ရခိုင်ပြည်နယ်အတွင်း မြို့ရွာတချို့မှာ တပ်မတော်က ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်

ရခိုင်ပြည်နယ်အတွင်း မြို့ရွာတချို့မှာ တပ်မတော်က ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်

စစ်တွေ၊ ဖေဖော်ဝါရီ ၂၇- ၂၀၂၀
ခိုင်လင်းစံ(VOM)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျောက်တော်မြို့လယ်မှာ တပ်မတော်အရာရှိတစ်ဦးအသတ်ခံရ တာ တခြားတပ်မတော်သားတွေကို အန္တရယ်ပြုတာတွေဖြစ်ခဲ့ ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ယခုရက်ပိုင်းရက်တွေမှာ တပ်မတော်က မြို့ရွာတချို့ကို ဝင်ရောက် စစ်ဆေးတာတွေပြုလုပ်နေကြောင်း သိရပါတယ်။

မနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အတွင်း စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာနဲ့ ကြက်တောပြင် ကျေးရွာတွေမှာ တပ်၊ လဝက၊ ရဲတို့ပူးပေါင်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

” စစ်သားတွေ မြို့ထဲဝင်လာတယ်။ အခုလည်း အိမ်နားမှာရပ်နေကြတယ်။ တစ်စုံတစ်ရာ အနှောင့်အယှက် ပေးတာတော့မရှိဘူး။ မြို့ထဲဖက်မှာတော့ စစ်ဆေးတာတွေရှိတယ်လို့ ကြားတယ်။” လို့ ရသေ့တောင်မြို့ပေါ် ဒေသခံတစ်ဦးကပြောပါတယ်။

ဆက်လက်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းလောက်က ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာ တပ်မတော်စစ်ကြောင်း ဝင်ရောက်စစ်ဆေးပြီး ကျေးရွာတွင်းနေအိမ်တွေက ကြက်၊ ဝက်တွေနဲ့ အခြားပစ္စည်တွေယူဆောင်သွာကာ နှောင့်ယှက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” သူတို့ရွာကိုဝင်လာကြတယ်။ စစ်ဆေးတာတွေပါတွေလုပ်တယ်။ ကြက်တွေ၊ ဝက်တွေကို ပိုင်ရှင်က မပေးဘဲ အတင်းယူနေကြတယ်။ ဖုန်းတွေကိုလည်း ယူသွားတယ်။ ” လို့ ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူ း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးပထမတန်းပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားမှုမရှိပါ။

မနေ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့အတွင်း မြောက်ဦမြို့ အနီးမှာ တပ်အတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရသလို တောင်ကုတ်မြို့နယ်၊ ပေါက်ပြင်ကျေးရွာအနီး ကားလမ်းမပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကားတစ်စီး မိုင်ခွဲတိုက်ခိုက်ခံရကာ ပစ်ခတ်မှု တချို့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#voiceofmyanmar #VOM #ရခိုင်ပြည်နယ် #တပ်မတော်စစ်ဆေးမှုတွေလုပ်

Zawgyi

ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕ရြာတခ်ိဳ႕မွာ တပ္မေတာ္က ဝင္ေရာက္စစ္ေဆးမႈေတြျပဳလုပ္

စစ္ေတြ၊ ေဖေဖာ္ဝါရီ ၂၇- ၂၀၂၀
ခိုင္လင္းစံ(VOM)

ၿပီးခဲ့တဲ႔ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔က ေက်ာက္ေတာ္ၿမိဳ႕လယ္မွာ တပ္မေတာ္အရာ႐ွိတစ္ဦးအသတ္ခံရ တာ တျခားတပ္မေတာ္သားေတြကိုု အႏၱရယ္ျပဳတာေတြျဖစ္ခဲ႕ ၿပီးေနာက္ ရခိုင္ျပည္နယ္အတြင္း ယခုရက္ပိုင္းရက္ေတြမွာ တပ္မေတာ္က ၿမိဳ႕ရြာတခ်ိဳ႕ကို ဝင္ေရာက္ စစ္ေဆးတာေတြျပဳလုပ္ေနေၾကာင္း သိရပါတယ္။

မေန႔ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔အတြင္း စစ္ေတြၿမိဳ႕နယ္၊ ေအာင္တိုင္ေက်းရြာနဲ႔ ၾကက္ေတာျပင္ ေက်းရြာေတြမွာ တပ္၊ လဝက၊ ရဲတို႔ပူးေပါင္း စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ေၾကာင္း သတင္းရ႐ွိပါတယ္။

” စစ္သားေတြ ၿမိဳ႕ထဲဝင္လာတယ္။ အခုလည္း အိမ္နားမွာရပ္ေနၾကတယ္။ တစ္စံုတစ္ရာ အေႏွာင့္အယွက္ ေပးတာေတာ့မ႐ွိဘူး။ ၿမိဳ႕ထဲဖက္မွာေတာ့ စစ္ေဆးတာေတြ႐ွိတယ္လို႔ ၾကားတယ္။” လို႔ ရေသ့ေတာင္ၿမိဳ႕ေပၚ ေဒသခံတစ္ဦးကေျပာပါတယ္။

ဆက္လက္ၿပီး ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔ ေန႔လယ္ပိုင္းေလာက္က ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမႀကီးေက်းရြာ တပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္စစ္ေဆးၿပီး ေက်းရြာတြင္းေနအိမ္ေတြက ၾကက္၊ ဝက္ေတြနဲ႔ အျခားပစၥည္ေတြယူေဆာင္သြာကာ ေႏွာင့္ယွက္မႈေတြ႐ွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

” သူတို႔ရြာကိုဝင္လာၾကတယ္။ စစ္ေဆးတာေတြပါေတြလုပ္တယ္။ ၾကက္ေတြ၊ ဝက္ေတြကို ပိုင္႐ွင္က မေပးဘဲ အတင္းယူေနၾကတယ္။ ဖုန္းေတြကိုလည္း ယူသြားတယ္။ ” လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမႀကီးေက်းရြာက ေဒသခံအမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။

ဒီကိစၥနဲ႕ ပတ္သက္လိုု႕ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔အတြင္းေရးမွဴ း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းနဲ႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီးပထမတန္းေျပာေရးဆိုခြင့္႐ွိသူ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းကိုင္ေျဖၾကားမႈမ႐ွိပါ။

မေန႔ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔အတြင္း ေျမာက္ဦၿမိဳ႕ အနီးမွာ တပ္အေတာ္စစ္ေၾကာင္းတစ္ခု မိုင္းဆြဲတိုက္ခိုက္ခံရသလိုု ေတာင္ကုတ္ၿမိဳ ႔နယ္၊ ေပါက္ျပင္ေက်းရြာအနီး ကားလမ္းမေပၚမွာ ရဲတပ္ဖြဲ႔ဝင္ေတြရဲ့ ကားတစ္စီး မိုင္ခြဲတိုက္ခိုက္ခံရကာ ပစ္ခတ္မႈ တခ်ိဳ႕႐ွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

#voiceofmyanmar #VOM #ရခုုိင္ျပည္နယ္ #တပ္မေတာ္စစ္ေဆးမွုုေတြလုုပ္

Related posts

Leave a Comment

VOM News

FREE
VIEW