တ.စ.ညပါတီအနေနဲ့ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်

တ.စ.ညပါတီအနေနဲ့ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်

ရန်ကုန်၊ဇူလိုင် ၁၇-၂၀၂၀
အေးချမ်းသူ(VOM)

လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ကိုယ်စားလှယ်ပေါင်း(၄၁၁)ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ပါတီရဲ့ဒု-ဥက္ကဌဦးဟန်ရွှေက ဒီကနေ့မနက်ပိုင်းပြုလုပ်တဲ့ မီဒီယာနဲ့တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“လက်ရှိအခြေအနေအရ ရခိုင်မှာဝင်မပြိုင်ပါဘူး။ ဒီနှစ်မှ မပြိုင်တာပါ ၂၀၁၀-၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲအထိ ဝင်ပြိုင်ခဲ့တယ်။ နိူင်ခဲ့တာလည်းရှိတယ်။ ၂၀၁၉ ခုနှစ်အထိ ဆုံးဖြတ်ထားတာ ရခိုင်ကိုမြောက်ပိုင်းကိုလွှတ်ပြီး၊ တောင်ပိုင်းကိုပြိုင်မယ်လို့ စဉ်းစားထားတာ၊ အခုက အခြေအနေမပေးလို့ ဝင်မပြိုင်တော့တာပါ”လို့ ဦးဟန်ရွှေကရှင်းပြပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ ပါတီဝင်တွေရှိတဲ့ မြို့နယ်ပေါင်း(၂၉၀)မြို့ထဲက မြို့နယ်ပေါင်း(၁၇၇)မြို့နယ်ကိုသာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဒု-ဥက္ကဌဦးဟန်ရွှေက ပြောပါတယ်။

မြို့နယ်(၁၇၇)မြို့နယ်မှာ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်ဦးရေကတော့ ကချင် ၂၃ဦး၊ ကယား ၁၉ဦး၊ ကရင် ၅ဦး ၊ချင်း ၂ဦး၊ စစ်ကိုင်း ၆၉ဦး၊ တနင်္သာရီ ၂၅ဦး၊ ပဲခူး ၄၀ဦး၊ မကွေး ၅၆ဦး၊ မန္တလေး ၄၈ဦး၊ မွန် ၂၃ဦး၊ ဧရာဝတီ ၃၉ဦး၊ ရှမ်း၂၀၊ ရန်ကုန် ၃၅ဦး၊ နေပြည်တော် ၄ဦးတို့ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူလွှတ်တော် ၉၇ နေရာ ၊အမျိုးသားလွှတ်တော် ၄၂နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၂၆၄နေရာနဲ့ တိုင်းရင်းသား(၈)နေရာတို့ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ဦးဟန်ရွှေကရှင်းပြပါတယ်။

တိုင်းရင်းစည်းလုံးညီညွတ်ရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေဟာ အသက်အရွယ်အနေနဲ့ အသက် ၂၀ ကျော်ကနေ အသက် ၈၀ အထိရှိပြီး အမျိုးသမီးပါဝင်မှုမှာ ၁၇ရာခိုင်နှုန်းရှိတယ်လို့ ဒု-ဥက္ကဌဦးဟန်ရွှေက တွေ့ဆုံပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

တ.စ.ညပါတီအေနနဲ႔ ရခိုင္ျပည္နယ္ကလြဲၿပီး က်န္တဲ့တိုင္းနဲ႔ျပည္နယ္ေတြမွာ ေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္

ရန္ကုန္၊ဇူလိုင္ ၁၇-၂၀၂၀
ေအးခ်မ္းသူ(VOM)

လာမယ့္၂၀၂၀ ေ႐ြးေကာက္ပြဲမွာ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီအေနနဲ႔ ရခိုင္ျပည္နယ္ကလြဲၿပီး က်န္တဲ့ တိုင္းနဲ႔ျပည္နယ္ေတြမွာ ကိုယ္စားလွယ္ေပါင္း(၄၁၁)ဦးနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္တယ္လုိ႔ ပါတီရဲ႕ဒု-ဥကၠဌဦးဟန္ေ႐ႊက ဒီကေန႔မနက္ပိုင္းျပဳလုပ္တဲ့ မီဒီယာနဲ႔ေတြ႕ဆုံပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“လက္ရွိအေျခအေနအရ ရခိုင္မွာဝင္မၿပိဳင္ပါဘူး။ ဒီႏွစ္မွ မၿပိဳင္တာပါ ၂၀၁၀-၂၀၁၂ၾကားျဖတ္ေ႐ြးေကာက္ပြဲ၊ ၂၀၁၅ ေ႐ြးေကာက္ပြဲအထိ ဝင္ၿပိဳင္ခဲ့တယ္။ ႏိူင္ခဲ့တာလည္းရွိတယ္။ ၂၀၁၉ ခုႏွစ္အထိ ဆုံးျဖတ္ထားတာ ရခိုင္ကိုေျမာက္ပိုင္းကိုလႊတ္ၿပီး၊ ေတာင္ပိုင္းကိုၿပိဳင္မယ္လို႔ စဥ္းစားထားတာ၊ အခုက အေျခအေနမေပးလို႔ ဝင္မၿပိဳင္ေတာ့တာပါ”လို႔ ဦးဟန္ေရႊကရွင္းျပပါတယ္။

တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီအေနနဲ႔ ပါတီဝင္ေတြရွိတဲ့ ၿမိဳ႕နယ္ေပါင္း(၂၉၀)ၿမိဳ႕ထဲက ၿမိဳ႕နယ္ေပါင္း(၁၇၇)ၿမိဳ႕နယ္ကိုသာ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္တယ္လုိ႔ ဒု-ဥကၠဌဦးဟန္ေ႐ႊက ေျပာပါတယ္။

ၿမိဳ႕နယ္(၁၇၇)ၿမိဳ႕နယ္မွာ ေ႐ြးေကာက္ပြဲဝင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ဦးေရကေတာ့ ကခ်င္ ၂၃ဦး၊ ကယား ၁၉ဦး၊ ကရင္ ၅ဦး ၊ခ်င္း ၂ဦး၊ စစ္ကိုင္း ၆၉ဦး၊ တနသၤာရီ ၂၅ဦး၊ ပဲခူး ၄၀ဦး၊ မေကြး ၅၆ဦး၊ မႏၲေလး ၄၈ဦး၊ မြန္ ၂၃ဦး၊ ဧရာဝတီ ၃၉ဦး၊ ရွမ္း၂၀၊ ရန္ကုန္ ၃၅ဦး၊ ေနျပည္ေတာ္ ၄ဦးတို႔ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ျပည္သူလႊတ္ေတာ္ ၉၇ ေနရာ ၊အမ်ိဳးသားလႊတ္ေတာ္ ၄၂ေနရာ၊ တိုင္းေဒသႀကီးလႊတ္ေတာ္ ၂၆၄ေနရာနဲ႔ တိုင္းရင္းသား(၈)ေနရာတို႔ ပါဝင္ယွဥ္ၿပိဳင္သြားမွာျဖစ္တယ္လုိ႔ ဦးဟန္ေရႊကရွင္းျပပါတယ္။

တိုင္းရင္းစည္းလုံးညီၫြတ္ေရးပါတီကေန ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေတြဟာ အသက္အရြယ္အေနနဲ႔ အသက္ ၂၀ ေက်ာ္ကေန အသက္ ၈၀ အထိရွိၿပီး အမ်ိဳးသမီးပါဝင္မႈမွာ ၁၇ရာခိုင္ႏႈန္းရွိတယ္လုိ႔ ဒု-ဥကၠဌဦးဟန္ေ႐ႊက ေတြ႔ဆံုပြဲမွာေျပာၾကားခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW