ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက အထူးရဲတပ်ဖွဲ့ဝင် လေးသောင်းလောက် ခန့်ထားသွားမယ်ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက အထူးရဲတပ်ဖွဲ့ဝင် လေးသောင်းလောက် ခန့်ထားသွားမယ်

ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက အထူးရဲတပ်ဖွဲ့ဝင် လေးသောင်းလောက် ခန့်ထားသွားမယ်

နေပြည်တော်၊ ဇူလိုင် ၁၅-၂၀၂၀
စွမ်းရဲထွဋ် (VOM)

ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနကနေ အထူးရဲတပ်ဖွဲ့ဝင် လေးသောင်းလောက် ခန့်ထားသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က မနေ့ဇူလိုင်လ ၁၅ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေကို ပြောခဲ့တာဖြစ်ပါတယ်။

“ပြည်ထဲရေးဝန်ကြီးဌာနမှာရှိတဲ့ အထူးရဲတွေဆိုရင် လေးသောင်းကျော်လောက်ခန့်မှာပါ၊ လုံခြုံရေးကတော့ ပြည်ထဲရေးကနေ သေသေချာချာ ဘယ်လိုတွေဆောင်ရွက်မယ်ဆိုပြီးတော့ အထူးရဲတွေခန့်မယ်။ သင်တန်းတွေပေးမယ်ဆိုပြီးတော့ လုပ်တယ်”လို့ ဦးမြင့်နိုင်ကပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ လူထုမဲဆန္ဒရှင်တွေ စိတ်ချ၊ လုံ ခြုံအောင်၊ ဘေးကင်းစွာနဲ့ မဲပေးနိုင်အောင်၊ စိတ်အေးချမ်းသာစွာနဲ့ ပေးနိုင်အောင် ဆောင်ရွက်သွားမှာပါလို့ ပြောပါတယ်။

ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာနကလည်း မီဒီယာတွေရော၊ ပုဂ္ဂလိမီဒီယာတွေရော၊ ကျန်တဲ့ အသံ လွှင့် မီဒီယာတွေရော အကုန်လုံးကနေ အသိပညာပေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားဖို့၊ မဲလက်မှတ် တွေရိုက်တာကအစ၊ စာအိတ်တွေ ရိုက်တာကအစ စနစ်တကျဆောင်ရွက်မယ့် အစီအမံတွေဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ရခိုင်ဒေသမှာ ရွေးကောက်ပွဲလုပ်မယ့် အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဦးမြင့်နိုင်က “ကျွန်တော်တို့က တော့ ရွေးကောက်ပွဲကိုကျင်းပမယ်လို့ ကြေညာထားပြီးသားပေါ့။ အတတ်နိုင်ဆုံးကျင်းပနိုင်ဖို့ လိုအပ်တာတွေကို ညှိုနှိုင်းဆောင်ရွက်သွားရမှာပေါ့။ တကယ်လို့ ရွေးကောက်ပွဲကျင်းပဖို့ အချိန်ကလည်းလိုသေးတာပေါ့။ ရွေးကောက်ပွဲကျင်းပတဲ့အချိန်အခါမှာမှ ရွေးကောက်ပွဲမလုပ်နိုင်ဘူး။ သဘာဝအန္တရာယ်၊ သဘာဝဘေးကြောင့်မို့လို့ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် အဲ့ဒီလိုမကျင်းပနိုင်တဲ့ နေရာလေးတွေကို ကျွန်တော်တို့က ရွှေ့ဆိုင်းနိုင်တဲ့ တာဝန်လေးရှိတာပေါ့။ အဲ့ဒီအပေါ်မှာကြည့်ပြီး ဆောင်ရွက်သွားမှာပါ။ အခုကတော့ ကျွန်တော်တို့ အားလုံးကိုလုပ်နိုင်အောင် ကြေလည်းကြေညာထားတယ်။ လုပ်နိုင်အောင်လည်းဆောင်ရွက်သွားမှာဖြစ်တယ်”လို့ ပြောပါတယ်။

အခုနှစ်ကျင်းပမယ့် ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်ပနိုင်ရေးအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေး၊ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ေရြးေကာက္ပြဲလံုၿခဳံေရးအတြက္ ၿပည္ထဲေရးဝန္ၾကီးဌာနက အထူးရဲတပ္ဖြဲ႕ဝင္ ေလးေသာင္းေလာက္ ခန္႔ထားသြားမယ္

ေနၿပည္ေတာ္၊ ဇူလိုင္ ၁၅-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

ေရြးေကာက္ပြဲလံုၿခဳံေရးအတြက္ ၿပည္ထဲေရးဝန္ၾကီးဌာနကေန အထူးရဲတပ္ဖြဲ႕ဝင္ ေလးေသာင္းေလာက္ ခန္႔ထားသြားမယ္လုိ႔ ၿပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႔ဝင္ ဦးၿမင့္နုိင္က မေန႔ဇူလိုင္လ ၁၅ ရက္ေန႔က ေနၿပည္ေတာ္ရွိ ၿပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ရံုးမွာ ျပဳလုပ္တဲ့ ေရြးေကာက္ပြဲေအာင္နုိင္ေရးအစည္းအေဝးအၿပီးမွာ သတင္းမီဒီယာေတြကုိ ေၿပာခဲ့တာၿဖစ္ပါတယ္။

“ျပည္ထဲေရး၀န္ႀကီးဌာနမွာရွိတဲ့ အထူးရဲေတြဆိုရင္ ေလးေသာင္းေက်ာ္ေလာက္ခန္႔မွာပါ၊ လုံၿခဳံေရးကေတာ့ ျပည္ထဲေရးကေန ေသေသခ်ာခ်ာ ဘယ္လိုေတြေဆာင္႐ြက္မယ္ဆိုၿပီးေတာ့ အထူးရဲေတြခန္႔မယ္။ သင္တန္းေတြေပးမယ္ဆိုၿပီးေတာ့ လုပ္တယ္”လုိ႔ ဦးၿမင့္နုိင္ကေျပာပါတယ္။

က်န္းမာေရး၀န္ႀကီးဌာနအေနနဲ႔လည္း ကိုဗစ္-၁၉ ေရာဂါနဲ႔ပတ္သက္လို႔ လူထုမဲဆႏၵရွင္ေတြ စိတ္ခ်၊ လုံ ၿခဳံေအာင္၊ ေဘးကင္းစြာနဲ႔ မဲေပးႏိုင္ေအာင္၊ စိတ္ေအးခ်မ္းသာစြာနဲ႔ ေပးႏိုင္ေအာင္ ေဆာင္႐ြက္သြားမွာပါလုိ႔ ေၿပာပါတယ္။

ထုိ႔အတူ ျပန္ၾကားေရး၀န္ႀကီးဌာနကလည္း မီဒီယာေတြေရာ၊ ပုဂၢလိမီဒီယာေတြေရာ၊ က်န္တဲ့ အသံ လႊင့္ မီဒီယာေတြေရာ အကုန္လုံးကေန အသိပညာေပးလုပ္ငန္းေတြ ဆက္လက္ေဆာင္႐ြက္သြားဖို႔၊ မဲလက္မွတ္ ေတြ႐ိုက္တာကအစ၊ စာအိတ္ေတြ ႐ိုက္တာကအစ စနစ္တက်ေဆာင္႐ြက္မယ့္ အစီအမံေတြေဆြးေႏြးခဲ့တယ္လို႔ ေျပာပါတယ္။

ရခုိင္ေဒသမွာ ေရြးေကာက္ပြဲလုပ္မယ့္ အစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး ဦးၿမင့္နုိင္က “ကြၽန္ေတာ္တို႔က ေတာ့ ေ႐ြးေကာက္ပြဲကိုက်င္းပမယ္လို႔ ေၾကညာထားၿပီးသားေပါ့။ အတတ္ႏိုင္ဆုံးက်င္းပႏိုင္ဖို႔ လိုအပ္တာေတြကို ညႇိဳႏႈိင္းေဆာင္႐ြက္သြားရမွာေပါ့။ တကယ္လို႔ ေ႐ြးေကာက္ပြဲက်င္းပဖို႔ အခ်ိန္ကလည္းလိုေသးတာေပါ့။ ေ႐ြးေကာက္ပြဲက်င္းပတဲ့အခ်ိန္အခါမွာမွ ေ႐ြးေကာက္ပြဲမလုပ္ႏိုင္ဘူး။ သဘာ၀အႏၲရာယ္၊ သဘာဝေဘးေၾကာင့္မို႔လို႔ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ဘူးဆိုရင္ အဲ့ဒီလိုမက်င္းပႏိုင္တဲ့ ေနရာေလးေတြကို ကြၽန္ေတာ္တို႔က ေ႐ႊ႕ဆိုင္းႏိုင္တဲ့ တာ၀န္ေလးရွိတာေပါ့။ အဲ့ဒီအေပၚမွာၾကည့္ၿပီး ေဆာင္႐ြက္သြားမွာပါ။ အခုကေတာ့ ကြၽန္ေတာ္တို႔ အားလုံးကိုလုပ္ႏိုင္ေအာင္ ေၾကလည္းေၾကညာထားတယ္။ လုပ္ႏိုင္ေအာင္လည္းေဆာင္႐ြက္သြားမွာျဖစ္တယ္”လုိ႔ ေျပာပါတယ္။

အခုႏွစ္က်င္းပမယ့္ ေရြးေကာက္ပြဲကို ေအာင္ၿမင္ေအာင္ က်င္ပနုိင္ေရးအစည္းအေဝးကို ႏိုင္ငံျခားေရး၀န္ႀကီးဌာန၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး၀န္ႀကီးဌာန၊ ျပည္ထဲေရး၀န္ႀကီးဌာန၊ ကာကြယ္ေရး၀န္ႀကီးဌာန၊ နယ္စပ္ေရးရာ၀န္ႀကီးဌာန၊ ျပန္ၾကားေရး၀န္ႀကီးဌာန၊ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရး၊ ျပည္သူ႔အင္အား၀န္ႀကီးဌာန၊ စိုက္ပ်ိဳးေရးေမြးျမဴေရး၊ဆည္ေျမာင္း၀န္ႀကီးဌာန၊ ပညာေရး၀န္ႀကီးဌာန၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးနဲ႔ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္႐ုံးေတြက တာဝန္ရွိသူေတြ တက္ေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW