သထုံ KBZ ဘဏ်ကနေ ငွေထုတ်လာသူအမျိုးသမီးဆီက ကျပ်သိန်း ၆၀ ငွေထုပ်ကို ဆိုင်ကယ်စီးလာသူက လုယက်

သထုံ KBZ ဘဏ်ကနေ ငွေထုတ်လာသူအမျိုးသမီးဆီက ကျပ်သိန်း ၆၀ ငွေထုပ်ကို ဆိုင်ကယ်စီးလာသူက လုယက်

နေပြည်တော်၊ ဇူလိုင် ၁၇-၂၀၂၀
ကောင်လက်ျာ(VOM)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းခင်းရပ်ကွက်ရှိ ကမ္ဘောဘဏ်မှ ငွေကျပ်သိန်း ၆၀ ထုတ်ယူလာတဲ့ အမျိုးသမီးကြီးတစ်ဦးဆီကနေ ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးက လုယက်ပြီး ထွက်ပြေးသွားတဲ့ဖြစ်စဉ်မှု ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သထုံမြို့မရဲစခန်းကနေ သိရပါတယ်။

“အခုလိုငွေကျပ်သိန်းခြောက်ဆယ်ကို ဆိုင်ကယ်စီးလာသူအမျိုးသားက ဇူလိုင် ၁၇ ရက်၊ မနက် ၁၀ ၃၅ မိနစ်ခန့်က လုယက်ယူငင်ကာဆိုင်ငယ်မောင်းနင်ထွက်ပြေးသွားတာဖြစ်တယ်”လို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။

ငွေကျပ် သိန်းခြောက်ဆယ် လုယက်ခံရတဲ့ကိစ္စကို သထုံမြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖြစ်စဉ်ဖြစ်တာမှန်ကန်ပြီး အမှုကိုစစ်ဆေးမေးမြန်းနေဆဲဖြစ်တဲ့အတွက် အသေးစိတ်အချက်လက် မထုတ်ပြန်နိုင်သေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သထုံမြို့နယ်၊ ထုံမြို့ဂေါ့ကျော့ကျေးရွာက နေအိမ်တစ်လုံး ဖောက်ထွင်းခံခဲ့ရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တယ်လို့ သထုံမြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဓါတ်ပုံ-NDKS
#voiceofmyanmar #VOM #သထုံ

Zawgyi

သထုံ KBZ ဘဏ္ကေန ေငြထုတ္လာသူအမ်ိဳးသမီးဆီက က်ပ္သိန္း ၆၀ ေငြထုပ္ကို ဆိုင္ကယ္စီးလာသူက လုယက္

ေနျပည္ေတာ္၊ ဇူလိုင္ ၁၇-၂၀၂၀
ေကာင္လက္်ာ(VOM)

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ နန္းခင္းရပ္ကြက္ရွိ ကေမာၻဘဏ္မွ ေငြက်ပ္သိန္း ၆၀ ထုတ္ယူလာတဲ့ အမ်ိဳးသမီးႀကီးတစ္ဦးဆီကေန ဆိုင္ကယ္စီးလာသူ အမ်ိဳးသားတစ္ဦးက လုယက္ၿပီး ထြက္ေျပးသြားတဲ့ျဖစ္စဥ္မႈ ဒီကေန႔မနက္ပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ သထုံၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

“အခုလုိေငြက်ပ္သိန္းေျခာက္ဆယ္ကို ဆိုင္ကယ္စီးလာသူအမ်ိဳးသားက ဇူလိုင္ ၁၇ ရက္၊ မနက္ ၁၀ ၃၅ မိနစ္ခန႔္က လုယက္ယူငင္ကာဆိုင္ငယ္ေမာင္းနင္ထြက္ေျပးသြားတာျဖစ္တယ္”လို႔ သထုံၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္သူက ေျပာပါတယ္။

ေငြက်ပ္ သိန္းေျခာက္ဆယ္ လုယက္ခံရတဲ့ကိစၥကို သထုံၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ေဇာ္မင္းထြန္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ျဖစ္စဥ္ျဖစ္တာမွန္ကန္ၿပိီး အမႈကိုစစ္ေဆးေမးျမန္းေနဆဲျဖစ္တဲ့အတြက္ အေသးစိတ္အခ်က္လက္ မထုတ္ျပန္ႏိုင္ေသးဘူးလုိ႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း သထုံၿမိဳ႕နယ္၊ ထုံၿမိဳ႕ေဂါ့ေက်ာ့ေက်း႐ြာက ေနအိမ္တစ္လုံး ေဖာက္ထြင္းခံခဲ့ရတဲ့ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့တယ္လုိ႔ သထုံၿမိဳ႕ခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

ဓါတ္ပုံ-NDKS
#voiceofmyanmar #VOM #သထံု

Related posts

Leave a Comment

VOM News

FREE
VIEW