သမဝါယမတက္ကသိုလ်(သန်လျင်) မှာ  ကျောင်းသားထုအခွင့်အရေး အတွက် တောင်းဆို လှုပ်ရှားမှု ပြုလုပ်

သမဝါယမတက္ကသိုလ်(သန်လျင်) မှာ  ကျောင်းသားထုအခွင့်အရေး အတွက် တောင်းဆို လှုပ်ရှားမှု ပြုလုပ်

သန်လျင်-ဖေဖေါ်ဝါရီ-၂၇-၂၀၂၀
စွဲ့ဝတီ (VOM)

သမဝါယမတက္ကသိုလ်(သန်လျင်) ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ ဒီမိုကရေစီပညာရေးနဲ့ ကျောင်းသားထုအခွင့်အရေး အတွက် တောင်းဆို လှုပ်ရှားမှုကို ဒီကနေ့ နေ့လယ်ပိုင်း သမဝါယမတက္ကသိုလ်(သန်လျင်)ကျောင်းဝင်းအတွင်း မှာ ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်တို့ လှုပ်ရှားမူက တောင်းဆိုချက် သုံးခုရှိပါတယ်။ ပထမတစ်ခုကတော့ သမဝါယမတက္ကသိုလ် (သန်လျင်)မှာ ကျဉ်းမြောင်းနေတဲ့ တက္ကသိုလ်လမ်းမကို ပြုပြင် တိုးချဲ့ဖောက်လုပ်ပေးဖို့ပေါ့။ အဲဒါကလမ်းပိုင်းပေါ့။ နောက်တစ်ခုကတော့ အဆောင်ပေါ့။ ကျွန်တော်တို့ ကျောင်းမှာ နယ်ကနေ လာပြီး ကျောင်းတက်တဲ့သူတွေ များတယ်။ ပုဂ္ဂလိက အဆောင်တွေမှာပဲ ကျောင်းသားကျောင်းသူတွေက ငွေကြေးပေးပြီးနေနေရတယ်။ အစားအသောက်တွေကိုလည်း သူတို့ အဆင်ပြေသလို ဝယ်စားနေရတယ်။ ဒါကြောင့် ကျောင်းသားကျောင်းသူတွေ နေရထိုင်ရတာက အဆင်ပြေအောင်၊ ကျောင်းတွင်းမှာ အဆောင်ဆောက်လုပ်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။ နောက်တစ်ချက်က အားကစားခန်းမပေါ့။ ကျောင်းသားကျောင်းသူအတွက် အားကစားခန်းမအသုံးပြုခွင့်ကလည်း သွားလိုက်ရင် သော့ခတ်ထားတာပဲ တွေ့ရတယ်။ အထဲမှာ အားကစားဆိုင်ရာ ပစ္စည်းထောက်ပံ့မူ မရှိဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပါမောက္ခချုပ်နဲ့သွားတွေ့ပြီးတော့ စကားပြောတဲ့ အခါမှာ အားကစားဝန်ကြီးဌာန အားကစားပစ္စည်းထောက်ပံ့ပေးဖို့ တင်ပြထားတယ်ဆိုပြီးတော့ ကတိပေးတယ်။ ဒါပေမဲ့ အခုထိလုပ်ပေးခြင်းမရှိဘူး”လို့ သမဝါယမတက္ကသိုလ်(သန်လျင်) ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်က ဥက္ကဌ ကိုထူးအေးလင်းကပြောပါတယ်။

အဲ့ဒီတောင်းဆိုမူတွေကတော့ သမဝါယမတက္ကသိုလ် (သန်လျင်)တွင်
ကျောင်းဝန်းအတွင်းကျောင်းသား(သူ)အိပ်ဆောင်များဆောက်လုပ်ပေးဖို့၊
တက္ကသိုလ်လမ်းမကို ပြုပြင် တိုးချဲ့ဖောက်လုပ်ပေးဖို့၊ အားကစားခန်းမကို ကျောင်းသား/သူများ လွတ်လပ်စွာအသုံးပြုခွင့်ပေးဖို့တို့ ဖြစ်တယ်လို့ သိရပါတယ်။

လှုပ်ရှားမူပြုလုပ်တဲ့အခါမှာ ဒီမိုကရေစီ ပညာရေး ရရှိရေး – ဒို့အရေး၊ ရောသမမွှေထားတဲ့ ပညာရေးစနစ် – အလိုမရှိ ကျောင်းသားထုအခွင့်အရေး အပြည့်အဝရရှိရေး – ဒို့အရေး၊ ကျောင်းတွင်း ကျောင်းသားအိပ်ဆောင်များ ရရှိရေး – ဒို့အရေး၊ အားကစားရုံအား လွတ်လပ်စွာ အသုံးပြုခွင့်ရရှိရေး – ဒို့အရေး၊ တိုးချဲ့ပြုပြင်ထားတဲ့ကျောင်းလမ်းမရရှိရေး – ဒို့အရေးကြွေးကြော်သံတွေပြီးတော့ ကြွေးကြော်ပြီးတော့ လှုပ်ရှားမူ ပြုလုပ်ရတဲ့ အကြောင်းကိုလည်း ဟောပြောခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သမဝါယမတက္ကသိုလ် #သန်လျင်

Zawgyi

သမဝါယမတကၠသိုလ္(သန္လ်င္) မွာ  ေက်ာင္းသားထုအခြင့္အေရးအတြက္ ေတာင္းဆို လႈပ္ရွားမႈ ျပဳလုပ္

သန္လ်င္-ေဖေဖၚဝါရီ-၂၇-၂၀၂၀
စြဲ႕၀တီ (VOM)

သမဝါယမတကၠသိုလ္(သန္လ်င္) ေက်ာင္းသားမ်ားသမဂၢ ဗကသမ်ားအဖြဲ႕ခ်ဳပ္က ဦးေဆာင္ၿပီးေတာ့ ဒီမိုကေရစီပညာေရးနဲ႔ ေက်ာင္းသားထုအခြင့္အေရး အတြက္ ေတာင္းဆို လႈပ္ရွားမႈကို ဒီကေန႔ ေန႔လယ္ပိုင္း သမဝါယမတကၠသိုလ္(သန္လ်င္)ေက်ာင္းဝင္းအတြင္း မွာ ျပဳလုပ္ခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ လႈပ္ရွားမူက ေတာင္းဆိုခ်က္ သုံးခုရွိပါတယ္။ ပထမတစ္ခုကေတာ့ သမဝါယမတကၠသိုလ္ (သန္လ်င္)မွာ က်ဥ္းေျမာင္းေနတဲ့ တကၠသိုလ္လမ္းမကို ျပဳျပင္ တိုးခ်ဲ႕ေဖာက္လုပ္ေပးဖို႔ေပါ့။ အဲဒါကလမ္းပိုင္းေပါ့။ ေနာက္တစ္ခုကေတာ့ အေဆာင္ေပါ့။ ကြၽန္ေတာ္တို႔ ေက်ာင္းမွာ နယ္ကေန လာၿပီး ေက်ာင္းတက္တဲ့သူေတြ မ်ားတယ္။ ပုဂၢလိက အေဆာင္ေတြမွာပဲ ေက်ာင္းသားေက်ာင္းသူေတြက ေငြေၾကးေပးၿပီးေနေနရတယ္။ အစားအေသာက္ေတြကိုလည္း သူတို႔ အဆင္ေျပသလို ဝယ္စားေနရတယ္။ ဒါေၾကာင့္ ေက်ာင္းသားေက်ာင္းသူေတြ ေနရထိုင္ရတာက အဆင္ေျပေအာင္၊ ေက်ာင္းတြင္းမွာ အေဆာင္ေဆာက္လုပ္ေပးဖို႔ ေတာင္းဆိုတာျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က အားကစားခန္းမေပါ့။ ေက်ာင္းသားေက်ာင္းသူအတြက္ အားကစားခန္းမအသုံးျပဳခြင့္ကလည္း သြားလိုက္ရင္ ေသာ့ခတ္ထားတာပဲ ေတြ႕ရတယ္။ အထဲမွာ အားကစားဆိုင္ရာ ပစၥည္းေထာက္ပံ့မူ မရွိဘူး။ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ပါေမာကၡခ်ဳပ္နဲ႔သြားေတြ႕ၿပီးေတာ့ စကားေျပာတဲ့ အခါမွာ အားကစားဝန္ႀကီးဌာန အားကစားပစၥည္းေထာက္ပံ့ေပးဖို႔ တင္ျပထားတယ္ဆိုၿပီးေတာ့ ကတိေပးတယ္။ ဒါေပမဲ့ အခုထိလုပ္ေပးျခင္းမရွိဘူး”လို႔ သမဝါယမတကၠသိုလ္(သန္လ်င္) ေက်ာင္းသားမ်ားသမဂၢ ဗကသမ်ားအဖြဲ႕ခ်ဳပ္က ဥကၠဌ ကိုထူးေအးလင္းကေျပာပါတယ္။

အဲ့ဒီေတာင္းဆိုမူေတြကေတာ့ သမဝါယမတကၠသိုလ္ (သန္လ်င္)တြင္
ေက်ာင္းဝန္းအတြင္းေက်ာင္းသား(သူ)အိပ္ေဆာင္မ်ားေဆာက္လုပ္ေပးဖို႔၊
တကၠသိုလ္လမ္းမကို ျပဳျပင္ တိုးခ်ဲ႕ေဖာက္လုပ္ေပးဖို႔၊ အားကစားခန္းမကို ေက်ာင္းသား/သူမ်ား လြတ္လပ္စြာအသုံးျပဳခြင့္ေပးဖို႔တို႔ ျဖစ္တယ္လို႔ သိရပါတယ္။

လႈပ္ရွားမူျပဳလုပ္တဲ့အခါမွာ ဒီမိုကေရစီ ပညာေရး ရရွိေရး – ဒို႔အေရး၊ ေရာသမေမႊထားတဲ့ ပညာေရးစနစ္ – အလိုမရွိ ေက်ာင္းသားထုအခြင့္အေရး အျပည့္အဝရရွိေရး – ဒို႔အေရး၊ ေက်ာင္းတြင္း ေက်ာင္းသားအိပ္ေဆာင္မ်ား ရရွိေရး – ဒို႔အေရး၊ အားကစား႐ုံအား လြတ္လပ္စြာ အသုံးျပဳခြင့္ရရွိေရး – ဒို႔အေရး၊ တိုးခ်ဲ႕ျပဳျပင္ထားတဲ့ေက်ာင္းလမ္းမရရွိေရး – ဒို႔အေရးေၾကြးေၾကာ္သံေတြၿပီးေတာ့ ေႂကြးေၾကာ္ၿပီးေတာ့ လႈပ္ရွားမူ ျပဳလုပ္ရတဲ့ အေၾကာင္းကိုလည္း ေဟာေျပာခဲ့တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #သမဝါယမတကၠသိုလ္ #သန္လ်င္

Related posts

Leave a Comment

VOM News

FREE
VIEW