ကန့်ဘလူ ဇီးကုန်းမြို့ပေါ်မှာ ရဲတပ်ဖွဲ့ဝင်နဲ့ပြည်သူ့စစ်တို့ ပစ်ခတ်တိုက်ခိုက်ခံရလို့ သေဆုံးခဲ့

ဇူလိုင် ၂၁ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ ဆိုင်ကယ်နဲ့ သွားလာတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်တို့ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွား ခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့ မနက် ၈ နာရီလောက်မှာ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူစစ်အဖွဲ့ဝင်ဟာ စျေးဝယ်ဖို့ ဆိုင်ကယ်တစီးကို နှစ်ယောက်စီးလာချိန် မြို့တွင်း လမ်းပိုင်းတနေရာမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” စျေးဝယ်လာတာကို လမ်းကနေ ဖြတ်ပြီးပစ်တာလို့သိရတယ်။ နှစ်ယောက်လုံး နေရာမှာပွဲချင်းပြီးဆုံးတယ်။ သေနတ်တွေလည်း ပါသွားတယ် သိရတယ်။ ပစ်ခတ်မှုပြီးတော့ စစ်တပ်ရော ရဲတွေရော မြို့ထဲစစ်ဆေးရေးတွေတင်းကြပ်တာ ရှိတယ်။ ” လို့ ဒေသခံကပြောပါတယ်။ အဆိုပါ ပစ်ခတ်မှုမှာ သေနတ်နှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း…

Read More

သူတို့အိမ် အခန်း (၁၇၃)

ဆူးငှက် ၁၉၈၈ခု၊ ဒီဇင်ဘာ ၁၃ ရက် —————————– ကျွန်တော်တို့ မုန့်ဟင်းခါး မှာသောက်နေစဉ်မှာပဲ စက်မှုတက္ကသိုလ် တက်ဆဲ တူတော်မောငက် အနားရောက်လာသည်။ ခင်သော်ဇင်က က အောင်မိုးဝင်းလာလေ၊ မုန့်ဟင်းခါးမှာလိုက်မယ်လေ ဟု ဆိုတော့ သူက ခေါင်းရမ်းပြီး “လေးဆန်း.. ဖိုးဖိုး ဘာဖြစ်သွားမှန်းမသိဘူးဗျ၊ ဈေးသွားမလို့ ပြင်ရင်း အိပ်ရာထဲမှာ လဲသွားလို့၊ အမေကြီးက နှိပ်ပေးနေတယ်၊ သတိလစ်သွားတာလားမသိဘူး၊” ဟု ပြောသည်။ ကျွန်တော်လည်း မုန့်ဟင်းခါးပန်းကန်ကို ထားခဲ့ပြီး အိမ်သို့ ပြန် လိုက်သည်။ နောက်က ခင်သော်ဇင်လည်း ဗိုက်ကြီး တကားကားနှင့် ပြန်လိုက်လာသည်။ အိမ်ရောက်တော့ အခန်းထဲမှာ အဘက ပက်လက်၊ အမေက အဘ ဇက်ကို အသာနှိပ်နေ၏။ အဘ၏ ပါးစောင်တစ်ဖက်က သွားရေကျနေလို့ တဘက်နှင့် သုတ်လိုက်ပြီး ကျွန်တော်က အဘ အဘ…

Read More
VOM News

FREE
VIEW