ဒေသခံတွေကန့်ကွက်တဲ့ ဝိုင်းမော်မြို့က Mini Shopping Center စီမံကိန်းကို ရုတ်သိမ်းစာတင်

ဒေသခံတွေကန့်ကွက်တဲ့ ဝိုင်းမော်မြို့က Mini Shopping Center စီမံကိန်းကို ရုတ်သိမ်းစာတင် မြစ်ကြီးနား၊ မေ ၂၃-၂၀၂၀ ရန်အောင်ထွန်း(VOM) ဝိုင်းမော်မြို့၊ ရပ်ကွက် (၁) ဧရာမော်ပန်းခြံအတွင်း ရုပ်ရှင်ရုံပါဝင်တဲ့ Mini Shopping Center တည်ဆောက်ရေးစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်လာတဲ့အတွက် လုပ်ငန်းရှင်ဘက်က လုပ်ငန်းပြန်လည်ရုတ်သိမ်းကြောင်း မေလ ၂၂ ရက်နေ့က စာတင်ထားတယ်လို့ ပြည်နယ်စည်ပင်ဝန်ကြီး ဦးနော်လီက ပြောပါတယ်။ အဲ့ဒီစီမံကိန်းကို ဝိုင်းမော်ဒေသခံ ၄၁ ဦး စုပေါင်းလက်မှတ်ထိုးပြီး မေလ ၁၂ ရက်နေ့က ကချင်ပြည်နယ်အစိုးရဆီကို ကန့်ကွက်စာတင်ခဲ့တာဖြစ်ပါတယ်။ မေလ ၁၄ ရက်နေ့မှာတော့ အဲ့ဒီစီမံကိန်းကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ၊ စည်ပင်ဝန်ကြီး ဦနော်လီနဲ့ ဆောက်လုပ်မယ့် ဂင်လွှမ်း ကုမ္ပဏီလိမိတက် ဒါရိုက်တာ ဦးဇယ်နောတို့ ပန္နက်ရိုက်ပေးသွားတာဖြစ်ပြီး လုပ်ငန်းရှင်ဘက်က လုပ်ငန်းရုတ်သိမ်းစာကိုတော့ ဝန်ကြီးချုပ်ဆီ တင်ပြပေးသွားမယ်လို့…

Read More

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံရတဲ့ ကျောက်ဆိပ်ရွာသား ၅ ဦးကို စစ်တွေအကျဉ်းထောင်ကိုပို့ထား

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံရတဲ့ ကျောက်ဆိပ်ရွာသား ၅ ဦးကို စစ်တွေအကျဉ်းထောင်ကိုပို့ထား စစ်တွေ၊ မေ ၂၃- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်ဆီးခံထားရသူ (၅)ဦးကို မနေ့မေလ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်က စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး စစ်တွေအကျဉ်းထောင်ကို ပို့ခဲ့တယ်လို့ သိရပါတယ်။ မနေ့ကရုံးထုတ်မှုမှာ ပါဝင်သူတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်က (၅) ယောက်နဲ့ မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာက တစ်ဦးတို့ဖြစ်တယ်လို့သိရပြီး သူတို့အားလုံးကို (ပ) ၈/ ၂၀၂၀၊ ၂၀၁၄ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၀(ည)၊ ၅၂ (က) နဲ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ တပ်မတော်က တရားလိုလုပ်ပြီး တိုင်တန်းထားတာဖြစ်တယ်လို့ သိရပါတယ်။ ကျောက်ဆိပ်ကျေးရွာက ဖမ်းဆီးခံရသူတွေရဲ့ မနေ့က…

Read More
VOM News

FREE
VIEW