ဒိုက်ဦးမြို့မှာ ကျောင်းအပ်ဖို့လာတဲ့ နဝမတန်း ကျောင်းသားတစ်ဦး ကားတိုက်ခံရပြီးသေဆုံး

ဒိုက်ဦးမြို့မှာ ကျောင်းအပ်ဖို့လာတဲ့ နဝမတန်း ကျောင်းသားတစ်ဦး ကားတိုက်ခံရပြီးသေဆုံး

နေပြည်တော်၊ ဇူလိုင် ၁၄-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်မှာ ဇူလိုင်လ ၁၃ ရက် မနက်ပိုင်းက ကျောင်းအပ်ဖို့လာတဲ့ နဝမတန်းကျောင်းသားတစ်ဦး ကားနဲ့တိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ အေးသုခနယ်မြေရဲစခန်းကနေ သိရပါတယ်။

“ရှေ့ကမောင်းတဲ့ကောင်လေးလည်း ပေါက်ပြဲထိခိုက်ဒဏ်ရာ‌တွေရပေမယ့် စိုးရိမ်စရာမရှိတော့ဘူး။ နောက်ကပါလာတဲ့ကျောင်းသားလေးက အခင်းဖြစ်နေရာမှာ သေသွားတယ်”လို့ အေးသုခနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်သန့်ဇင်ဦးကပြောပါတယ်။

ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောကျေးရွာမှာနေထိုင်တဲ့ အသက်(၁၉နှစ်)အရွယ် အမျိုးသားတစ်ဦးက ဆိုင်ကယ်မောင်းလာပြီး ဆိုင်ကယ်နောက်မှာ အသက်(၁၄)နှစ်အရွယ် နဝမတန်းကျောင်းသား လိုက်ပါလာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဆိုင်ကယ်ဟာ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ပဲခူးဘက်ကနေ ဒိုက်ဦးဘက်ကို မောင်းလာစဉ် မိုင်တိုင် ၇၄ နားအရောက်မှာ ဦးစိုးထက်ဝင်း(၃၄နှစ်)ဆိုသူ မောင်းလာတဲ့ PROBOX အဖြူရောင်(၄)ဘီးယာဉ်က အရှိန်နဲ့ဝင်တိုက်မိတဲ့အတွက် ဆိုင်ကယ်ဟာ လမ်းဘေး ထိုးကျတိမ်း‌မှောက်သွားပြီးနောက် အခင်းဖြစ်နေရာမှာ အသက်(၁၄)နှစ်အရွယ်ကျောင်းသားတစ်ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ အေးသုခနယ်မြေရဲစခန်းကနေ သိရပါတယ်။

ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး မော်တော်ကားမောင်းလာတဲ့ ဦးစိုးထက်ဝင်းကို အေးသုခရဲစခန်းမှ ယာဉ်(ပ)၇/၂၀၂၀၊ ရာဇသတ်ကြီး ဥပ‌ဒေပုဒ်မ ၃၀၄-က/၃၃၈နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Photo – မြတ်သူ(ဒိုက်ဦး)
#voiceofmyanmar #VOM #ဒိုက်ဦး

Zawgyi

ဒိုက္ဦးၿမိဳ႕မွာ ေက်ာင္းအပ္ဖို႔လာတဲ့ နဝမတန္း ေက်ာင္းသားတစ္ဦး ကားတိုက္ခံရၿပီးေသဆုံး

ေနျပည္ေတာ္၊ ဇူလိုင္ ၁၄-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ဒိုက္ဦးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး ကားလမ္းေဟာင္းေပၚမွာ ဇူလိုင္လ ၁၃ ရက္ မနက္ပိုင္းက ေက်ာင္းအပ္ဖို႔လာတဲ့ နဝမတန္းေက်ာင္းသားတစ္ဦး ကားနဲ့တိုက္ခံရၿပီး ေသဆုံးခဲ့တယ္လို႔ ေအးသုခနယ္ေျမရဲစခန္းကေန သိရပါတယ္။

“ေရွ႕ကေမာင္းတဲ့ေကာင္ေလးလည္း ေပါက္ၿပဲထိခိုက္ဒဏ္ရာ‌ေတြရေပမယ့္ စိုးရိမ္စရာမရွိေတာ့ဘူး။ ေနာက္ကပါလာတဲ့ေက်ာင္းသားေလးက အခင္းျဖစ္ေနရာမွာ ေသသြားတယ္”လို႔ ေအးသုခနယ္ေျမရဲစခန္းမွ စခန္းမွဴးရဲအုပ္သန႔္ဇင္ဦးကေျပာပါတယ္။

ဒိုက္ဦးၿမိဳ႕နယ္၊ က်ိဳက္ဇေကာေက်း႐ြာမွာေနထိုင္တဲ့ အသက္(၁၉ႏွစ္)အရြယ္ အမ်ိဳးသားတစ္ဦးက ဆုိင္ကယ္ေမာင္းလာၿပီး ဆိုင္ကယ္ေနာက္မွာ အသက္(၁၄)ႏွစ္အရြယ္ နဝမတန္းေက်ာင္းသား လိုက္ပါလာခဲ့တာျဖစ္ပါတယ္။

အဲ့ဒီဆုိင္ကယ္ဟာ ရန္ကုန္-မႏၲေလးလမ္းေဟာင္းအတိုင္း ပဲခူးဘက္ကေန ဒိုက္ဦးဘက္ကို ေမာင္းလာစဥ္ မိုင္တိုင္ ၇၄ နားအေရာက္မွာ ဦးစိုးထက္ဝင္း(၃၄ႏွစ္)ဆိုသူ ေမာင္းလာတဲ့ PROBOX အျဖဴေရာင္(၄)ဘီးယာဥ္က အရွိန္နဲ႔ဝင္တိုက္မိတဲ့အတြက္ ဆိုင္ကယ္ဟာ လမ္းေဘး ထိုးက်တိမ္း‌ေမွာက္သြားၿပီးေနာက္ အခင္းျဖစ္ေနရာမွာ အသက္(၁၄)ႏွစ္အရြယ္ေက်ာင္းသားတစ္ဦး ေသဆုံးခဲ့တာျဖစ္တယ္လို႔ ေအးသုခနယ္ေျမရဲစခန္းကေန သိရပါတယ္။

ယာဥ္တိုက္မႈႏွင့္ပတ္သက္ၿပီး ေမာ္ေတာ္ကားေမာင္းလာတဲ့ ဦးစိုးထက္ဝင္းကို ေအးသုခရဲစခန္းမွ ယာဥ္(ပ)၇/၂၀၂၀၊ ရာဇသတ္ႀကီး ဥပ‌ေဒပုဒ္မ ၃၀၄-က/၃၃၈နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

Photo – ျမတ္သူ(ဒိုက္ဦး)
#voiceofmyanmar #VOM #ဒိုက္ဦး

Related posts

Leave a Comment

VOM News

FREE
VIEW