငန်း ပြီးမြောက်အောင်ဆောင်ရွက်နေပြီး၊ တရားဥပဒေအတိုင်း ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်နေပြီး နယ်မြေဒေသ ပထဝီအနေအထားအရ လုံခြုံရေးအစီအမံများ တိုးမြှင့်လုပ်ဆောင်နေပါတယ်”လို့ VOMကိုပြောပါတယ်။

အခုလို ပိုက်ဆံအိတ်လုယက်မှုကျူးလွန်တဲ့ စိုင်းဝင်းနိုင်အား ကို မူဆယ်မြို့မရဲစခန်းက ဥပဒေအရ ဆက်လက်အရေးယူဖို့အတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မူဆယ်မြို့မှာ မနေ့ ဖေဖေါ်ဝါရီ(၂၆)ရက် တစ်ရက်တည်း လုယက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပြီး မနက်ပိုင်း ၆ နာရီအချိန်ခန့်က ငွေလွှဲလုပ်ကိုင်တဲ့ အမျိုးသမီးဆီကနေ ငွေကျပ်သိန်းတစ်ရာကျော် လုယူခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ကာ အဲ့ဒီတရားခံတွေကိုတော့ ဖမ်းဆီးရရှိမိရေး စုံစမ်းနေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မူဆယ် #လုယက်မှု #ဒုတိယအကြိမ်

Zawgyi

မူဆယ္ၿမိဳ႕မွာ ဒုတိယအႀကိမ္ လုယက္မွဳျဖစ္ပြားခဲ့

မူဆယ္၊ ေဖေဖၚဝါရီ ၂၇-၂၀၂၀
ျဖဴျဖဴေဖြး(မူဆယ္)

မူဆယ္ၿမိဳ႕၊ ေျမာက္ရပ္ကြက္၊ ၅၅၅ လမ္းၾကား၊ သန္းေငြ တည္ခိုခန္းအနီးမွာ မေန႔ ေဖေဖာ္ဝါရီ(၂၆)ရက္၊ ညပိုင္းက အမ်ိဳးသမီးတစ္ဦးဆီကေန ပိုက္ဆံအိတ္ လုယူမႈျဖစ္ပြားခဲ့ပါတယ္။

“ကြၽန္မ အလုပ္အျပန္ ၅၅၅လမ္းၾကား၊ သန္းေငြတည္ခိုခန္းအနီးအေရာက္မွာ လက္ႏွစ္ဖက္နဲ႔ကိုင္ေဆာင္ထားတဲ့ ပိုက္ဆံအိတ္နဲ႔ဖုန္းကို အမ်ိဳးသားတစ္ဦးလုယူထြက္‌ေျပးခဲ့ပါတယ္။ သူလုယူေတာ့ စိုးရိမ္ထိမ့္လန႔္မႈျဖစ္ခဲ့ပါတယ္၊ သူေနာက္ကေျပးလိုက္ရင္း ပတ္ဝန္းက်င္ကို အကူအညီေတာင္းခံေတာ့ တာဝန္ရွိသူမ်ားနဲ႔ ရပ္ကြက္ထဲက သူေတြ ဝိုင္းဝန္းဖမ္းေပးလို႔ မိခဲ့ပါတယ္”လုိ႔ ပိုက္ဆံအိတ္လုယက္ခံရသူ မသၪၨာစုလႈိင္က VOM ကိုေျပာပါတယ္။

ပိုက္ဆံအိတ္လုယက္ခံရတာနဲ႔ပက္သက္ၿပီး မူဆယ္ၿမိဳ႕မရဲစခန္းမွ ယာယီစခန္းမႈး ရဲအုပ္သန႔္ဇင္ဦး ေျပာျပတာကေတာ့ “ကြၽန္ေတာ္တို႔ တရားဥပေဒစိုးမိုးေရးႏွင့္ ျပည္သူ႔ဘဝေဘးကင္းလုံၿခဳံေရးအတြက္ ျပစ္မႈကင္းရွင္းေအာင္ ေန႔ညမပ်က္ လုံၿခဳံေရးအစီအမံမ်ား ေဆာင္႐ြတ္ပါတယ္၊ အခု ကြၽန္ေတာ္တို႔ရဲလုပ္ငန္း ၿပီးေျမာက္ေအာင္ေဆာင္႐ြက္ေနၿပီး၊ တရားဥပေဒအတိုင္း ဆက္လက္အေရးယူႏိုင္ရန္ ေဆာင္႐ြက္ေနၿပီး နယ္ေျမေဒသ ပထဝီအေနအထားအရ လုံၿခဳံေရးအစီအမံမ်ား တိုးျမႇင့္လုပ္ေဆာင္ေနပါတယ္”လုိ႔ VOMကိုေျပာပါတယ္။

အခုလုိ ပိုက္ဆံအိတ္လုယက္မႈက်ဴးလြန္တဲ့ စိုင္းဝင္းႏိုင္အား ကို မူဆယ္ၿမိဳ႕မရဲစခန္းက ဥပေဒအရ ဆက္လက္အေရးယူဖို႔အတြက္ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

မူဆယ္ၿမိဳ႕မွာ မေန႔ ေဖေဖၚဝါရီ(၂၆)ရက္ တစ္ရက္တည္း လုယက္မႈႏွစ္ႀကိမ္ျဖစ္ပြားခဲ့တယ္လုိ႔ သိရၿပီး မနက္ပိုင္း ၆ နာရီအခ်ိန္ခန႔္က ေငြလႊဲလုပ္ကိုင္တဲ့ အမ်ိဳးသမီးဆီကေန ေငြက်ပ္သိန္းတစ္ရာေက်ာ္ လုယူခံရတဲ့ျဖစ္စဥ္ျဖစ္ပြားခဲ့ကာ အဲ့ဒီတရားခံေတြကိုေတာ့ ဖမ္းဆီးရရွိမိေရး စုံစမ္းေနတယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #မူဆယ္ #လုယက္မွဳ #ဒုတိယအႀကိမ္

Related posts

Leave a Comment

VOM News

FREE
VIEW