ခင်ဦးမြို့မှာ အသက်မပြည့်သေးတဲ့မိန်းကလေးကို တွေ့ဆုံဖို့ခေါ်ပြီး မုဒိမ်းကျင့်မှုဖြစ်ပွား
ခင်ဦးမြို့မှာ အသက်မပြည့်သေးတဲ့မိန်းကလေးကို တွေ့ဆုံဖို့ခေါ်ပြီး မုဒိမ်းကျင့်မှုဖြစ်ပွား ကလေး ဇူလိုင်၁၈-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံတော(မ)ကျေးရွာမှာ အသက်မပြည့်သေးတဲ့မိန်းကလေးကို တွေ့ဆုံဖို့ခေါ်ပြီး မုဒိမ်းကျင့်တဲ့ ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ခင်ဦးမြို့မရဲစခန်းကနေ သိရပါတယ်။ “အဲ့ဒီကျေးရွာမှာနေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မိန်ကလေးကို တစ်ရွာတည်းနေတဲ့ အသက် ၂၆ နှစ်အရွယ် ကိုရှိုင်းကိုကိုဆိုသူက တွေ့ဆုံဖို့ဆိုပြီး ဖုန်းကနေတဆင့် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကိုရှိုင်းကိုကိုကခေါ်ယူတာကြောင့် မိန်းကလေးက သွားရောက်ခဲ့ပြီးတဲ့နောက် တွေ့ဆုံချိန်မှာ အလိုမတူဘဲ ၂ ကြိမ်မုဒိမ်းကျင့်ခဲ့တာဖြစ်တယ်”လို့ ခင်ဦးမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေ မုဒိမ်းကျင့်ခံရတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ တမူးမြို့နယ်၊ ရင်ခွင်မဲ့ကလေးငယ်များ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ဥမ္မာဝင်းပြောပြတာက “ပညာရည် နိမ့်ကျတာလဲတစ်ကြောင်း ဆင်းရဲနွမ်းပါးချို့တဲ့တာလည်းတစ်ကြောင်း၊ နောက် အွန်လိုင်းတွေ ခေတ်စားလာမှုအပေါ် တလွဲအသုံးချလာကြတာကလည်းတစ်ကြောင်း၊…
Read More
မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး လှည်းတန်းမှာ ဓါးထိုးခံရတယ်ဆိုတာ သတင်းအမှားသာဖြစ်
မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး လှည်းတန်းမှာ ဓါးထိုးခံရတယ်ဆိုတာ သတင်းအမှားသာဖြစ် ရန်ကုန် ၊ ဇူလိုင် – ၁၈ – ၂၀၂၀ Voice Of Myanmar Burma Online Media ဆိုတဲ့ နာမည်ကိုသုံးပြီး မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာဆိုသူ အောင်မျိုးကို ဒီနေ့မနက် (၈)နာရီက လှည်းတန်းအဝိုင်းအနီးမှာ ဇနီးဖြစ်သူနဲ့အတူ မုန့်ဟင်းခါးစားပြီး ဆိုင်ကအထွက် အမည်မသိ အမျိုးသား သုံးဦးမှ နောက်မှနေ၍ ဓါးနဲ့လိုက်ထိုးလို့ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်ပို့လိုက်ရတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားသာ ဖြစ်ပါတယ်။ ကာယကံရှင် ဒေါက်တာအောင်မျိုးက “ကျွန်တော် အိမ်မှာရှိပါတယ် ကျန်းကျန်းမာမာပါဘဲ ဘာမှမဖြစ်ပါဘူး ကောလဟာလပါဗျ သတင်းအမှားပါ ခြိမ်းခြောက်တာပါ ဆိုက်ဝါးပါ အရင်တုန်းက ဖုန်းနဲ့ ခြိမ်းခြောက်တာတွေတော့ ရှိခဲ့ဘူးတယ်၊ ကျွန်တော်မိန်းမကို လှမ်းပြီးခြိမ်းခြောက်တာပါ ခင်ဗျားယောင်္ကျား ထမင်းမစားချင်တော့ဘူးထင်တယ်လို့ ဖုန်းဆက်တာတော့ ရှိတယ်၊ ရခိုင်အရေးကိစ္စတွေကို…
Read More
ရခိုင်ပြည်နယ်က ကိုဗစ်နဲ့ကျောင်းသားဆရာမိဘတွေရဲ့ စိုးရိမ်မှု၏
Read More
အာရှတစ်လွှားမှာ ပင်လယ်ဓါးပြမှု တိုးပွားလာနေ
အာရှတစ်လွှားမှာ ပင်လယ်ဓါးပြမှု တိုးပွားလာနေ စင်ကာပူ၊ ဇူလိုင်-၁၈-၂၀၂၀ မျိုးဆက် (VOM) အာရှတစ်လွှားမှာ ပင်လယ်ဓါးပြမှု နှစ်ဆတိုးလာနေပြီး အလွန်စိုးရိမ်ဖွယ်အခြေအနေ ဖြစ်နေတယ်လို့ လေ့လာမှုစစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အခုနှစ်ပထမနှစ်ဝက်အတွင်း ဒေသတွင်း ပင်လယ်ဓါးပြမှု (၅၀)မှုဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ်အလားတူ ကာလမှာတော့ ဓါးပြမှု (၂၅)မှုသာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့ပေါ်မှာ ကုန်သွယ်ရေးကြောင်းသွားလာမှု အများပြားဆုံးထဲကတစ်ခုဖြစ်တဲ့ စင်ကာပူရေလက်ကြားမှာ ဇန်နဝါရီလကနေ ဇွန်လအတွင်း ပင်လယ်ဓါးပြမှု ၁၆ ခုဖြစ်ပွားခဲ့ပါတယ်။ ဓါးပြမှုများတိုးပွားလာခြင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းတာတွေလည်းပါတယ်လို့ စစ်တမ်းမှာဖော်ပြပါတယ်။ အာရှမှာရှိတဲ့ သင်္ဘောတွေကို ဓါးပြတိုက်ခြင်းနဲ့ လက်နက်ကိုင်လုယက်ခြင်းတို့ကို တိုက်ဖျက်ဖို့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အဖွဲ့ကနေ ၂၀၂၀ခုနှစ်အတွက် နှစ်ဝက်အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပင်လယ်ဓါးပြမှုတွေဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တောင်တရုတ်ပင်လယ်ပြင်တို့မှာ မြင့်တက်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်တွေကို ခွဲခြားရာမှာ နိုင်ငံတစ်နိုင်ငံရဲ့တရားစီရင်ပိုင်ခွင့်ပြင်ပမှာ…
Read More
ကျွန်းသစ်သယ်လာတာကို သက်ဆိုင်ရာသတင်းမပို့ဘဲ ငွေတောင်းခံခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အဂတိနဲ့အမှုဖွင့်
ကျွန်းသစ်သယ်လာတာကို သက်ဆိုင်ရာသတင်းမပို့ဘဲ ငွေတောင်းခံခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အဂတိနဲ့အမှုဖွင့် နေပြည်တော်၊ ဇူလိုင် ၁၈-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ကဝမြို့နယ်၊ စစ်တောင်းမြစ်ဝမှာ သောင်တင်တဲ့ စက်လှေတစ်စီး‌ပေါ်မှာ တရားမဝင် ကျွန်းသစ်တွေသယ်ဆောင်လာတာကို သက်ဆိုင်ရာသတင်းမပို့ဘဲ ငွေကြေးတောင်းခံကာ လွှတ်ပေးခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို မနေ့ဇူလိုင် ၁၇ရက်နေ့က အမှုဖွင့်လှစ်ခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကနေ သိရပါတယ်။ “အမှုမှာပါဝင်ပတ်သက်တဲ့ စစ်မှုထမ်းနှစ်ဦးကို ကော်မရှင်က ကာကွယ်ရေးဝန်ကြီးဌာနကို အကြောင်းကြားညှိနိုင်းမှုအရ စစ်တရားရုံက အမိန့်ချပြီးပါပြီ။ ကျေးရွာအုပ်ချုပ်ရေးမှူးကို အခုမှ အမှုဖွင့်ခဲ့ရတာပါ”လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားလာတဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်တောင်းမြစ်ဝမှာ တရားမဝင်ကျွန်းသစ်တွေ သယ်ဆောင်လာတဲ့ စက်လှေတစ်စီး သောင်တင်ရပ်တန့်နေတာကို သတင်းရတဲ့ နယ်မြေခံ တပ်မ‌တော်သားနှစ်ဦးနဲ့ ကဝမြို့နယ်၊ ဝါးတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မိုး (လက်ရှိရာထူးပြုတ်နေသူ)ဟာ ရွာသားအချို့နဲ့အတူ စက်လှေပေါ်တက်ရောက်စစ်ဆေးခဲ့ကြပြီး‌နောက် တရားမဝင်သစ်တွေကို…
Read More
သိန်း ၆၀ လုယက်ခံရတဲ့ ကာယကံရှင်က ရဲစခန်းမှာအမှုမဖွင့်
သိန်း ၆၀ လုယက်ခံရတဲ့ ကာယကံရှင်က ရဲစခန်းမှာအမှုမဖွင့် နေပြည်တော်၊ဇူလိုင် ၁၈-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းခင်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ကနေ ထုတ်ယူလာတဲ့ ငွေကျပ်သိန်း ၆၀ကို မနေ့ဇူလိုင်(၁၇)ရက် မနက်ပိုင်းက လုယက်ခံခဲ့ရတဲ့အမျိုးသမီးဟာ ရဲစခန်းမှာ အမှုဖွင့်ထားတာမရှိဘူးလို့ သထုံမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး ဇော်မင်းထွန်းကပြောပါတယ်။ “ကြိုးစား စုံစမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ပဲ၊ ကျွန်တော်တို့ကို အလုခံရတဲ့ အမျိုးသမီးက ပြောတယ်။ သူက အမှုမဖွင့်လိုဘူးပြောပေမယ့် ရဲက လုယက်မှုဖြစ်တာကြောင့် နောက်ထပ် မကျူးလွန်နိုင်အောင် စုံစမ်းနေပါတယ်”လို့ ဒု-ရဲမှူး ဇော်မင်းထွန်းကပြောပါတယ်။ လုယက်ခံရတဲ့ အမျိုးသမီးတစ်ဦးဟာ ဖြစ်စဉ်ဖြစ်ပွားတဲ့မနက်ပိုင်းက သထုံမြို့ နန်းခင်းရပ်ကွက် မော်လမြိုင်-ရန်ကုန် ကားလမ်းမဘေးရှိ ကမ္ဘောဇဘဏ်ကနေ ငွေကျပ် သိန်း ၆၀ ကိုထုတ်ယူလာပြီး အခြားဘဏ်တစ်ခုကနေ ထပ်လွဲပေးဖို့ရှိတဲ့အတွက် ဘဏ်ရဲ့အနောက်လမ်းသွယ်ဘက်ကနေ စက်ဘီးနင်းလာစဉ် ရှေ့ခြင်းထဲ့ကပိုက်ဆံထုပ်ကို ဆိုင်ကယ်မောင်းနင်လာသူ အမျိုးသားတစ်ဦးက လုယက်ထွက်ပြေးသွားတာ…
Read More
ကျောက်ရောင်းဝယ်ရေးစခန်းကို ကိုဗစ်ကာကွယ်ရေးစံနူန်းတွေနဲ့ ကိုက်ညီမှ ပြန်ဖွင့်ခွင့်ရမယ်
ကျောက်ရောင်းဝယ်ရေးစခန်းကို ကိုဗစ်ကာကွယ်ရေးစံနူန်းတွေနဲ့ ကိုက်ညီမှ ပြန်ဖွင့်ခွင့်ရမယ် မန္တလေး၊ ဇူလိုင် ၁၈-၂၀၂၀ ဖြူဖြူ (VOM) မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ အသိပေးကြေညာချက်အရ မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအနေနဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စံနှုန်းတွေနဲ့ကိုက်ညီရင် ပြန်လည်ဖွင့်လှစ်ခွင့်ရမယ်လို့ သိရပါတယ်။ မနေ့ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်းမှာ တိုင်းအစိုးရအဖွဲ့ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေ ကြေညာထားတာဖြစ်ပြီး ဇူလိုင် ၁၆ ရက်စွဲနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ ဖော်ပြချက်မှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျ ဆောင်ရွက်စေဖို့ သက်ဆိုင်ရာ မြို့နယ် COVID 19 ထိန်းချုပ်ရေးနဲ့အရေးပေါ်တုန့်ပြန်ရေး ကော်မတီများရဲ့ စစ်ဆေးမှုခံယူပြီး စံနှုန်းနဲ့ကိုက်ညီရင် ပြန်လည်ဖွင့်ခွင့်ပြုမယ့်လုပ်ငန်းတွေကို ဖော်ပြထားရာမှာ ကျောက်ဝိုင်းလည်းပါရှိတာဖြစ်ပါတယ်။ မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း)အကျိုးတော်ဆောင်ကော်မတီ ဒုဥက္ကဌ ဦးအောင်ဝင်းကတော့ “ ကျနော်တို့ဆီ ဖွင့်မယ့်အကြောင်း ပြောတာတော့…
Read More
အခြေခံပညာကျောင်းတွေမှာ ထည့်သွင်းသင်ကြားမယ့် လူ့အခွင့်အရေးကိစ္စအတွက် ပြင်ပကျွမ်းကျင်အဖွဲ့အစည်းတွေကို ဆောင်ရွက်ခွင့်ပြုဖို့တောင်းဆို
အခြေခံပညာကျောင်းတွေမှာ ထည့်သွင်းသင်ကြားမယ့် လူ့အခွင့်အရေးကိစ္စအတွက် ပြင်ပကျွမ်းကျင်အဖွဲ့အစည်းတွေကို ဆောင်ရွက်ခွင့်ပြုဖို့တောင်းဆို ရန်ကုန် ၊ဇူလိုင် ၁၈-၂၀၂၀ သိင်္ဂီ (VOM) အခြေခံပညာကျောင်းတွေမှာ အခုနှစ် ထည့်သွင်းသင်ကြားမယ့် လူ့အခွင့်အရေး အကြောင်းအရာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးသဘောသဘာဝကျွမ်းကျင်တဲ့ ပြင်ပ အဖွဲ့အစည်းတွေကို ပါဝင်ပူးပေါင်း ဆောင်ရွက်ခွင့်ပြုဖို့ လူ့အခွင့်အရေးပညာပေးရေးကွန်ယက်က တောင်းဆိုလိုက်ပါတယ်။ ခုလို တောင်းဆိုတာဟာ ပညာရေးဝန်ကြီးဌာနလုပ်ရပ်ကို ဝင်ရောက်စွက်ဖက်ခြင်းမျိုး၊ နေရာယူခြင်းမျိုး မဟုတ်ဘဲ တတ်ကျွမ်းထားတဲ့ အသိပညာတွေကို ပူးပေါင်းအားဖြည့်လိုခြင်းဖြစ်တယ်လို့ သိရပါတယ်။ “သင်ရိုးညွှန်းတမ်း အသစ်တွေမှာ ဇာရိတ္တနဲ့ ပြည်သူ့နီတိဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြဌာန်းတာတွေ့ရတယ်။ အဲ့ဒါကို ထိထိရောက်ရောက်ဖြစ်စေချင်တယ်၊ ဟန်ပြသဘောဆိုတာထက်ပေါ့။ တချိူ့ဆရာ၊ဆရာမတွေက တခြားဘာသာလဲသင်ရ ဒီဘာသာလည်းသင်ရတော့ အားစိုက်ထုတ်နိုင်မှု လျော့မှာလည်း စိုးရိမ်ရတယ်။ လူ့အခွင့်အရေးသဘောတရားနဲ့ အချက်အလက်တွေကို သေချာထဲထဲဝင်ဝင် သိတဲ့လူတွေ ပါဝင်ဆောင်ရွက်ခွင့် ပူးပေါင်းခွင့်ရချင်ပါတယ်။ရရင်ပို ကောင်းပါတယ်။ ” လို့ လူ့အခွင့်အရေးပညာပေးရေးကွန်ယက်မှ စေ့စပ်ညှိနိူင်းရေးမှူး ကိုအော်ဇော်ထွေးကပြောပါတယ်။ လူ့အခွင့်အရေးပညာပေး အကြောင်းအရာကို…
Read More
VOM News
FREE
VIEW