အာရှတစ်လွှားမှာ ပင်လယ်ဓါးပြမှု တိုးပွားလာနေ

အာရှတစ်လွှားမှာ ပင်လယ်ဓါးပြမှု တိုးပွားလာနေ

စင်ကာပူ၊ ဇူလိုင်-၁၈-၂၀၂၀
မျိုးဆက် (VOM)

အာရှတစ်လွှားမှာ ပင်လယ်ဓါးပြမှု နှစ်ဆတိုးလာနေပြီး အလွန်စိုးရိမ်ဖွယ်အခြေအနေ ဖြစ်နေတယ်လို့ လေ့လာမှုစစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အခုနှစ်ပထမနှစ်ဝက်အတွင်း ဒေသတွင်း ပင်လယ်ဓါးပြမှု (၅၀)မှုဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ်အလားတူ ကာလမှာတော့ ဓါးပြမှု (၂၅)မှုသာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ပေါ်မှာ ကုန်သွယ်ရေးကြောင်းသွားလာမှု အများပြားဆုံးထဲကတစ်ခုဖြစ်တဲ့ စင်ကာပူရေလက်ကြားမှာ ဇန်နဝါရီလကနေ ဇွန်လအတွင်း ပင်လယ်ဓါးပြမှု ၁၆ ခုဖြစ်ပွားခဲ့ပါတယ်။ ဓါးပြမှုများတိုးပွားလာခြင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းတာတွေလည်းပါတယ်လို့ စစ်တမ်းမှာဖော်ပြပါတယ်။

အာရှမှာရှိတဲ့ သင်္ဘောတွေကို ဓါးပြတိုက်ခြင်းနဲ့ လက်နက်ကိုင်လုယက်ခြင်းတို့ကို တိုက်ဖျက်ဖို့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အဖွဲ့ကနေ ၂၀၂၀ခုနှစ်အတွက် နှစ်ဝက်အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပင်လယ်ဓါးပြမှုတွေဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တောင်တရုတ်ပင်လယ်ပြင်တို့မှာ မြင့်တက်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်တွေကို ခွဲခြားရာမှာ နိုင်ငံတစ်နိုင်ငံရဲ့တရားစီရင်ပိုင်ခွင့်ပြင်ပမှာ ဖြစ်ပွားပါက ပင်လယ်ဓါးပြမှုအဖြစ်သတ်မှတ်ပြီး ကျန်ဖြစ်စဉ်တွေကိုတော့ လက်နက်ကိုင်လုယက်မှုအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #စင်ကာပူ

Zawgyi

အာရွတစ္လႊားမွာ ပင္လယ္ဓါးျပမႈ တိုးပြားလာေန

စင္ကာပူ၊ ဇူလိုင္-၁၈-၂၀၂၀
မ်ိဳးဆက္ (VOM)

အာရွတစ္လႊားမွာ ပင္လယ္ဓါးျပမႈ နွစ္ဆတိုးလာေနျပီး အလြန္စိုးရိမ္ဖြယ္အေျခအေန ျဖစ္ေနတယ္လို႔ ေလ႔လာမႈစစ္တမ္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

အခုနွစ္ပထမနွစ္၀က္အတြင္း ေဒသတြင္း ပင္လယ္ဓါးျပမႈ (၅၀)မႈျဖစ္ပြားခဲ႔ျပီး ၂၀၁၉ ခုနွစ္အလားတူ ကာလမွာေတာ႔ ဓါးျပမႈ (၂၅)မႈသာျဖစ္ပြားခဲ႔တယ္လို႔ သိရပါတယ္။

ကမၻာ႔ေပၚမွာ ကုန္သြယ္ေရးေၾကာင္းသြားလာမႈ အမ်ားျပားဆံုးထဲကတစ္ခုျဖစ္တဲ႔ စင္ကာပူေရလက္ၾကားမွာ ဇန္န၀ါရီလကေန ဇြန္လအတြင္း ပင္လယ္ဓါးျပမႈ ၁၆ ခုျဖစ္ပြားခဲ႔ပါတယ္။ ဓါးျပမႈမ်ားတိုးပြားလာျခင္းကေတာ႔ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ စီးပြားေရးက်ဆင္းတာေတြလည္းပါတယ္လို႔ စစ္တမ္းမွာေဖာ္ျပပါတယ္။

အာရွမွာရိွတဲ့ သေဘၤာေတြကို ဓါးျပတိုက္ျခင္းနဲ႔ လက္နက္ကိုင္လုယက္ျခင္းတို႔ကို တိုက္ဖ်က္ဖို႔ ေဒသတြင္းပူးေပါင္းေဆာင္ရြက္မႈ သေဘာတူညီခ်က္အဖြဲ႔ကေန ၂၀၂၀ခုနွစ္အတြက္ နွစ္၀က္အစီရင္ခံစာကို ထုတ္ျပန္ခဲ႔တာျဖစ္ပါတယ္။

ပင္လယ္ဓါးျပမႈေတြဟာ ဘဂၤလားေဒ႔ရွ္၊ အိႏိၵယ၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ ဗီယက္နမ္နဲ႔ ေတာင္တရုတ္ပင္လယ္ျပင္တို႔မွာ ျမင္႔တက္ေနတယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဒီျဖစ္စဥ္ေတြကို ခြဲျခားရာမွာ နိုင္ငံတစ္နိုင္ငံရဲ႕တရားစီရင္ပိုင္ခြင္႔ျပင္ပမွာ ျဖစ္ပြားပါက ပင္လယ္ဓါးျပမႈအျဖစ္သတ္မွတ္ျပီး က်န္ျဖစ္စဥ္ေတြကိုေတာ႔ လက္နက္ကိုင္လုယက္မႈအျဖစ္ သတ္မွတ္ထားတာ ျဖစ္ပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #စင္ကာပူ

Related posts

Leave a Comment

VOM News

FREE
VIEW