မန္တလေးမြို့မှာ အာဇာနည်နေ့ကို လူဦးရေကန့်သတ်ပြီး ကျင်းပမယ်

မန္တလေးမြို့မှာ အာဇာနည်နေ့ကို လူဦးရေကန့်သတ်ပြီး ကျင်းပမယ် မန္တလေး ဇူလိုင် ၁၇-၂၀၂၀ ဖြူဖြူ(VOM) မန္တလေးတိုင်းအစိုးရအဖွဲ့က ဦးဆောင်ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကို အခုနှစ်မှာတော့ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုတွေကြောင့် လူဦးရေကန့်သတ်ပြီး အကျဉ်းချုံးကျင်းပသွားမယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။ “ဟိုးအရင်တုန်းကလို အများကြီးအုပ်စုလိုက်လာမယ်၊ တစ်ယောက်နဲ့တစ်ယောက် ပူးပူးကပ်ကပ်နေတယ်ဆိုတဲ့ အခြေအနေတွေမဖြစ်အောင် အစီအစဉ်တွေလည်း လုပ်ထားပါတယ်။”လို့ ဦးစိုင်းပန်းဆိုင်ကပြောပါတယ်။ မန္တလာသီရိအားကစားကွင်းမှာ လူစည်စည်ကားကားနဲ့ ကျင်းပနေကြ အာဇာနည်နေ့အခမ်းအနားကို အခုနှစ်မှာတော့ အပိုင်းနှစ်ပိုင်းခွဲပြီး တစ်ဦးနဲ့တစ်ဦးနီးကပ်တာမျိုးမဖြစ်အောင် ကျင်းပမှာဖြစ်ပါတယ်။ ဇူလိုင် ၁၉ ရက်မှာကျင်းပမယ့် (၇၃)ကြိမ်မြောက် အာဇာနည်နေ့မှာ ပထမပိုင်းအနေနဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ၊ ကောင်စစ်ဝန်ချုပ်တွေ၊ ကျဆုံးအာဇာနည်တွေရဲ့ ဆွေမျိုးတွေ၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ တိုင်းရင်းသားအစုအဖွဲ့ကိုယ်စားပြုတွေကနေ လွမ်းသူ့ပန်းခွေချ အလေးပြုမှာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ အသင်းအဖွဲ့တစ်ခုကို ၅ ယောက်နှုန်း၊ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုကို (၅)ယောက်နှုန်းနဲ့ လွမ်းသူ့ပန်းခွေချ အလေးပြုမှာဖြစ်ပါတယ်။ ဝင်ပေါက်၊…

Read More

တ.စ.ညပါတီအနေနဲ့ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်

တ.စ.ညပါတီအနေနဲ့ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ် ရန်ကုန်၊ဇူလိုင် ၁၇-၂၀၂၀ အေးချမ်းသူ(VOM) လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ကိုယ်စားလှယ်ပေါင်း(၄၁၁)ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ပါတီရဲ့ဒု-ဥက္ကဌဦးဟန်ရွှေက ဒီကနေ့မနက်ပိုင်းပြုလုပ်တဲ့ မီဒီယာနဲ့တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “လက်ရှိအခြေအနေအရ ရခိုင်မှာဝင်မပြိုင်ပါဘူး။ ဒီနှစ်မှ မပြိုင်တာပါ ၂၀၁၀-၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲအထိ ဝင်ပြိုင်ခဲ့တယ်။ နိူင်ခဲ့တာလည်းရှိတယ်။ ၂၀၁၉ ခုနှစ်အထိ ဆုံးဖြတ်ထားတာ ရခိုင်ကိုမြောက်ပိုင်းကိုလွှတ်ပြီး၊ တောင်ပိုင်းကိုပြိုင်မယ်လို့ စဉ်းစားထားတာ၊ အခုက အခြေအနေမပေးလို့ ဝင်မပြိုင်တော့တာပါ”လို့ ဦးဟန်ရွှေကရှင်းပြပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ ပါတီဝင်တွေရှိတဲ့ မြို့နယ်ပေါင်း(၂၉၀)မြို့ထဲက မြို့နယ်ပေါင်း(၁၇၇)မြို့နယ်ကိုသာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဒု-ဥက္ကဌဦးဟန်ရွှေက ပြောပါတယ်။ မြို့နယ်(၁၇၇)မြို့နယ်မှာ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်ဦးရေကတော့ ကချင် ၂၃ဦး၊ ကယား ၁၉ဦး၊ ကရင် ၅ဦး ၊ချင်း ၂ဦး၊ စစ်ကိုင်း ၆၉ဦး၊ တနင်္သာရီ…

Read More

သထုံ KBZ ဘဏ်ကနေ ငွေထုတ်လာသူအမျိုးသမီးဆီက ကျပ်သိန်း ၆၀ ငွေထုပ်ကို ဆိုင်ကယ်စီးလာသူက လုယက်

သထုံ KBZ ဘဏ်ကနေ ငွေထုတ်လာသူအမျိုးသမီးဆီက ကျပ်သိန်း ၆၀ ငွေထုပ်ကို ဆိုင်ကယ်စီးလာသူက လုယက် နေပြည်တော်၊ ဇူလိုင် ၁၇-၂၀၂၀ ကောင်လက်ျာ(VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းခင်းရပ်ကွက်ရှိ ကမ္ဘောဘဏ်မှ ငွေကျပ်သိန်း ၆၀ ထုတ်ယူလာတဲ့ အမျိုးသမီးကြီးတစ်ဦးဆီကနေ ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးက လုယက်ပြီး ထွက်ပြေးသွားတဲ့ဖြစ်စဉ်မှု ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သထုံမြို့မရဲစခန်းကနေ သိရပါတယ်။ “အခုလိုငွေကျပ်သိန်းခြောက်ဆယ်ကို ဆိုင်ကယ်စီးလာသူအမျိုးသားက ဇူလိုင် ၁၇ ရက်၊ မနက် ၁၀ ၃၅ မိနစ်ခန့်က လုယက်ယူငင်ကာဆိုင်ငယ်မောင်းနင်ထွက်ပြေးသွားတာဖြစ်တယ်”လို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။ ငွေကျပ် သိန်းခြောက်ဆယ် လုယက်ခံရတဲ့ကိစ္စကို သထုံမြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖြစ်စဉ်ဖြစ်တာမှန်ကန်ပြီး အမှုကိုစစ်ဆေးမေးမြန်းနေဆဲဖြစ်တဲ့အတွက် အသေးစိတ်အချက်လက် မထုတ်ပြန်နိုင်သေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သထုံမြို့နယ်၊ ထုံမြို့ဂေါ့ကျော့ကျေးရွာက နေအိမ်တစ်လုံး ဖောက်ထွင်းခံခဲ့ရတဲ့ဖြစ်စဉ်လည်း…

Read More

ကိုဗစ်-၁၉ ကာကွယ်ဆေး အချက်အလက်တွေကို ရုရှားက ခိုးယူဖို့ကြိုးစား

ကိုဗစ်-၁၉ ကာကွယ်ဆေး အချက်အလက်တွေကို ရုရှားက ခိုးယူဖို့ကြိုးစား လန်ဒန်၊ ဇူလိုင်-၁၇-၂၀၂၀ မျိုးဆက် (VOM) ရုရှာထောက်လှမ်းရေး ကျောထောက်နောက်ခံပြုထားတဲ့ ဟတ်ကာအဖွဲ့ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ အဖွ့ဲ့အစည်းတွေကို ပစ်မှတ်ထားပြီး အချက်အလက်တွေခိုးယူဖို့ လုပ်ဆောင်နေတယ်လို့ ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါထောက်လှမ်းရေးအဖွဲ့တွေက သတိပေး ထုတ်ပြန်လိုက်ပါတယ်။ ဟတ်ကာတွေဟာ ရုရှားထောက်လှမ်းရေးရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် လုံးဝနီးပါးသေချာတယ်လို့ ဗြိတိန်အမျိုးသားဆိုက်ဘာလုံခြုံရေးဌာနကပြောပါတယ်။ လက်ရှိအချိန်ထိ အဖွဲ့အစည်းတွေဟာ ပစ်မှတ်ထားတိုက်ခိုက်ခံရပြီး အချက်အလက်တစ်စုံတစ်ရာ ခိုးယူခံရခြင်းရှိမရှိကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ဒါပေမယ့် ကာကွယ်ဆေးသုတေသန လုပ်ငန်းတွေကိုတော့ ဟတ်ကာတွေက တားဆီးနိုင်မှာမဟုတ်ဘူလို့ အဲ့ဒီအဖွဲ့ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံကတော့ ငြင်းဆိုထားပြီး ဒီဆိုက်ဘာတိုက်ခိုက်မှုမှာ မိမိတို့မပါဝင်ဘူးဆိုတာ သေချာပေါက်ပြောနိုင်တယ်လို့ သမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်ကပြောပါတယ်။ Cozy Bearလို့ လူသိများတဲ့ APT29 ရုရှားဟတ်ကာအဖွဲ့ ၂၀၁၆ ခုနှစ်က အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ ၂၀၁၉…

Read More

အမျိုးသားခေါင်းဆောင်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အဓိပ္ပါယ်အပေါ် ကွဲပြားစွာနားလည်ရဲ့လားလို့ မေးခွန်းထုတ်

အမျိုးသားခေါင်းဆောင်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အဓိပ္ပါယ်အပေါ် ကွဲပြားစွာနားလည်ရဲ့လားလို့ ရွေးကောက်ပွဲကော်မရှင် မေးခွန်းထုတ် နေပြည်တော်၊ ဇူလိုင် ၁၇-၂၀၂၀ စွမ်းရဲထွဋ် (VOM) အမျိုးသားခေါင်းဆောင်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အဓိပ္ပါယ်အပေါ် ကွဲပြားစွာနားလည်ရဲ့လားလို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက ဗိုလ်ချုပ်အောင်ဆန်းပုံကိုသုံးပြီး မဲမဆွယ်ဖို့ တိုက်တွန်းနေကြတဲ့ နိုင်ငံရေးပါတီ ၃၀ ကို ဒီကနေ့မှာပဲ မေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။ “ကွဲကွဲပြားပြားမသိဘဲ နိုင်ငံ့ခေါင်းဆောင်ပုံမသုံးရေးဆိုတော့ ဘာကို ဆိုလိုတာလဲ။ ကျနော်က အဲ့ဒီလို ခွဲခွဲခြားခြားသိထားတော့ ကျနော်ကနားမလည်ဘူး။ ဒါကြောင့် ကျနော် တရားနည်းလမ်းမကျတာ။ သဘာဝမကျတာ လက်မခံဘူး။ CoC ထိုးချင်ထိုး၊ မထိုးချင်နေ။ ဒါ သူ့တို့ရဲ့ သဘောထားပဲ။ ဒါကြောင့်မို့လို့ National Leader ဖြစ်တဲ့အတွက် နိုင်ငံသား ၅၄ သန်းလုံးပိုင်ပါတယ်။ တစ်ဦးတစ်ယောက်တည်း မပိုင်ဘူး။ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာ နိုင်ငံသားလို့ ခံယူထားသူ အားလုံးဟာ ဗိုလ်ချုပ်အောင်ဆန်းဟာ National…

Read More

ကျောက်တန်းမှာ တပ်မတော်နဲ့ အေအေတိုက်ပွဲ လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပြီး အရပ်သား ၄ ဦးဒဏ်ရာရ

ကျောက်တန်းမှာ တပ်မတော်နဲ့ အေအေတိုက်ပွဲ လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပြီး အရပ်သား ၄ ဦးဒဏ်ရာရ ရသေ့တောင်၊ ဇူလိုင် ၁၇- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတို့ မနေ့ ဇူလိုင်လ ၁၆ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဖက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကျောက်တန်းကျေးရွာက သက်ကြီးပိုင်းဒေသခံအမျိုးသမီးတစ်ဦးနဲ့ ရွာအနီးလယ်ကွင်းမှာ လယ်ထွန်နေတဲ့ ဒေသခံကျောက်တန်းရွာသား လယ်သမားသုံးဦးမှာလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိသူတွေမှာ အသက် ၄၆ နှစ်အရွယ် ဦးမောင်ခင်လှ၊ ဘယ်ဘက်ဒူးဒဏ်ရာ၊ ဦးကျော်သန်း အသက် (၅၀) မှာ ဘယ်ဘက်လက်ဒဏ်ရာ၊ အသက် (၄၀) အရွယ် ဦးမောင်လှ၊ ဝမ်းဗိုက် ကျည်စထိမှန်ဒဏ်ရာနဲ့ ဒေါ်နုစိန် အသက်…

Read More

ထိုင်းစီးပွားရေးမူဝါဒဦးဆောင်သူ ဒုတိယဝန်ကြီးချုပ်နဲ့ ဝန်ကြီးသုံးဦး ရာထူးကနေနှုတ်ထွက်

ထိုင်းစီးပွားရေးမူဝါဒဦးဆောင်သူ ဒုတိယဝန်ကြီးချုပ်နဲ့ ဝန်ကြီးသုံးဦး ရာထူးကနေနှုတ်ထွက် ဘန်ကောက်၊ ဇူလိုင်-၁၇-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးရုန်းကန်နေရချိန်မှာ ထိုင်းဒုတိယဝန်ကြီးချုပ်ဖြစ်သူ ဆွန်ကစ်ဂျာတူစရီပီတက်နဲ့ အခြား အဓိကဝန်ကြီးသုံးဦး အစိုးရအဖွဲ့ကနေ နှုတ်ထွက်သွားပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ၊ စွမ်းအင်ဝန်ကြီးနဲ့ ပညာရေးဝန်ကြီးတွေဟာ ဒုတိယဝန်ကြီးချုပ်နဲ့အတူ ဇူလိုင် ၁၆ ရက်မှာ နှုတ်ထွက်စာတင်သွားကြပါတယ်။ သူတို့အားလုံးဟာ ဒုဝန်ကြီးချုပ်ဆွန်ကစ်ဦးဆောင်တဲ့ စီးပွားရေးမူဝါဒချမှတ်ရေးအဖွဲ့မှာ ပါဝင်သူတွေဖြစ်ပါတယ်။ ဆွန်ကစ်ဟာ စစ်တပ်ဦးဆောင်တဲ့ ထိုင်းကြားဖြတ်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်ကစပြီး စီးပွားရေးရာ တာဝန်ခံဖြစ်ပါတယ်။ ဒီလို ရာထူးနှုတ်ထွက်မှုတွေဟာ အင်အားကြီး အာဏာရပါတီအတွင်း မတည်ငြိမ်မှုတစ်ခုအပေါ် သဘောတူညီမှုမရတာကြောင့်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၅၀ ကျော်အတွင်း ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိသေးပါဘူး။ ဒါပေမယ့် အများပြည်သူနဲ့ ထိတွေ့မှုရှိခဲ့တဲ့ ပြည်ပကူးစက်မှုနှစ်ခုကြောင့် ဒုတိယလှိုင်းအဖြစ် ကူးစက်မှုဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ အစိုးရအနေနဲ့…

Read More

ညဏ်ရည်ချို့တဲ့၊အသက်မပြည့်သူကို အကြိမ်ကြိမ်သားမယားပြုကျင့်မှုဖြစ်ပွား

ညဏ်ရည်ချို့တဲ့၊အသက်မပြည့်သူကို အကြိမ်ကြိမ်သားမယားပြုကျင့်မှုဖြစ်ပွား နေပြည်တော်၊ဇူလိုင်လ ၁၇-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရပ်ကွက် ၁၀ အလယ်ကျွန်း၊ ရွာလယ်လမ်းမှာနေတဲ့ ညဏ်ရည်ချို့တဲ့၊အသက်မပြည့်သေးသူကို နေအိမ်ခေါ်ယူပြီး အကြိမ်ကြိမ် သားမယားပြုကျင့်နေသူကို ဇူလိုင်လ ၁၆ ရက်နေ့က ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်အရေးယူ ဖမ်းဆီးခဲ့တယ်လို့ တောင်ငူမြို့မရဲစခန်းကနေ သိရပါတယ်။ “စိတ်ကျန်းမာရေးမကောင်းတာမျိုး မဟုတ်ဘဲ ညဏ်ရည်ချို့တယ်လို့ပြောရမယ်။ ကလေးမလေး ကိုယ်ဝန်ငါးလရှိမှ သိရတာဖြစ်ပြီး ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ အမျိုးသားကို ဖမ်းဆီးထားပြီးဖြစ်ပါတယ်”လို့ တောင်ငူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ တောင်ငူမြို့နယ်၊ ရပ်ကွက် ၁၀၊ အလယ်ကျွန်းရွာလယ်လမ်းမှာနေတဲ့ ဦးထွန်းထွန်းဦး(၂၄ နှစ်)ဟာ တစ်ရပ်ကွက်ထဲမှာနေတဲ့ အသက် ၁၄ နှစ်အရွယ် ညဏ်ရည်ချို့တဲ့သူမိန်းကလေးကို အခုနှစ် ဇန်နဝါရီလခန့်ကစတင်ပြီး မိဘတွေမသိအောင် နေအိမ်ကိုခေါ်ယူကာ အကြိမ်ကြိမ် သားမယားပြုကျင်ခဲ့တာဖြစ်ပြီး ကိုယ်ဝန်ငါးလခန့်ရှိတဲ့အချိန်မှာ မိခင်ဖြစ်သူကသိခဲ့ရတဲ့အတွက် ဇူလိုင်လ ၁၆ ရက်‌နေ့မှာ ရဲစခန်းကိုတိုင်ကြားခဲ့တာဖြစ်တယ်လို့ တောင်ငူမြို့မရဲစခန်းကနေ သိရပါတယ်။ အရွယ်မရောက်သေးသူကို…

Read More

၂၀၂၀ ရွေးကောက်ပွဲ NLDပါတီအနေနဲ့ သောင်ပြိုကမ်းပြိုနိူင်ဖို့ မျှော်မှန်းလို့မရ

၂၀၂၀ ရွေးကောက်ပွဲ NLDပါတီအနေနဲ့ သောင်ပြိုကမ်းပြိုနိူင်ဖို့ မျှော်မှန်းလို့မရ ရန်ကုန်၊ ဇူလိုင် ၁၆-၂၀၂၀ အေးချမ်းသူ(VOM) NLDအစိုးရလက်ထက်မှာ ပြည်သူလူထုက ထင်ထားသလိုဖြစ်မလာတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေနဲ့ သောင်ပြိုကမ်းပြိုနိူင်ဖို့ မျှော်မှန်းလို့မရဘူးလို့ ဒီမီုကရက်တစ်ပါတီ(မြန်မာ)မှ ဒု-ဥက္ကဌဦးတင့်ဆွေကပြောပါတယ်။ “၂၀၁၀အစိုးရလက်ထက်နဲ့ ၂၀၁၅အစိုးရသက်တမ်း(၂)ခုကို ယှဉ်ကြည့်တဲ့အချိန်မှာ လူထုကရွေးချယ်မှုရှိသွားပြီဖြစ်တဲ့ NLDအစိုးရလက်ထက်မှာ မျှော်မှန်းထားသလိုဖြစ်မလာသည့်တွက် ကျနော်ထင်တယ် NLDပါတီဟာ ပြီးခဲတဲ့၂၀၁၅ ရွေးကောက်ပွဲတုန်းကလို သောင်ပြိုကမ်းပြိုနိူင်ဖို့ ခန့်မှန်းရခက်ပါတယ်၊ ပါတီ ၉၀ ကျော်ထဲမှာ ပါတီကြီးဖြစ်တဲ့အတွက် ဝေဖန်လို့မရဘူး။ သောင်ပြိုကမ်းပြို မနိူင်နိူင်ဘူးလို့ဝေဖန်ရခက်တယ်။ ပါတီကြီးကို ဝေဖန်တဲ့အခါ စည်းထားရတယ်။ ပြည်သူတစ်ယောက်အနေနဲ့ဆိုရင် ပြောလို့ရတယ်။ ပါတီအနေနဲ့ဆိုရင် ပြောလို့မရဘူး”လို့ ဒုဥက္ကဌဦးတင့်ဆွေကပြောပါတယ်။ လက်ရှိအခြေအနေမှာ NLDပါတီက ဖွဲ့စည်းပုံကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ စိပွားရေးအဆင်မပြေဖြစ်ခြင်း၊ တိုင်းရင်းသားရေးရာကိစွတွေကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့အတွက် အရင်ကလို ထင်တိုင်းပေါက်မှာမဟုတ်ဘူးလို့ ဒုဥက္ကဌဦးတင့်ဇော်က သုံးသပ်ပြောဆိုပါတယ်။ “မဲပေးမယ့်ပြည်သူတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင်…

Read More
VOM News

FREE
VIEW