အမျိုးသားခေါင်းဆောင်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အဓိပ္ပါယ်အပေါ် ကွဲပြားစွာနားလည်ရဲ့လားလို့ မေးခွန်းထုတ်

အမျိုးသားခေါင်းဆောင်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အဓိပ္ပါယ်အပေါ် ကွဲပြားစွာနားလည်ရဲ့လားလို့ ရွေးကောက်ပွဲကော်မရှင် မေးခွန်းထုတ်

နေပြည်တော်၊ ဇူလိုင် ၁၇-၂၀၂၀
စွမ်းရဲထွဋ် (VOM)

အမျိုးသားခေါင်းဆောင်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အဓိပ္ပါယ်အပေါ် ကွဲပြားစွာနားလည်ရဲ့လားလို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက ဗိုလ်ချုပ်အောင်ဆန်းပုံကိုသုံးပြီး မဲမဆွယ်ဖို့ တိုက်တွန်းနေကြတဲ့ နိုင်ငံရေးပါတီ ၃၀ ကို ဒီကနေ့မှာပဲ မေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။

“ကွဲကွဲပြားပြားမသိဘဲ နိုင်ငံ့ခေါင်းဆောင်ပုံမသုံးရေးဆိုတော့ ဘာကို ဆိုလိုတာလဲ။ ကျနော်က အဲ့ဒီလို ခွဲခွဲခြားခြားသိထားတော့ ကျနော်ကနားမလည်ဘူး။ ဒါကြောင့် ကျနော် တရားနည်းလမ်းမကျတာ။ သဘာဝမကျတာ လက်မခံဘူး။ CoC ထိုးချင်ထိုး၊ မထိုးချင်နေ။ ဒါ သူ့တို့ရဲ့ သဘောထားပဲ။ ဒါကြောင့်မို့လို့ National Leader ဖြစ်တဲ့အတွက် နိုင်ငံသား ၅၄ သန်းလုံးပိုင်ပါတယ်။ တစ်ဦးတစ်ယောက်တည်း မပိုင်ဘူး။ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာ နိုင်ငံသားလို့ ခံယူထားသူ အားလုံးဟာ ဗိုလ်ချုပ်အောင်ဆန်းဟာ National Leader ပဲ။ မြန်မာနိုင်ငံကြီး တည်ရှိနေသ၍ အမျိုးသားခေါင်းဆောင်။ နိုင်ငံခေါင်းကတော့ သူအုပ်ချုပ်တဲ့ကာလမှာ အကြီးအကဲက နိုင်ငံ့ခေါင်းဆောင်”လို့ ဦးလှသိန်းကပြောပါတယ်။

နေပြည်တော်က Grand Amara Hotelမှာ ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံကြတဲ့ အခမ်းအနားမှာ အခုလိုမေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

အမ်ိဳးသားေခါင္းေဆာင္နဲ႔ နုိင္ငံ့ေခါင္းေဆာင္ေတြရဲ့ အဓိပၸါယ္အေပၚ ကြဲၿပားစြာနားလည္ရဲ့လားလို႔ ေရြးေကာက္ပြဲေကာ္မရွင္ ေမးခြန္းထုတ္

ေနၿပည္ေတာ္၊ ဇူလုိင္ ၁၇-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

အမ်ိဳးသားေခါင္းေဆာင္နဲ႔ နုိင္ငံ့ေခါင္းေဆာင္ေတြရဲ့ အဓိပၸါယ္အေပၚ ကြဲၿပားစြာနားလည္ရဲ့လားလုိ႔ ၿပည္ ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဥကၠဌ ဦးလွသိန္းက ဗုိလ္ခ်ဳပ္ေအာင္ဆန္းပံုကိုသံုးၿပီး မဲမဆြယ္ဖုိ႔ တုိက္တြန္းေနၾကတဲ့ နုိင္ငံေရးပါတီ ၃၀ ကို ဒီကေန႔မွာပဲ ေမးခြန္းထုတ္လိုက္တာျဖစ္ပါတယ္။

“ကြဲကြဲၿပားၿပားမသိဘဲ နုိင္ငံ့ေခါင္းေဆာင္ပံုမသံုးေရးဆုိေတာ့ ဘာကုိ ဆုိလုိတာလဲ။ က်ေနာ္က အဲ့ဒီလို ခြဲခြဲၿခားၿခားသိထားေတာ့ က်ေနာ္ကနားမလည္ဘူး။ ဒါေၾကာင့္ က်ေနာ္ တရားနည္းလမ္းမက်တာ။ သဘာဝမက်တာ လက္မခံဘူး။ CoC ထုိးခ်င္ထုိး၊ မထိုးခ်င္ေန။ ဒါ သူ႔တို႔ရဲ့ သေဘာထားပဲ။ ဒါေၾကာင့္မုိ႔လို႔ National Leader ၿဖစ္တဲ့အတြက္ နုိင္ငံသား ၅၄ သန္းလံုးပုိင္ပါတယ္။ တစ္ဦးတစ္ေယာက္တည္း မပုိင္ဘူး။ ၿမန္မာနုိင္ငံနယ္နိမိတ္အတြင္းမွာ နုိင္ငံသားလုိ႔ ခံယူထားသူ အားလံုးဟာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းဟာ National Leader ပဲ။ ၿမန္မာနုိင္ငံၾကီး တည္ရွိေနသ၍ အမ်ိဳးသားေခါင္းေဆာင္။ နုိင္ငံေခါင္းကေတာ့ သူအုပ္ခ်ဳပ္တဲ့ကာလမွာ အၾကီးအကဲက နုိင္င့ံေခါင္းေဆာင္”လို႔ ဦးလွသိန္းကေျပာပါတယ္။

ေနၿပည္ေတာ္က Grand Amara Hotelမွာ ဒီကေန႔ျပဳလုပ္တဲ့ ၿပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္နဲ႔ အရပ္ဖက္လူမႈအဖြဲ႔အစည္းေတြ ေတြ႔ဆံုၾကတဲ့ အခမ္းအနားမွာ အခုလုိေမးခြန္းထုတ္လုုိက္တာ ၿဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

 

Related posts

Leave a Comment

VOM News

FREE
VIEW