ရဲတပ်ဖွဲ့တွေဆီက သေနတ်ခိုးတဲ့သူအချို့ကို ဖမ်းမိ

ရဲတပ်ဖွဲ့တွေဆီက သေနတ်ခိုးတဲ့သူအချို့ကို ဖမ်းမိ

မိတ္ထီလာ ၊ဇူလိုင် ၁၅-၂၀၂၀
သူရိန်(VOM)

မန္တလေးတိုင်း၊ မိတ္တီလာမြို့မရဲစခန်းဝန်းအတွင်းက ခရိုင်ရဲဓမ္မာရုံအတွင်းမှာ အိပ်နေတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်‌တွေရဲ့ ၃၈ဘို့ခြောက်လုံးပြူးသေနတ်နဲ့ ကျည်(၂)တောင့် ဖုန်း(၆)လုံးတို့ကို ဇွန်(၉)ရက်မနက်ပိုင်းက ပျောက်ဆုံးခဲ့တဲ့အတွက် မြို့မရဲစခန်း(ပ)၂၈၅/၂၀၂၀ လက်နက်အရေးပေါ် (ယာယီ)အက်ဥပဒေပုဒ်မ-၂(၁)(က)၊ (ပ)၂၈၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀ နဲ့ အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေးခဲ့နေတဲ့အမှုက တရားခံအချို့ကို ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

မိတ္ထီလာခရိုင် ဒုစရိုက်နိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့သတင်းစုံစမ်းချက်အရ နယ်မြေ(၁၆)၊ ရန်မျိုးအောင်ရပ်ကွက်၊ မိတ္ထီလာမြို့နေအိမ်မှာ မသင်္ကာစရာ တရားခံ ဘုန်းမြင့်နိုင် (ခ) ကိုဘုန်းရဲ့နေအိမ်အတွင်းမှာ ရဲစခန်းကနေပျောက်ဆုံးသွားတဲ့ A-26022၃၈ ဗို့ ခြောက်လုံးပြူးသေနတ် ၁လက်နဲ့ ကျည် ၂တောင့်ရှိတယ်လို့ သတင်းအရနေအိမ်ကိုဝင်ရောက်ရှာဖွေရာခဲ့တာဖြစ်ပါတယ်။

မသင်္ကာတရားခံ ဘုန်းမြင့်နိုင်(ခ)ကိုဘုန်းကို မတွေ့ရှိရပေမယ့် မိခင်ဖြစ်သူ ဒေါ်ခင်စန်းဝင်းကို တွေ့ရလို့မေးမြန်းရာ သားဖြစ်သူ ဘုန်းမြင့်နိုင်(ခ)ကိုဘုန်း ပေးထားတဲ့ သေနတ်ကို အိမ်အောက်ထပ်ရှိ ကြောင်အိမ်အောက်က ဇလုံထဲမှာ ပုဆိုးနဲ့ပတ်ပြီး ရဲလာရှာမှာစိုးရိမ်တဲ့အတွက် တစ်အိမ်ကျော်မှာနေထိုင်တဲ့ သမီးဖြစ်သူ နေအိမ်မှာ သွားရောက်ဝှက်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သက်သေခံပစ္စည်းတွေကို မနေ့ဇူလိုင်၁၄ ရက်ညပိုင်းက သိမ်းယူခဲ့ပြီး ဒေါ်ခင်စန်းဝင်းကို ဆက်လက်စစ်မေးရာ သားဖြစ်သူ ဘုန်းမြင့်နိုင်(ခ)ကိုဘုန်းနဲ့ အကျဉ်းထောင်ထဲမှာသိကျွမ်းခဲ့သူ ကောက်ကွေးဆိုသူက လွန်ခဲ့တဲ့(၁)လခန့်က နေအိမ်ကိုရောက်ရှိလာကာ တည်းခိုနေထိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါကြောင့် ဘုန်းမြင့်နိုင်(ခ)ကိုဖုန်းကို ဖမ်းဆီးရမိဖို့အတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ မိတ္တီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်(၅)လမ်း၊ ဝန်ဇင်းရပ်ကွက်မှာနေတဲ့ သိန်းပြည့်စုံ(ခ)ငသိန်း (လျှပ်စစ်နေ့စားဝန်ထမ်း)နဲ့အတူ ည(၁၁)နာရီခန့်က အတူတွေ့ရှိခဲ့တဲ့အတွက် ဖမ်းဆီးရမိခဲ့ပြီး ကောက်ကွေး(အသက်/အဘ/နေရပ်စုံစမ်းဆဲ)ကိုတော့ ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

မိထ္ထီလာမြို့မရဲစခန်းက တာဝန်ရှိသူကို ဒီအမှုနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

အမှုနဲ့ပတ်သက်ပြီး မသင်္ကာသူ ဘုန်းမြင့်နိုင်(ခ)ကိုဘုန်း၊ ဒေါ်ခင်စန်းဝင်း၊ သိန်းပြည့်စုံ(ခ)ငသိန်းတို့ကို အဖွဲ့ငယ်များခွဲပြီး အမှုနဲ့ဆက်လက်စစ်ဆေးကာ ကျန်ရှိနေတဲ့တရားခံဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိထ္ထီလာ

Zawgyi

ရဲတပ္ဖြဲ႕ေတြဆီက ေသနတ္ခိုးတဲ့သူအခ်ိဳ႕ကို ဖမ္းမိ

မိတၳီလာ ၊ဇူလိုင္ ၁၅-၂၀၂၀
သူရိန္(VOM)

မႏၲေလးတိုင္း၊ မိတၱီလာၿမိဳ႕မရဲစခန္းဝန္းအတြင္းက ခ႐ိုင္ရဲဓမၼာ႐ုံအတြင္းမွာ အိပ္ေနတဲ့ လုံၿခဳံေရးရဲတပ္ဖြဲ႕ဝင္‌ေတြရဲ႕ ၃၈ဘို႔ေျခာက္လုံးျပဴးေသနတ္နဲ႔ က်ည္(၂)ေတာင့္ ဖုန္း(၆)လုံးတို႔ကို ဇြန္(၉)ရက္မနက္ပုိင္းက ေပ်ာက္ဆုံးခဲ့တဲ့အတြက္ ၿမိဳ႕မရဲစခန္း(ပ)၂၈၅/၂၀၂၀ လက္နက္အေရးေပၚ (ယာယီ)အက္ဥပေဒပုဒ္မ-၂(၁)(က)၊ (ပ)၂၈၆/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၃၈၀ နဲ႔ အမႈဖြင့္အေရးယူ စုံစမ္းစစ္ေဆးခဲ့ေနတဲ့အမႈက တရားခံအခ်ိဳ႕ကို ဖမ္းဆီးရမိထားတယ္လို႔ သိရပါတယ္။

မိတၳီလာခ႐ိုင္ ဒုစရိုက္နိမ္နင္းေရးရဲတပ္ဖြဲ႔ရဲ႕သတင္းစုံစမ္းခ်က္အရ နယ္ေျမ(၁၆)၊ ရန္မ်ိဳးေအာင္ရပ္ကြက္၊ မိတၳီလာၿမိဳ႕ေနအိမ္မွာ မသကၤာစရာ တရားခံ ဘုန္းျမင့္ႏိုင္ (ခ) ကိုဘုန္းရဲ႕ေနအိမ္အတြင္းမွာ ရဲစခန္းကေနေပ်ာက္ဆုံးသြားတဲ့ A-26022၃၈ ဗို႔ ေျခာက္လုံးျပဴးေသနတ္ ၁လက္နဲ႔ က်ည္ ၂ေတာင့္ရွိတယ္လို႔ သတင္းအရေနအိမ္ကိုဝင္ေရာက္ရွာေဖြရာခဲ့တာျဖစ္ပါတယ္။

မသကၤာတရားခံ ဘုန္းျမင့္ႏိုင္(ခ)ကိုဘုန္းကို မေတြ႕ရွိရေပမယ့္ မိခင္ျဖစ္သူ ေဒၚခင္စန္းဝင္းကို ေတြ႕ရလို႔ေမးျမန္းရာ သားျဖစ္သူ ဘုန္းျမင့္ႏိုင္(ခ)ကိုဘုန္း ေပးထားတဲ့ ေသနတ္ကို အိမ္ေအာက္ထပ္ရွိ ေၾကာင္အိမ္ေအာက္က ဇလုံထဲမွာ ပုဆိုးနဲ႔ပတ္ၿပီး ရဲလာရွာမွာစိုးရိမ္တဲ့အတြက္ တစ္အိမ္ေက်ာ္မွာေနထိုင္တဲ့ သမီးျဖစ္သူ ေနအိမ္မွာ သြားေရာက္ဝွက္ထားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

သက္ေသခံပစၥည္းေတြကို မေန႔ဇူလိုင္၁၄ ရက္ညပိုင္းက သိမ္းယူခဲ့ၿပီး ေဒၚခင္စန္းဝင္းကို ဆက္လက္စစ္ေမးရာ သားျဖစ္သူ ဘုန္းျမင့္ႏိုင္(ခ)ကိုဘုန္းနဲ႔ အက်ဥ္းေထာင္ထဲမွာသိကြၽမ္းခဲ့သူ ေကာက္ေကြးဆိုသူက လြန္ခဲ့တဲ့(၁)လခန္႔က ေနအိမ္ကိုေရာက္ရွိလာကာ တည္းခိုေနထိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါေၾကာင့္ ဘုန္းျမင့္ႏိုင္(ခ)ကိုဖုန္းကို ဖမ္းဆီးရမိဖို႔အတြက္ စုံစမ္းေဆာင္႐ြက္ခဲ့ရာ မိတၱီလာၿမိဳ႕၊ ရန္မ်ိဳးေအာင္ရပ္ကြက္(၅)လမ္း၊ ဝန္ဇင္းရပ္ကြက္မွာေနတဲ့ သိန္းျပည့္စုံ(ခ)ငသိန္း (လွ်ပ္စစ္ေန႔စားဝန္ထမ္း)နဲ႔အတူ ည(၁၁)နာရီခန္႔က အတူေတြ႕ရွိခဲ့တဲ့အတြက္ ဖမ္းဆီးရမိခဲ့ၿပီး ေကာက္ေကြး(အသက္/အဘ/ေနရပ္စုံစမ္းဆဲ)ကိုေတာ့ ဖမ္းဆီးရမိေရး ဆက္လက္စုံစမ္းေနတယ္လို႔ သိရပါတယ္။

မိထၳီလာၿမိဳ႕မရဲစခန္းက တာဝန္ရိွသူကို ဒီအမႈနဲ႔ပတ္သက္ၿပီး ဆက္သြယ္ေမးျမန္းရာမွာေတာ့ ဖုန္းလက္ခံေျဖၾကားတာ မရိွခဲ့ပါဘူး။

အမႈနဲ႔ပတ္သက္ၿပီး မသကၤာသူ ဘုန္းျမင့္ႏိုင္(ခ)ကိုဘုန္း၊ ေဒၚခင္စန္းဝင္း၊ သိန္းျပည့္စုံ(ခ)ငသိန္းတို႔ကို အဖြဲ႕ငယ္မ်ားခြဲၿပီး အမႈနဲ႔ဆက္လက္စစ္ေဆးကာ က်န္ရိွေနတဲ့တရားခံဖမ္းဆီးရမိေရး ဆက္လက္ေဆာင္႐ြက္ေနတယ္လုိ႔ သိရပါတယ္။

#voiceofmyanmar #VOM #မိထၳီလာ

Related posts

Leave a Comment

VOM News

FREE
VIEW