ကျွန်းသစ်သယ်လာတာကို သက်ဆိုင်ရာသတင်းမပို့ဘဲ ငွေတောင်းခံခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အဂတိနဲ့အမှုဖွင့်

ကျွန်းသစ်သယ်လာတာကို သက်ဆိုင်ရာသတင်းမပို့ဘဲ ငွေတောင်းခံခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အဂတိနဲ့အမှုဖွင့်

နေပြည်တော်၊ ဇူလိုင် ၁၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ စစ်တောင်းမြစ်ဝမှာ သောင်တင်တဲ့ စက်လှေတစ်စီး‌ပေါ်မှာ တရားမဝင် ကျွန်းသစ်တွေသယ်ဆောင်လာတာကို သက်ဆိုင်ရာသတင်းမပို့ဘဲ ငွေကြေးတောင်းခံကာ လွှတ်ပေးခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို မနေ့ဇူလိုင် ၁၇ရက်နေ့က အမှုဖွင့်လှစ်ခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကနေ သိရပါတယ်။

“အမှုမှာပါဝင်ပတ်သက်တဲ့ စစ်မှုထမ်းနှစ်ဦးကို ကော်မရှင်က ကာကွယ်ရေးဝန်ကြီးဌာနကို အကြောင်းကြားညှိနိုင်းမှုအရ စစ်တရားရုံက အမိန့်ချပြီးပါပြီ။ ကျေးရွာအုပ်ချုပ်ရေးမှူးကို အခုမှ အမှုဖွင့်ခဲ့ရတာပါ”လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားလာတဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်တောင်းမြစ်ဝမှာ တရားမဝင်ကျွန်းသစ်တွေ သယ်ဆောင်လာတဲ့ စက်လှေတစ်စီး သောင်တင်ရပ်တန့်နေတာကို သတင်းရတဲ့ နယ်မြေခံ တပ်မ‌တော်သားနှစ်ဦးနဲ့ ကဝမြို့နယ်၊ ဝါးတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မိုး (လက်ရှိရာထူးပြုတ်နေသူ)ဟာ ရွာသားအချို့နဲ့အတူ စက်လှေပေါ်တက်ရောက်စစ်ဆေးခဲ့ကြပြီး‌နောက် တရားမဝင်သစ်တွေကို ဖမ်းဆီးခြင်းမပြုဘဲ သစ်ပိုင်ရှင်ဆီကနေ ငွေကျပ်၂၄၅ သိန်းကို တောင်းခံရယူခဲ့တဲ့အတွက် ရာထူးတာဝန်ကိုအလွဲသုံးစားပြု အဂတိလိုက်စားမှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ အဂတိလိုက်စားမှူတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်တဲ့ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆နဲ့ အမှုဖွင့်ပေးဖို့ ကဝမြို့မရဲစခန်းမှာ ဇူလိုင် ၁၇ရက်နေ့က တိုင်ချက်ဖွင့်လှစ်ပြီး တရား စွဲဆိုဖို့ ဆောင်ရွက်‌နေတဲ့အပြင် အမှုမှာပါဝင်တဲ့ စစ်မှုထမ်းနှစ်ဦးကိုလည်း စစ်တရားရုံးချုပ်က တပ်မတော်အက်ဥပဒေပုဒ်မ ၅၁(စ)နဲ့ ပြစ်ဒဏ်ချမှတ်ထားတယ်လို့ သိရပါတယ်။

သစ်ပိုင်ရှင်အမျိုးသားကလည်း သေဆုံးသွားတာဖြစ်တဲ့အတွက် အမှုဖွင့်နိုင်ခြင်းမရှိသေးဘူးလို့ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကဝ

Zawgyi

ကၽြန္းသစ္သယ္လာတာကို သက္ဆုိင္ရာသတင္းမပို႔ဘဲ ေငြေတာင္းခံခဲ့တဲ့ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကို အဂတိနဲ႔အမႈဖြင့္

ေနျပည္ေတာ္၊ ဇူလိုင္ ၁၈-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ကဝၿမိဳ႕နယ္၊ စစ္ေတာင္းျမစ္ဝမွာ ေသာင္တင္တဲ့ စက္ေလွတစ္စီး‌ေပၚမွာ တရားမဝင္ ကြၽန္းသစ္ေတြသယ္ေဆာင္လာတာကို သက္ဆိုင္ရာသတင္းမပို႔ဘဲ ေငြေၾကးေတာင္းခံကာ လႊတ္ေပးခဲ့တဲ့ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကို မေန႔ဇူလိုင္ ၁၇ရက္ေန႔က အမႈဖြင့္လွစ္ခဲ့တယ္လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကေန သိရပါတယ္။

“အမႈမွာပါဝင္ပတ္သက္တဲ့ စစ္မႈထမ္းႏွစ္ဦးကို ေကာ္မရွင္က ကာကြယ္ေရးဝန္ႀကီးဌာနကို အေၾကာင္းၾကားညႇိႏိုင္းမႈအရ စစ္တရား႐ုံက အမိန႔္ခ်ၿပီးပါၿပီ။ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို အခုမွ အမႈဖြင့္ခဲ့ရတာပါ”လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွ ေျပာေရးဆိုခြင့္ရွိသူ ဦးေက်ာ္စိုးကေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကို တိုင္ၾကားလာတဲ့အတြက္ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဖြဲ႕စည္းစစ္ေဆးခဲ့ရာ စစ္ေတာင္းျမစ္ဝမွာ တရားမဝင္ကြၽန္းသစ္ေတြ သယ္ေဆာင္လာတဲ့ စက္ေလွတစ္စီး ေသာင္တင္ရပ္တန႔္ေနတာကို သတင္းရတဲ့ နယ္ေျမခံ တပ္မ‌ေတာ္သားႏွစ္ဦးနဲ႔ ကဝၿမိဳ႕နယ္၊ ဝါးေတာေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္မိုး (လက္ရွိရာထူးျပဳတ္ေနသူ)ဟာ ႐ြာသားအခ်ိဳ႕နဲ႔အတူ စက္ေလွေပၚတက္ေရာက္စစ္ေဆးခဲ့ၾကၿပီး‌ေနာက္ တရားမဝင္သစ္ေတြကို ဖမ္းဆီးျခင္းမျပဳဘဲ သစ္ပိုင္ရွင္ဆီကေန ေငြက်ပ္၂၄၅ သိန္းကို ေတာင္းခံရယူခဲ့တဲ့အတြက္ ရာထူးတာဝန္ကိုအလြဲသုံးစားျပဳ အဂတိလိုက္စားမႈက်ဴးလြန္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တာျဖစ္တယ္လို႔ အဂတိလိုက္စားမႉတိုက္ဖ်က္ေရးေကာ္မရွင္က ထုတ္ျပန္ထားတာျဖစ္ပါတယ္။

အမႈနဲ႔ပတ္သက္တဲ့ အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္မိုးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၆နဲ႔ အမႈဖြင့္ေပးဖုိ႔ ကဝၿမိဳ႕မရဲစခန္းမွာ ဇူလိုင္ ၁၇ရက္ေန႔က တိုင္ခ်က္ဖြင့္လွစ္ၿပီး တရား စြဲဆိုဖို႔ ေဆာင္႐ြက္‌ေနတဲ့အျပင္ အမႈမွာပါဝင္တဲ့ စစ္မႈထမ္းႏွစ္ဦးကိုလည္း စစ္တရား႐ုံးခ်ဳပ္က တပ္မေတာ္အက္ဥပေဒပုဒ္မ ၅၁(စ)နဲ႔ ျပစ္ဒဏ္ခ်မွတ္ထားတယ္လုိ႔ သိရပါတယ္။

သစ္ပိုင္ရွင္အမ်ိဳးသားကလည္း ေသဆုံးသြားတာျဖစ္တဲ့အတြက္ အမႈဖြင့္ႏိုင္ျခင္းမရိွေသးဘူးလို႔ ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားတာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ကဝ

Related posts

Leave a Comment

VOM News

FREE
VIEW