ကျောက်တန်းမှာ တပ်မတော်နဲ့ အေအေတိုက်ပွဲ လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပြီး အရပ်သား ၄ ဦးဒဏ်ရာရ

ကျောက်တန်းမှာ တပ်မတော်နဲ့ အေအေတိုက်ပွဲ လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပြီး အရပ်သား ၄ ဦးဒဏ်ရာရ

ရသေ့တောင်၊ ဇူလိုင် ၁၇- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတို့ မနေ့ ဇူလိုင်လ ၁၆ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဖက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျောက်တန်းကျေးရွာက သက်ကြီးပိုင်းဒေသခံအမျိုးသမီးတစ်ဦးနဲ့ ရွာအနီးလယ်ကွင်းမှာ လယ်ထွန်နေတဲ့ ဒေသခံကျောက်တန်းရွာသား လယ်သမားသုံးဦးမှာလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိသူတွေမှာ အသက် ၄၆ နှစ်အရွယ် ဦးမောင်ခင်လှ၊ ဘယ်ဘက်ဒူးဒဏ်ရာ၊ ဦးကျော်သန်း အသက် (၅၀) မှာ ဘယ်ဘက်လက်ဒဏ်ရာ၊ အသက် (၄၀) အရွယ် ဦးမောင်လှ၊ ဝမ်းဗိုက် ကျည်စထိမှန်ဒဏ်ရာနဲ့ ဒေါ်နုစိန် အသက် (၅၀) အရွယ်မှာ ခြေထောက်လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိသွားတာဖြစ်တယ်လို့ သိရပါတယ်။

မနက် ၉ နာရီလောက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ညနေ ၄ နာရီလောက်မှာ ရပ်သွားကြောင်း ဒေသတွေကပြောကြပြီး မနေ့က တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်ကာလအတွင်း ရဟတ်ယာဉ်တစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ကျောက်တန်းကျေးရွာသူတစ်ဦးက VOM ကို ပြောပြပါတယ်။

သူပြောပြတာက” ကျောက်တန်းရွာဖက်ကို နေ့လည် ၁၁ လောက်ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်တယ်။ နောက်ပြီးလေယာဉ်တွေနဲ့လည်း ၁၂ နာရီလောက်အထိလာပစ်တယ်။ လေကြောင်းကနေ လာပစ်တဲ့အခါမှာ ရွာထဲကအိမ်တွေ ထိခိုက်မှုတွေရှိတယ်လို့ ကြားတယ်။ ဒဏ်ရာရတဲ့ လူတွေကတော့ ယောက်ျား (၃) ယောက်နဲ့ အမျိုးသမီးတစ်ယောက်လို့ ကြားတယ်။ လက်နက်ကြီးကျတာက ရွာပြင်မှာ လယ်လုပ်နေတာမှာ ကျတာ။ ဘုန်းကြီးကျောင်းမှာလည်း အဆောင်တစ်ခုပြိုသွားတယ်။ ရွာမှာက အမျိုးသမီးတွေလည်းရှိတယ်။ အမျိုးသားတွေလည်း ရှိတယ်။”လို့ ပြောပါတယ်။

တပ်မတော်ဖက်ကတော့ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးအပတ်ကနေ ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကနေတဆင့် ကျောက်တန်းတိုက်နယ် တစ်ဝိုက်မှာ အေအေ တပ်ဖွဲ့ဝင်တွေရှိနေတာကြောင့် စစ်ဆင်ရေးလုပ်မှာဖြစ်တဲ့အတွက် အဲ့ဒီအနီးတစ်ဝိုက်က ဒေသခံတွေ ခေတ္တရှောင်နေကြဖို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။

မနေ့ ဇူလိုင်လ ၁၆ ရက် ညနေပိုင်းက တပ်မတော်ရဲ့ထုတ်ပြန်ချက်တစ်ခုမှာတော့ ရသေ့တောင်မြို့နယ်၊ အောင်သာစည်၊ ထီးစွဲနဲ့ ကျောက်တန်း စတဲ့ကျေးရွာတွေရဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ရသေ့တောင်ကနေ ကျောင်တန်း- ဖုန်ညိုလိပ်- ဘူးသီးတောင်မြို့ကို ဆက်သွယ်ထားတဲ့ ဆက်သွယ်ရေးလမ်းကြောင်းပွင့်စေဖို့နဲ့ အဲ့ဒီအနီးအနားပတ်ဝန်းကျင်က ရွာသူရွာသားတွေကို ကယ်တင်ဖို့အတွက် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး(Counter Terrorism Operation) ကို တပ်မတော်စစ်ကြောင်းတွေက ပြုလုပ်လျှက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ အေအေအဖွဲ့ဟာ ထီးစွဲရွာနဲ့ ကျောက်တန်းရွာအပြင် အခြားဒေသတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေကိုအခြေပြုပြီး အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

မနေ့က ကျောက်တန်းကျေးရွာအနီးတိုက်ပွဲဟာ ညနေ ၄ နာရီလောက်မှာ အသံတွေရပ်တန့်သွားပေမယ့် ညနေ ၆ နာရီထိ ရသေ့တောင်မြို့အနီးက တပ်မတော်တပ်ရင်းတွေနဲ့ တပ်မတော်ရဲ့ အခြားအခြေစိုက်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေကြောင်း ရသေ့တောင်မြို့ပေါ် ဒေသခံတချို့နဲ့ ကျောက်တန်းကျေးရွာ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရသေ့တောင်

Zawgyi

ေက်ာက္တန္းမွာ တပ္မေတာ္နဲ႔ ေအေအတိုက္ပြဲ ေလေၾကာင္းတိုက္ခိုက္မႈေတြရွိခဲ့ၿပီး အရပ္သား ၄ ဦးဒဏ္ရာရ

ရေသ့ေတာင္၊ ဇူလိုင္ ၁၇- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်း႐ြာအနီးမွာ တပ္မေတာ္နဲ႔ ေအေအတို႔ မေန႔ ဇူလိုင္လ ၁၆ ရက္ေန႔ မနက္ပိုင္းက တိုက္ပြဲျဖစ္ပြားခဲ့ၿပီး တပ္မေတာ္ဖက္က ေလေၾကာင္းတိုက္ခိုက္မႈေတြနဲ႔ လက္နက္ႀကီးပစ္ခတ္မႈေတြရွိတယ္လုိ႔ ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

ေက်ာက္တန္းေက်း႐ြာက သက္ႀကီးပိုင္းေဒသခံအမ်ိဳးသမီးတစ္ဦးနဲ႔ ႐ြာအနီးလယ္ကြင္းမွာ လယ္ထြန္ေနတဲ့ ေဒသခံေက်ာက္တန္း႐ြာသား လယ္သမားသုံးဦးမွာလည္း လက္နက္ႀကီးက်ည္စ ထိမွန္ဒဏ္ရာေတြ ရရွိသြားတယ္လုိ႔ သိရပါတယ္။

လက္နက္ႀကီးက်ည္စထိမွန္ ဒဏ္ရာရရွိသူေတြမွာ အသက္ ၄၆ ႏွစ္အ႐ြယ္ ဦးေမာင္ခင္လွ၊ ဘယ္ဘက္ဒူးဒဏ္ရာ၊ ဦးေက်ာ္သန္း အသက္ (၅၀) မွာ ဘယ္ဘက္လက္ဒဏ္ရာ၊ အသက္ (၄၀) အ႐ြယ္ ဦးေမာင္လွ၊ ဝမ္းဗိုက္ က်ည္စထိမွန္ဒဏ္ရာနဲ႔ ေဒၚႏုစိန္ အသက္ (၅၀) အ႐ြယ္မွာ ေျခေထာက္လက္နက္ႀကီးက်ည္ထိမွန္ ဒဏ္ရာရရွိသြားတာျဖစ္တယ္လို႔ သိရပါတယ္။

မနက္ ၉ နာရီေလာက္ကတည္းက စတင္ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲဟာ ညေန ၄ နာရီေလာက္မွာ ရပ္သြားေၾကာင္း ေဒသေတြကေျပာၾကၿပီး မေန႔က တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲျဖစ္ပြားေနတဲ့ အခ်ိန္ကာလအတြင္း ရဟတ္ယာဥ္တစ္စီးနဲ႔ လာေရာက္ပစ္ခတ္ခဲ့တယ္လို႔ ေဒသခံ ေက်ာက္တန္းေက်း႐ြာသူတစ္ဦးက VOM ကို ေျပာျပပါတယ္။

သူေျပာျပတာက” ေက်ာက္တန္း႐ြာဖက္ကို ေန႔လည္ ၁၁ ေလာက္ကတည္းက လက္နက္ႀကီးေတြနဲ႔ ပစ္တယ္။ ေနာက္ၿပီးေလယာဥ္ေတြနဲ႔လည္း ၁၂ နာရီေလာက္အထိလာပစ္တယ္။ ေလေၾကာင္းကေန လာပစ္တဲ့အခါမွာ ႐ြာထဲကအိမ္ေတြ ထိခိုက္မႈေတြရွိတယ္လို႔ ၾကားတယ္။ ဒဏ္ရာရတဲ့ လူေတြကေတာ့ ေယာက္်ား (၃) ေယာက္နဲ႔ အမ်ိဳးသမီးတစ္ေယာက္လို႔ ၾကားတယ္။ လက္နက္ႀကီးက်တာက ႐ြာျပင္မွာ လယ္လုပ္ေနတာမွာ က်တာ။ ဘုန္းႀကီးေက်ာင္းမွာလည္း အေဆာင္တစ္ခုၿပိဳသြားတယ္။ ႐ြာမွာက အမ်ိဳးသမီးေတြလည္းရွိတယ္။ အမ်ိဳးသားေတြလည္း ရွိတယ္။”လို႔ ေျပာပါတယ္။

တပ္မေတာ္ဖက္ကေတာ့ ၿပီးခဲ့တဲ့ ဇြန္လ ေနာက္ဆုံးအပတ္ကေန ရခိုင္ျပည္နယ္လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးဌာနကေနတဆင့္ ေက်ာက္တန္းတိုက္နယ္ တစ္ဝိုက္မွာ ေအေအ တပ္ဖြဲ႕ဝင္ေတြရွိေနတာေၾကာင့္ စစ္ဆင္ေရးလုပ္မွာျဖစ္တဲ့အတြက္ အဲ့ဒီအနီးတစ္ဝိုက္က ေဒသခံေတြ ေခတၱေရွာင္ေနၾကဖို႔ ထုတ္ျပန္ခဲ့ဖူးပါတယ္။

မေန႔ ဇူလိုင္လ ၁၆ ရက္ ညေနပိုင္းက တပ္မေတာ္ရဲ႕ထုတ္ျပန္ခ်က္တစ္ခုမွာေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာင္သာစည္၊ ထီးစြဲနဲ႔ ေက်ာက္တန္း စတဲ့ေက်း႐ြာေတြရဲ႕ အနီးတစ္ဝိုက္မွာရွိတဲ့ ရေသ့ေတာင္ကေန ေက်ာင္တန္း- ဖုန္ညိဳလိပ္- ဘူးသီးေတာင္ၿမိဳ႕ကို ဆက္သြယ္ထားတဲ့ ဆက္သြယ္ေရးလမ္းေၾကာင္းပြင့္ေစဖုိ႔နဲ႔ အဲ့ဒီအနီးအနားပတ္ဝန္းက်င္က ႐ြာသူ႐ြာသားေတြကို ကယ္တင္ဖို႔အတြက္ အၾကမ္းဖက္ႏွိမ္နင္းမႈစစ္ဆင္ေရး(Counter Terrorism Operation) ကို တပ္မေတာ္စစ္ေၾကာင္းေတြက ျပဳလုပ္လွ်က္ရွိတယ္လုိ႔ ေဖာ္ျပထားပါတယ္။

ဆက္လက္ၿပီး တပ္မေတာ္ရဲ႕ထုတ္ျပန္ခ်က္မွာ ေအေအအဖြဲ႕ဟာ ထီးစြဲ႐ြာနဲ႔ ေက်ာက္တန္း႐ြာအျပင္ အျခားေဒသတစ္ဝိုက္မွာရွိတဲ့ ေက်း႐ြာေတြကိုအေျချပဳၿပီး အၾကမ္းဖက္လုပ္ရပ္ေတြကို က်ဴးလြန္ေနတယ္လို႔ ေဖာ္ျပထားတာျဖစ္ပါတယ္။

မေန႔က ေက်ာက္တန္းေက်း႐ြာအနီးတိုက္ပြဲဟာ ညေန ၄ နာရီေလာက္မွာ အသံေတြရပ္တန႔္သြားေပမယ့္ ညေန ၆ နာရီထိ ရေသ့ေတာင္ၿမိဳ႕အနီးက တပ္မေတာ္တပ္ရင္းေတြနဲ႔ တပ္မေတာ္ရဲ႕ အျခားအေျခစိုက္စခန္းေတြကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈေတြရွိေနေၾကာင္း ရေသ့ေတာင္ၿမိဳ႕ေပၚ ေဒသခံတခ်ိဳ႕နဲ႔ ေက်ာက္တန္းေက်း႐ြာ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ရေသ့ေတာင္

Related posts

Leave a Comment

VOM News

FREE
VIEW