ကိုဗစ်-၁၉ ကာကွယ်ဆေး အချက်အလက်တွေကို ရုရှားက ခိုးယူဖို့ကြိုးစား

ကိုဗစ်-၁၉ ကာကွယ်ဆေး အချက်အလက်တွေကို ရုရှားက ခိုးယူဖို့ကြိုးစား

လန်ဒန်၊ ဇူလိုင်-၁၇-၂၀၂၀
မျိုးဆက် (VOM)

ရုရှာထောက်လှမ်းရေး ကျောထောက်နောက်ခံပြုထားတဲ့ ဟတ်ကာအဖွဲ့ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ အဖွ့ဲ့အစည်းတွေကို ပစ်မှတ်ထားပြီး အချက်အလက်တွေခိုးယူဖို့ လုပ်ဆောင်နေတယ်လို့ ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါထောက်လှမ်းရေးအဖွဲ့တွေက သတိပေး ထုတ်ပြန်လိုက်ပါတယ်။

ဟတ်ကာတွေဟာ ရုရှားထောက်လှမ်းရေးရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် လုံးဝနီးပါးသေချာတယ်လို့ ဗြိတိန်အမျိုးသားဆိုက်ဘာလုံခြုံရေးဌာနကပြောပါတယ်။

လက်ရှိအချိန်ထိ အဖွဲ့အစည်းတွေဟာ ပစ်မှတ်ထားတိုက်ခိုက်ခံရပြီး အချက်အလက်တစ်စုံတစ်ရာ ခိုးယူခံရခြင်းရှိမရှိကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ဒါပေမယ့် ကာကွယ်ဆေးသုတေသန လုပ်ငန်းတွေကိုတော့ ဟတ်ကာတွေက တားဆီးနိုင်မှာမဟုတ်ဘူလို့ အဲ့ဒီအဖွဲ့ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံကတော့ ငြင်းဆိုထားပြီး ဒီဆိုက်ဘာတိုက်ခိုက်မှုမှာ မိမိတို့မပါဝင်ဘူးဆိုတာ သေချာပေါက်ပြောနိုင်တယ်လို့ သမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်ကပြောပါတယ်။

Cozy Bearလို့ လူသိများတဲ့ APT29 ရုရှားဟတ်ကာအဖွဲ့ ၂၀၁၆ ခုနှစ်က အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ ၂၀၁၉ ခုနှစ် ဗြိတိန်ရွေးကောက်ပွဲမှာလည်း ဝင်ရောက်စွက်ဖက်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်နေခဲ့ပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #လန်ဒန်

Zawgyi

ကိုဗစ္-၁၉ ကာကြယ္ေဆး အခ်က္အလက္ေတြကို ရုရွားက ခိုးယူဖို႔ၾကိဳးစား

လန္ဒန္၊ ဇူလိုင္-၁၇-၂၀၂၀
မ်ိဳးဆက္ (VOM)

ရုရွာေထာက္လွမ္းေရး ေက်ာေထာက္ေနာက္ခံျပဳထားတဲ႔ ဟတ္ကာအဖြဲ႔ဟာ ကိုဗစ္-၁၉ ကာကြယ္ေဆး ထုတ္လုပ္ဖို႔ ၾကိဳးစားေနတဲ႔ အဖြ႔ဲ႔အစည္းေတြကို ပစ္မွတ္ထားျပီး အခ်က္အလက္ေတြခိုးယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ ျဗိတိန္၊ အေမရိကန္နဲ႔ ကေနဒါေထာက္လွမ္းေရးအဖြဲ႔ေတြက သတိေပး ထုတ္ျပန္လိုက္ပါတယ္။

ဟတ္ကာေတြဟာ ရုရွားေထာက္လွမ္းေရးရဲ႕ အစိတ္အပိုင္းတစ္ရပ္အျဖစ္ လံုး၀နီးပါးေသခ်ာတယ္လို႔ ျဗိတိန္အမ်ိဳးသားဆိုက္ဘာလံုျခံဳေရးဌာနကေျပာပါတယ္။

လက္ရိွအခ်ိန္ထိ အဖြဲ႔အစည္းေတြဟာ ပစ္မွတ္ထားတိုက္ခိုက္ခံရျပီး အခ်က္အလက္တစ္စံုတစ္ရာ ခိုးယူခံရျခင္းရိွမရိွကို ထုတ္ေဖာ္ေျပာဆိုျခင္းမရိွပါဘူး။ ဒါေပမယ္႔ ကာကြယ္ေဆးသုေတသန လုပ္ငန္းေတြကိုေတာ႔ ဟတ္ကာေတြက တားဆီးနိုင္မွာမဟုတ္ဘူလို႔ အဲ့ဒီအဖြဲ႔ကေျပာပါတယ္။

ဒီကိစၥန႔ဲ႔ပတ္သက္ျပီး ရုရွားနိုင္ငံကေတာ႔ ျငင္းဆိုထားျပီး ဒီဆိုက္ဘာတိုက္ခိုက္မႈမွာ မိမိတို႔မပါ၀င္ဘူးဆိုတာ ေသခ်ာေပါက္ေျပာနုိင္တယ္လို႔ သမၼတပူတင္ရဲ႕ ေျပာေရးဆိုခြင္႔ရိွသူ ဒီမီထရီပက္စေကာ႔ဗ္ကေျပာပါတယ္။

Cozy Bearလို႔ လူသိမ်ားတဲ႔ APT29 ရုရွားဟတ္ကာအဖြဲ႔ ၂၀၁၆ ခုနွစ္က အေမရိကန္သမၼတေရြးေကာက္ပြဲနဲ႔ ၂၀၁၉ ခုနွစ္ ျဗိတိန္ေရြးေကာက္ပြဲမွာလည္း ၀င္ေရာက္စြက္ဖက္မႈေတြရိွခဲ႔တယ္လို႔ စြပ္စြဲမႈေတြ ထြက္ေပၚေနခဲ႔ပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #လန္ဒန္

Related posts

Leave a Comment

VOM News

FREE
VIEW