မန္တလေးမြို့မှာ အာဇာနည်နေ့ကို လူဦးရေကန့်သတ်ပြီး ကျင်းပမယ်

မန္တလေးမြို့မှာ အာဇာနည်နေ့ကို လူဦးရေကန့်သတ်ပြီး ကျင်းပမယ်

မန္တလေး ဇူလိုင် ၁၇-၂၀၂၀
ဖြူဖြူ(VOM)

မန္တလေးတိုင်းအစိုးရအဖွဲ့က ဦးဆောင်ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကို အခုနှစ်မှာတော့ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုတွေကြောင့် လူဦးရေကန့်သတ်ပြီး အကျဉ်းချုံးကျင်းပသွားမယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

“ဟိုးအရင်တုန်းကလို အများကြီးအုပ်စုလိုက်လာမယ်၊ တစ်ယောက်နဲ့တစ်ယောက် ပူးပူးကပ်ကပ်နေတယ်ဆိုတဲ့ အခြေအနေတွေမဖြစ်အောင် အစီအစဉ်တွေလည်း လုပ်ထားပါတယ်။”လို့ ဦးစိုင်းပန်းဆိုင်ကပြောပါတယ်။

မန္တလာသီရိအားကစားကွင်းမှာ လူစည်စည်ကားကားနဲ့ ကျင်းပနေကြ အာဇာနည်နေ့အခမ်းအနားကို အခုနှစ်မှာတော့ အပိုင်းနှစ်ပိုင်းခွဲပြီး တစ်ဦးနဲ့တစ်ဦးနီးကပ်တာမျိုးမဖြစ်အောင် ကျင်းပမှာဖြစ်ပါတယ်။

ဇူလိုင် ၁၉ ရက်မှာကျင်းပမယ့် (၇၃)ကြိမ်မြောက် အာဇာနည်နေ့မှာ ပထမပိုင်းအနေနဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ၊ ကောင်စစ်ဝန်ချုပ်တွေ၊ ကျဆုံးအာဇာနည်တွေရဲ့ ဆွေမျိုးတွေ၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ တိုင်းရင်းသားအစုအဖွဲ့ကိုယ်စားပြုတွေကနေ လွမ်းသူ့ပန်းခွေချ အလေးပြုမှာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ အသင်းအဖွဲ့တစ်ခုကို ၅ ယောက်နှုန်း၊ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုကို (၅)ယောက်နှုန်းနဲ့ လွမ်းသူ့ပန်းခွေချ အလေးပြုမှာဖြစ်ပါတယ်။

ဝင်ပေါက်၊ ထွက်ပေါက်သတ်မှတ်ပေးထားပြီး ကျန်းမာရေးဝန်ကြီးဌာန သတ်မှတ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ရမယ်လို့ ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

သံဃာတော်တွေကို အာရုဏ်ဆွမ်းကပ်ဖို့အတွက်ကိုလည်း စည်ပင်သာယာကော်မတီရုံးဝင်းအတွင်းက မြို့တော်ခန်းမမှာ အကျဉ်းချုံးကျင်းပမှာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

မႏၱေလးၿမိဳ႕မွာ အာဇာနည္ေန႔ကို လူဦးေရကန႔္သတ္ၿပီး က်င္းပမယ္

မႏၲေလး ဇူလိုင္ ၁၇-၂၀၂၀
ျဖဴျဖဴ(VOM)

မႏၲေလးတိုင္းအစိုးရအဖြဲ႕က ဦးေဆာင္က်င္းပတဲ့ အာဇာနည္ေန႔အခမ္းအနားကို အခုႏွစ္မွာေတာ့ COVID-19 ေရာဂါကူးစက္ျပန႔္ႏွံ႔မႈေတြေၾကာင့္ လူဦးေရကန႔္သတ္ၿပီး အက်ဥ္းခ်ဳံးက်င္းပသြားမယ္လို႔ မႏၱေလးတိုင္းအစိုးရအဖြဲ႕ဝင္ ရွမ္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးစိုင္းပန္းဆိုင္က ေျပာပါတယ္။

“ဟိုးအရင္တုန္းကလို အမ်ားႀကီးအုပ္စုလိုက္လာမယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ ပူးပူးကပ္ကပ္ေနတယ္ဆိုတဲ့ အေျခအေနေတြမျဖစ္ေအာင္ အစီအစဥ္ေတြလည္း လုပ္ထားပါတယ္။”လို႔ ဦးစိုင္းပန္းဆုိင္ကေျပာပါတယ္။

မႏၲလာသီရိအားကစားကြင္းမွာ လူစည္စည္ကားကားနဲ႔ က်င္းပေနၾက အာဇာနည္ေန႔အခမ္းအနားကို အခုႏွစ္မွာေတာ့ အပိုင္းႏွစ္ပိုင္းခြဲၿပီး တစ္ဦးနဲ႔တစ္ဦးနီးကပ္တာမ်ိဳးမျဖစ္ေအာင္ က်င္းပမွာျဖစ္ပါတယ္။

ဇူလိုင္ ၁၉ ရက္မွာက်င္းပမယ့္ (၇၃)ႀကိမ္ေျမာက္ အာဇာနည္ေန႔မွာ ပထမပိုင္းအေနနဲ႔ တိုင္းအစိုးရအဖြဲ႕ဝင္ေတြ၊ တပ္မေတာ္သားေတြ၊ ေကာင္စစ္ဝန္ခ်ဳပ္ေတြ၊ က်ဆုံးအာဇာနည္ေတြရဲ႕ ေဆြမ်ိဳးေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ တိုင္းရင္းသားအစုအဖြဲ႕ကိုယ္စားျပဳေတြကေန လြမ္းသူ႔ပန္းေခြခ် အေလးျပဳမွာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အသင္းအဖြဲ႕တစ္ခုကို ၅ ေယာက္ႏႈန္း၊ တိုင္းရင္းသားမ်ိဳးႏြယ္စုတစ္ခုကို (၅)ေယာက္ႏႈန္းနဲ႔ လြမ္းသူ႔ပန္းေခြခ် အေလးျပဳမွာျဖစ္ပါတယ္။

ဝင္ေပါက္၊ ထြက္ေပါက္သတ္မွတ္ေပးထားၿပီး က်န္းမာေရးဝန္ႀကီးဌာန သတ္မွတ္ခ်က္ေတြအတိုင္း လိုက္နာေဆာင္႐ြက္ရမယ္လို႔ ဦးစိုင္းပန္းဆိုင္က ေျပာပါတယ္။

သံဃာေတာ္ေတြကို အာ႐ုဏ္ဆြမ္းကပ္ဖို႔အတြက္ကိုလည္း စည္ပင္သာယာေကာ္မတီ႐ုံးဝင္းအတြင္းက ၿမိဳ႕ေတာ္ခန္းမမွာ အက်ဥ္းခ်ဳံးက်င္းပမွာျဖစ္တယ္လုိ႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #မႏၱေလး

Related posts

Leave a Comment

VOM News

FREE
VIEW