ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက အထူးရဲတပ်ဖွဲ့ဝင် လေးသောင်းလောက် ခန့်ထားသွားမယ်ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက အထူးရဲတပ်ဖွဲ့ဝင် လေးသောင်းလောက် ခန့်ထားသွားမယ်

ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက အထူးရဲတပ်ဖွဲ့ဝင် လေးသောင်းလောက် ခန့်ထားသွားမယ် နေပြည်တော်၊ ဇူလိုင် ၁၅-၂၀၂၀ စွမ်းရဲထွဋ် (VOM) ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနကနေ အထူးရဲတပ်ဖွဲ့ဝင် လေးသောင်းလောက် ခန့်ထားသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က မနေ့ဇူလိုင်လ ၁၅ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေကို ပြောခဲ့တာဖြစ်ပါတယ်။ “ပြည်ထဲရေးဝန်ကြီးဌာနမှာရှိတဲ့ အထူးရဲတွေဆိုရင် လေးသောင်းကျော်လောက်ခန့်မှာပါ၊ လုံခြုံရေးကတော့ ပြည်ထဲရေးကနေ သေသေချာချာ ဘယ်လိုတွေဆောင်ရွက်မယ်ဆိုပြီးတော့ အထူးရဲတွေခန့်မယ်။ သင်တန်းတွေပေးမယ်ဆိုပြီးတော့ လုပ်တယ်”လို့ ဦးမြင့်နိုင်ကပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ လူထုမဲဆန္ဒရှင်တွေ စိတ်ချ၊ လုံ ခြုံအောင်၊ ဘေးကင်းစွာနဲ့ မဲပေးနိုင်အောင်၊ စိတ်အေးချမ်းသာစွာနဲ့ ပေးနိုင်အောင် ဆောင်ရွက်သွားမှာပါလို့ ပြောပါတယ်။ ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာနကလည်း မီဒီယာတွေရော၊ ပုဂ္ဂလိမီဒီယာတွေရော၊ ကျန်တဲ့ အသံ လွှင့် မီဒီယာတွေရော အကုန်လုံးကနေ…

Read More

လက်ထိပ်နဲ့ခြိမ်းခြောက်ငွေတောင်းခံတဲ့ နေပြည်တော်တိုင်မ်း ဂျာနယ်သတင်းထောက်ဆိုသူနှစ်ဦးကို ဖမ်းဆီးအမှုဖွင့်

လက်ထိပ်နဲ့ခြိမ်းခြောက်ငွေတောင်းခံတဲ့ နေပြည်တော်တိုင်မ်း ဂျာနယ်သတင်းထောက်ဆိုသူနှစ်ဦးကို ဖမ်းဆီးအမှုဖွင့် နေပြည်တော်၊ ဇူလိုင် ၁၅-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်က တရုတ်သချိုင်္င်းအနီးမှာ မနေ့ဇူလိုင်လ ၁၄ ရက်နေ့ညနေပိုင်းက လက်ထိပ်တစ်ခုကို တရားမဝင်ကိုင်ဆောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံ‌နေတဲ့ နေပြည်တာ်တိုင်းဂျာနယ်သတင်းထောက်နှစ်ဦးကိုဖမ်းဆီးခဲ့တယ်လို့လာရှိုးမြို့မရဲစခန်းကပြောပါတယ်။ “သူတို့က သင်္ချိုင်းကုန်းအနီးနားက လူငယ်အချို့ကို ခြိမ်း‌ခြောက်ငွေတောင်းနေတာပါ။ ကောင်လေးအချို့က အနီးနားမှာ လာလေ့ရှိတယ်။ သောက်စားမူးယစ်တဲ့ကိစ္စနဲ့ပါ။ လက်တလောပုဒ်မ ၅ ခုနဲ့ အမှုဖွင့်ထားတယ်”လို့ လာရှိူးမြို့မရဲစခန်းမှ အမှုစစ် ရဲအရာရှိတစ်ဦးကပြောပါတယ်။ ဖြစ်စဉ်ဖြစ်တဲ့ညနေပိုင်းက လားရှိုးမြို့နယ်၊ တရုတ်သချိုၤင်းအနီးမှာ အမျိုးသားနှစ်ယောက်က လက်ထိပ်တွေကိုင်ဆောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံနေကြောင်း သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတွေက သက်သေတွေက သွားရောက်စစ်ဆေးရာကနေ ကျော်ကျော်(၄၀ နှစ်) နဲ့ မျိုးနိုင်ဦး(၄၂ နှစ်)တို့ နှစ်ဦးကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးကို လမ်းလျောက် စကားပြောစက်၊ ရဲတပ်ဖွဲ့သုံး လက်ထိပ်တစ်ခု၊ နေပြည်တော်တိုင်း မှုခင်းသတင်းဂျာနယ်အသိမှတ်ပြု သတင်းထောက်ကတ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။…

Read More

တပ်မတော်နဲ့ RCSSအဖွဲ့တို့တိုက်ပွဲဖြစ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေပိတ်မိနေ

တပ်မတော်နဲ့ RCSSအဖွဲ့တို့တိုက်ပွဲဖြစ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေပိတ်မိနေ ကျောက်မဲ၊ ဇူလိုင် ၁၅-၂၀၂၀ Voice Of Myanmar ကျောက်မဲမြို့နဲ့ မိုင်၃၀လောက်ကွာတဲ့ ပိုင်ကျန်နားက တောစပ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ RCSS(ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်/တောင်ပိုင်းတပ်ဖွဲ့)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကျောက်မဲမြို့မှာ ဇွန်လ(၂၉)ရက်‌နေ့က တပ်မတော်ကနေ ရှမ်းအမျိုးသားတစ်ဦးကို အကြောင်းမဲ့ပစ်ခတ်ခဲ့ပြီးသေဆုံးခဲ့တဲ့အပြင် အမျိုးသမီး(၃)ဦးလည်း ထိခိုက်ဒဏ်ရာရရခဲ့တဲ့ ကိစ္စကို လူပေါင်းထောင်ချီပြီးတော့ ဆန္ဒပြခဲ့ပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးကော်မတီဖွဲ့ပြီး သွားရောက်စစ်ဆေးရာမှာ တိုက်ပွဲကြောင့်မို့ စစ်ဆေးရေးအဖွဲ့တွေပိတ်မိနေတာ ဖြစ်ပါတယ်။ ရှမ်းပြည်တောင်ပိုင်း ဒေသခံတစ်ဦးပြောတာက”ကျောက်မဲနဲ့ မိုင်၃၀လောက်ကွာတဲ့ ပိုင်ကျန်နားက တောစပ်မှာ အာစီအက်စ်အက်စ်နဲ့ တပ်မတော် တိုက်ပွဲဖြစ်နေလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေပိတ်မိနေပါတယ်။ ဗျူဟာမှူး ဗိုလ်မှူးကြီးတစ်ဦး၊ ထွေအုပ်ဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့က တချို့ပါဝင်တယ်၊ နားလည်မှုလွဲ တိုင်ပင်မှုမရှိ ပွင့်လင်းမြင်သာမှုမရှိတာလို့မြင်တယ်။ကယ်ဆယ်ရေးတွေလည်း သွားလို့မရသေးဘူး စောင့်နေပါတယ်”လို့ပြောပါတယ်။ ဒီလိုလူသေမှုကိစ္စကြောင့် ကျောက်မဲမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၀)ရက်နေ့က ‌ဆန္ဒပြမှုပြုလုပ်ခဲ့ပြီး…

Read More

ရသေ့တောင်မြို့နယ်မှာ ကျေးရွာ(၄)ရွာက ဒေသခံ(၄၀၀၀)ကျော် နေရပ်စွန့်ခွာ

ရသေ့တောင်မြို့နယ်မှာ ကျေးရွာ(၄)ရွာက ဒေသခံ(၄၀၀၀)ကျော် နေရပ်စွန့်ခွာ ရသေ့တောင်၊ ဇူလိုင် ၁၅- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ကိုးတန်ကောက်ကျေးရွာနဲ့ ချိန်ခါလီရွာကြားမှာ တပ်မတော်နဲ့ အေအေတို့တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာ(၄)ရွာလောက်က ဒေသခံ (၄၀၀၀) ကျော်လောက်ဟာ ဒီကနေ့အချိန်ထိ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။ ရခိုင်မျိုးနွယ်စုအစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းပြောပြတာက” ထွက်ပြေးနေရတာကတော့ (၄၀၀၀)ကျော်လောက် ထွက်ပြေးနေရတယ်။ အဓိကကတော့ ဒုံးပိုက်၊ ချိန်ခါလိန်၊ ကိုးတန်ကောက် အဲ့ဒီရွာတွေက ထွက်ပြေးနေတာ။ အခြားရွာတွေကလည်း ထွက်ပြေးတာတွေရှိတယ်။ စစ်တွေကို ထွက်ပြေးလာတဲ့လူတွေလည်း ရှိတယ်။ ထွက်ပြေးလာတာတွေကို စာရင်းကောက်ဖို့တော့ ရှိပါတယ်။ အားလုံးထွက်ပြေးနေကြတာတော့ (၄) ထောင်ကျော်လောက်ပေါ့။”လို့ ပြောပါတယ်။ ဒီကနေ့ ဇူလိုင်လ ၁၅ ရက်‌နေ့မှာလည်း ချိန်ခါလိန်ကျေးရွာက ကျန်ရှိနေတဲ့ ဒေသခံ တွေကိုသွားရောက်ပြီး ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေတယ်လို့…

Read More

မြဝတီမြို့မှာရှိတဲ့ ရွှေကုက္ကိုလ်အိမ်ယာစီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ စိစစ်ခွင့်ပြုခဲ့တာဖြစ်

မြဝတီမြို့မှာရှိတဲ့ ရွှေကုက္ကိုလ်အိမ်ယာစီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ စိစစ်ခွင့်ပြုခဲ့တာဖြစ် နေပြည်တော်၊ ဇူလိုင် ၁၅-၂၀၂၀ စွမ်းရဲထွဋ် (VOM) ကရင်ပြည်နယ်၊ မြဝတီမြို့မှာရှိတဲ့ ရွှေကုက္ကိုလ်အိမ်ယာစီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ စီစစ်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗရက်ဆင်းက ဒီကနေ့မနက်ပိုင်းပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်မေးမြန်းတဲ့ မြဝတီ မြို့နယ်၊ ရွှေကုက္ကိုလ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုထားမှု အသေးစိပ်အခြေအနေကို သိရှိလိုခြင်းနဲ့ စပ်လျှဉ်းတဲ့မေးခွန်းကို ပြန်လည်းဖြေကြားစဉ် ပြောဆိုလိုက်တာဖြစ်ပါတယ်။ “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က Myanmar Yatai International Holding Group Co., Ltd. ကို “Construction, Operation and Leasing of High- End Villas လုပ်ငန်း” ဆောင်ရွက်ရန်အတွက်…

Read More

ရဲတပ်ဖွဲ့တွေဆီက သေနတ်ခိုးတဲ့သူအချို့ကို ဖမ်းမိ

ရဲတပ်ဖွဲ့တွေဆီက သေနတ်ခိုးတဲ့သူအချို့ကို ဖမ်းမိ မိတ္ထီလာ ၊ဇူလိုင် ၁၅-၂၀၂၀ သူရိန်(VOM) မန္တလေးတိုင်း၊ မိတ္တီလာမြို့မရဲစခန်းဝန်းအတွင်းက ခရိုင်ရဲဓမ္မာရုံအတွင်းမှာ အိပ်နေတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်‌တွေရဲ့ ၃၈ဘို့ခြောက်လုံးပြူးသေနတ်နဲ့ ကျည်(၂)တောင့် ဖုန်း(၆)လုံးတို့ကို ဇွန်(၉)ရက်မနက်ပိုင်းက ပျောက်ဆုံးခဲ့တဲ့အတွက် မြို့မရဲစခန်း(ပ)၂၈၅/၂၀၂၀ လက်နက်အရေးပေါ် (ယာယီ)အက်ဥပဒေပုဒ်မ-၂(၁)(က)၊ (ပ)၂၈၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀ နဲ့ အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေးခဲ့နေတဲ့အမှုက တရားခံအချို့ကို ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ မိတ္ထီလာခရိုင် ဒုစရိုက်နိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့သတင်းစုံစမ်းချက်အရ နယ်မြေ(၁၆)၊ ရန်မျိုးအောင်ရပ်ကွက်၊ မိတ္ထီလာမြို့နေအိမ်မှာ မသင်္ကာစရာ တရားခံ ဘုန်းမြင့်နိုင် (ခ) ကိုဘုန်းရဲ့နေအိမ်အတွင်းမှာ ရဲစခန်းကနေပျောက်ဆုံးသွားတဲ့ A-26022၃၈ ဗို့ ခြောက်လုံးပြူးသေနတ် ၁လက်နဲ့ ကျည် ၂တောင့်ရှိတယ်လို့ သတင်းအရနေအိမ်ကိုဝင်ရောက်ရှာဖွေရာခဲ့တာဖြစ်ပါတယ်။ မသင်္ကာတရားခံ ဘုန်းမြင့်နိုင်(ခ)ကိုဘုန်းကို မတွေ့ရှိရပေမယ့် မိခင်ဖြစ်သူ ဒေါ်ခင်စန်းဝင်းကို တွေ့ရလို့မေးမြန်းရာ သားဖြစ်သူ ဘုန်းမြင့်နိုင်(ခ)ကိုဘုန်း ပေးထားတဲ့ သေနတ်ကို အိမ်အောက်ထပ်ရှိ ကြောင်အိမ်အောက်က ဇလုံထဲမှာ ပုဆိုးနဲ့ပတ်ပြီး…

Read More

ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို တစ်အိမ်တက်ဆင်း ရှာဖွေတော့မယ်

ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို တစ်အိမ်တက်ဆင်း ရှာဖွေတော့မယ် မနီလာ၊ ဇူလိုင်-၁၅-၂၀၂၀ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က တစ်အိမ်တက်ဆင်း ရှာဖွေကြတော့မှာဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ ဗိုင်းရပ်ကူးစက်မှုနဲ့ သေဆုံးသူအရေအတွက် တိုးမြင့်လာပြီး အချို့နေရာတွေမှာ လော့ခ်ဒေါင်းစည်းမျဉ်းတွေပါ ပြန်လည်ချမှတ်ထားချိန်မှာ ဒီလိုရှာဖွေမှုတွေပြုတော့မှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ရပ်ကွက်တွေထဲမှာ ရောဂါကူးစက်သူရှိရင်ရင် အသိပေးအကြောင်းကြားကြဖို့ ဖိလစ်ပိုင်ပြည်ထဲရေးဝန်ကြီး Eduardo Añoက တိုက်တွန်းထားပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူဟာ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် ထောင်ချမယ်လို့သူက သတိပေးထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ဗိုင်းရပ်စ်ကြောင့်နေ့စဉ်သေဆုံးသူဦးရေဟာ အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ်လာပြီး ဆေးရုံတွေမှာလည်း လူနာများပြည့်ကြပ်နေပြီး ဇွန် ၁ ရက်နေ့ လော့ခ်ဒေါင်းချထားမှုတွေကို ဖြေလျှော့ပြီးချိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးဆမြင့်တက်လာပါတယ်။ ရောဂါကူးစက်ခံရသူတွေကို တစ်အိမ်တက်ဆင်းရှာဖွေသွားမှာဖြစ်ပြီး ရောဂါသည်တွေကို ကွာရန်တင်းစင်တာတွေကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၇၅၄၅ ဦးရှိပြီး ၁၆၀၃…

Read More

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၊ ဥတ္တရသီရိမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်း အတည်မဟုတ်သေး

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၊ ဥတ္တရသီရိမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်း အတည်မဟုတ်သေး နေပြည်တော်၊ ဇူလိုင် ၁၄-၂၀၂၀ စွမ်းရဲထွဋ် (VOM) ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၊ ဥတ္တရသီရိမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်း နဲ့ ပက်သက်ပြီး မသိရှိရသေးဘူးလို့ NLD ရဲ့ ဗဟို ပြန်ကြားရေးကော်မတီအတွင်းရေးမှုး မုံရွာအောင်ရှင်က VOM ကို ဒီကနေ့မနက်ပိုင်းမှာ ပြောပါတယ်။ “အဲ့ဒါက ကျနော်မသိဘူးဗျ။ တစ်ချို့ဟာတွေကို သိပ်တော့ အတည်ကြီးတော့ မယူကြနဲ့ဦးနော်။ ဘာကြောင့်လဲဆိုတော့ အခုထိ ကျနော်တို့တော့ မသိသေးဘူး။ အဲ့ဒီကိစ္စကိုသိတာက ဥပမာဆိုပါစို့ သမ္မတကြီးဆိုရင် တာမွေမြို့နယ်က ပြိုင်မယ်ဆိုတဲ့ စာရင်းရှိတယ်ဆိုတာလောက်ပဲ ကျနော်တို့ သိတယ်လေ။ ဒေါ်စုတော့ ကျနော်တို့မသိဘူး။ ဒေါ်စု ဘယ်ကပြိုင်မယ်၊ ဘာညာ အခုထိတော့ မသိရသေးဘူး။ ”လို့ မုံရွာအောင်ရှင်ကပြောပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းက စတင်ပြီး…

Read More

ကိုယ်ပိုင်ကျောင်းနဲ့ဘော်ဒါတွေ စည်ပင်ခွင့်ပြုရင် ပြန်ဖွင့်ခွင့်ပေးထား

ကိုယ်ပိုင်ကျောင်းနဲ့ဘော်ဒါတွေ စည်ပင်ခွင့်ပြုရင် ပြန်ဖွင့်ခွင့်ပေးထား နေပြည်တော်၊ ဇူလိုင် ၁၅-၂၀၂၀ ကောင်းလက်ျာ(VOM) အခုပညာသင်နှစ်အတွက် ပုဂ္ဂလိကကျောင်းနဲ့ အစိုးရကျောင်းများကိုသာ ဖွင့်ခွင့်ရမှာဖြစ်ပြီး ဘော်ဒါဆောင်တွေ မဖွင့်လှစ်ဖို့အတွက် ပညာရေးဝန်ကြီးဌာနက ကြေငြာထားပေမယ့်လည်း ဘော်ဒါဆောင်တွေအနေနဲ့ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့က စစ်ဆေးအတည်ပြုချက် ရယူပြီး ခွင့်ပြုချက်ရခဲ့ပါက ဖွင့်လှစ်ခွင့်ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ဆရာမများအသင်း အတွင်းရေးမှူး ဦး‌ကျော်မင်းခန့်(Bio)ကပြောပါတယ်။ ဘော်ဒါဆိုတာ ညအိပ်ညနေ လူထားတာပါ။ ဒါက ပညာရေးဌာန စီမံခန့်ခွဲမှုနဲ့ မဆိုင်တာကြောင့် သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့၊ ကိုဗစ်တာဆီးထိန်းချုပ်ရေးကော်မတီ ခွင့်ပြုရင် ရပါတယ်။ ဖွင့်လို့မရဘူးဆိုတာ မဟုတ်ပါဘူး”လို့ ဦး‌ကျော်မင်းခန့်(Bio)ကပြောပါတယ်။ လက်တလော ၂၀၂၀-၂၀၂၁ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းဆင့် အစိုးရကျောင်းများ၊ ပုဂ္ဂလိက အထက်တန်းဆင့် ကိုယ်ပိုင်ကျောင်းတွေကို ကျောင်းအပ်လက်ခံနေပြီး အစိုးရကျောင်းတွေဖွင့်ပြီးပါက ရက်ပိုင်းအတွင်းမှာပဲ ဘာသာရပ်သင် ပုဂ္ဂလိကသင်တန်းတွေကို ဖွင့်လှစ်ခွင့်ပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအသင်း(MTA)ကနေ သိရပါတယ်။ အခုလို ဘော်ဒါဆောင်တွေကို ဖွင့်လှစ်ခွင့်မပြုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အခြေခံပညာဦးစီးဌာနမှ…

Read More
VOM News

FREE
VIEW