မြဝတီမြို့မှာရှိတဲ့ ရွှေကုက္ကိုလ်အိမ်ယာစီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ စိစစ်ခွင့်ပြုခဲ့တာဖြစ်

မြဝတီမြို့မှာရှိတဲ့ ရွှေကုက္ကိုလ်အိမ်ယာစီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ စိစစ်ခွင့်ပြုခဲ့တာဖြစ်

နေပြည်တော်၊ ဇူလိုင် ၁၅-၂၀၂၀
စွမ်းရဲထွဋ် (VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့မှာရှိတဲ့ ရွှေကုက္ကိုလ်အိမ်ယာစီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ စီစစ်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗရက်ဆင်းက ဒီကနေ့မနက်ပိုင်းပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်မေးမြန်းတဲ့ မြဝတီ မြို့နယ်၊ ရွှေကုက္ကိုလ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုထားမှု အသေးစိပ်အခြေအနေကို သိရှိလိုခြင်းနဲ့ စပ်လျှဉ်းတဲ့မေးခွန်းကို ပြန်လည်းဖြေကြားစဉ် ပြောဆိုလိုက်တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က Myanmar Yatai International Holding Group Co., Ltd. ကို “Construction, Operation and Leasing of High- End Villas လုပ်ငန်း” ဆောင်ရွက်ရန်အတွက် ခွင့်ပြုခဲ့သည့် ရွှေကုက္ကိုလ်အိမ်ယာစီမံကိန်းသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ-၆၅ပါ ရင်းနှီးမြှုပ်နှံသူ၏ တာဝန်ဝတ္တရားများအပါအဝင် ဥပဒေအရ လိုက်နာရမည့် စည်းကမ်းများအားလုံးကို ဆောင်ရွက်ရမည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ခြင်း၊ ချိုးဖောက်ခြင်းနှင့် သွေဖယ်ခြင်းတို့ကို စီစစ်တွေ့ရှိရပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်”လို့ ဒုတိယဝန်ကြီးက ပြောခဲ့ပါတယ်။

အဆင့်မြင့် လူနေအိမ်ယာတွေ ဆောက်လုပ်ဖို့အတွက် အဲ့ဒီစီမံကိန်းကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အကွက်အမှတ် (OSS-၆၉-ဃ)၊ ရွှေကုက္ကိုလ်မြိုင် အပြင်ကွင်း၊ ဦးပိုင်အမှတ် (၂)၊ ပူလွဲပူကျေးရွာရှိ မြေဧရိယာ ၂၅.၅ ဧကပေါ်မှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်ကတည်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီလုပ်ငန်းမှာ အစုရှယ်ယာတွေအနေနဲ့ မြန်မာနိုင်ငံမှ ဦးစောမင်းမင်းဦးက ၂၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီး ယားနိုင်ငံမှ Mr.Tang Kriang Kaiက ၆၇.၈၈ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ Mr. Lim Jun Jieက ၈.၀၈ ရာခိုင်နှုန်းနဲ့ Mr. Chow Tiam Yu က ၄.၀၄ ရာခိုင်နှုန်း အသီးသီးထည့်ဝင်ထားကြတယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၂၂.၅ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုသက်တမ်းကာလက နှစ်ပေါင်း ၃၀ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ၿမဝတီၿမိဳ႕မွာရွိတဲ့ ေရႊကုကၠိဳလ္အိမ္ယာစီမံကိန္းကို ၿမန္မာနုိင္ငံရင္းႏွီးၿမွဳပ္နွံမႈ ဥပေဒနဲ႔အညီ စိစစ္ခြင့္ၿပဳခဲ့တာၿဖစ္

ေနၿပည္ေတာ္၊ ဇူလုိင္ ၁၅-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

ကရင္ၿပည္နယ္၊ ၿမဝတီၿမိဳ႕မွာရွိတဲ့ ေရႊကုကၠိဳလ္အိမ္ယာစီမံကိန္းကို ၿမန္မာနုိင္ငံရင္းႏွီးၿမွဳပ္နွံမႈ ဥပေဒနဲ႔အညီ စီစစ္ခြင့္ၿပဳခဲ့တာၿဖစ္တယ္လို႔ ရင္းႏွီးၿမွဳပ္ႏွံမႈႏွင့္ နုိင္ငံၿခားစီးပြားဆက္သြယ္ေရးဝန္ၾကီးဌာနမွ ဒုတိယဝန္ၾကီး ဦးဗရက္ဆင္းက ဒီကေန႔မနက္ပိုင္းျပဳလုပ္တဲ့ ၿပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ ေၿပာခဲ့တာျဖစ္ပါတယ္။

ကရင္ၿပည္နယ္၊ ၿမဝတီမဲဆႏၵနယ္က ၿပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးစိန္ဗုိလ္ေမးၿမန္းတဲ့ ၿမဝတီ ၿမိဳ႕နယ္၊ ေရႊကုကၠိဳလ္တြင္ တရုတ္ရင္းႏွီးၿမွဳပ္ႏွံမႈကုိ ၿမန္မာနုိင္ငံရင္းႏွီးၿမွဳပ္ႏွံမႈေကာ္မရွင္ (MIC) က ခြင့္ၿပဳထားမႈ အေသးစိပ္အေၿခအေနကို သိရွိလုိၿခင္းနဲ႔ စပ္လွ်ဥ္းတဲ့ေမးခြန္းကုိ ျပန္လည္းေၿဖၾကားစဥ္ ေၿပာဆုိလုိက္တာၿဖစ္ပါတယ္။

“ၿမန္မာနုိင္ငံ ရင္းႏွီးၿမွဳပ္နွံမႈေကာ္မရွင္က Myanmar Yatai International Holding Group Co., Ltd. ကို “Construction, Operation and Leasing of High- End Villas လုပ္ငန္း” ေဆာင္ရြက္ရန္အတြက္ ခြင့္ၿပဳခဲ့သည့္ ေရႊကုကၠိဳလ္အိမ္ယာစီမံကိန္းသည္ ၿမန္မာနုိင္ငံရင္းႏွီးၿမွဳပ္ႏွံမႈ ဥပေဒနဲ႔အညီ စိစစ္ခြင့္ၿပဳခဲ့ၿခင္းၿဖစ္ပါတယ္။ ထုိ႔ေၾကာင့္ ကုမၸဏီအေနနဲ႔ ၿမန္မာနုိင္ငံရင္းႏွီးၿမွဳပ္ႏွံမႈဥပေဒပုဒ္မ-၆၅ပါ ရင္းႏီွးၿမွဳပ္နွံသူ၏ တာဝန္ဝတၱရားမ်ားအပါအဝင္ ဥပေဒအရ လုိက္နာရမည့္ စည္းကမ္းမ်ားအားလံုးကုိ ေဆာင္ရြက္ရမည္ၿဖစ္ၿပီး လုိက္နာရန္ ပ်က္ကြက္ၿခင္း၊ ခ်ိဳးေဖာက္ၿခင္းႏွင့္ ေသြဖယ္ၿခင္းတုိ႔ကို စီစစ္ေတြ႔ရွိရပါက ၿမန္မာနုိင္ငံရင္းႏွီးၿမွဳပ္ႏွံမႈဥပေဒနွင့္အညီ အေရးယူေဆာင္ရြက္သြားမည္ၿဖစ္ပါေၾကာင္း ရွင္းလင္းေၿဖၾကားအပ္ပါတယ္”လို႔ ဒုတိယဝန္ၾကီးက ေၿပာခဲ့ပါတယ္။

အဆင့္ၿမင့္ လူေနအိမ္ယာေတြ ေဆာက္လုပ္ဖုိ႔အတြက္ အဲ့ဒီစီမံကိန္းကုိ ကရင္ၿပည္နယ္၊ ၿမဝတီၿမိဳ႕နယ္ အကြက္အမွတ္ (OSS-၆၉-ဃ)၊ ေရႊကုကၠိဳလ္ၿမိဳင္ အၿပင္ကြင္း၊ ဦးပုိင္အမွတ္ (၂)၊ ပူလြဲပူေက်းရြာရွိ ေၿမဧရိယာ ၂၅.၅ ဧကေပၚမွာ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ ၃၀ ရက္ကတည္းက ၿမန္မာနုိ္င္ငံရင္းႏွီးၿမွဳပ္ႏွံမႈေကာ္မရွင္က ခြင့္ၿပဳခဲ့တာၿဖစ္တယ္လို႔ ေျပာပါတယ္။

အဲ့ဒီလုပ္ငန္းမွာ အစုရွယ္ယာေတြအေနနဲ႔ ၿမန္မာနုိင္ငံမွ ဦးေစာမင္းမင္းဦးက ၂၀ ရာခုိင္ႏႈန္း၊ ကေမာၻဒီး ယားနုိင္ငံမွ Mr.Tang Kriang Kaiက ၆၇.၈၈ ရာခုိင္ႏႈန္း၊ မေလးရွားနုိင္ငံမွ Mr. Lim Jun Jieက ၈.၀၈ ရာခုိင္ႏႈန္းနဲ႔ Mr. Chow Tiam Yu က ၄.၀၄ ရာခုိင္ႏႈန္း အသီးသီးထည့္ဝင္ထားၾကတယ္လို႔ သိရပါတယ္။ ကုမၸဏီရဲ့ မတည္ေငြရင္းပမာဏမွာ အေမရိကန္ေဒၚလာ ၂၂.၅ သန္းၿဖစ္ၿပီး ရင္းႏွီးၿမွဳပ္ႏွံမႈသက္တမ္းကာလက ႏွစ္ေပါင္း ၃၀ ၿဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW