အခြေခံပညာကျောင်းတွေမှာ ထည့်သွင်းသင်ကြားမယ့် လူ့အခွင့်အရေးကိစ္စအတွက် ပြင်ပကျွမ်းကျင်အဖွဲ့အစည်းတွေကို ဆောင်ရွက်ခွင့်ပြုဖို့တောင်းဆို

အခြေခံပညာကျောင်းတွေမှာ ထည့်သွင်းသင်ကြားမယ့် လူ့အခွင့်အရေးကိစ္စအတွက် ပြင်ပကျွမ်းကျင်အဖွဲ့အစည်းတွေကို ဆောင်ရွက်ခွင့်ပြုဖို့တောင်းဆို

ရန်ကုန် ၊ဇူလိုင် ၁၈-၂၀၂၀
သိင်္ဂီ (VOM)

အခြေခံပညာကျောင်းတွေမှာ အခုနှစ် ထည့်သွင်းသင်ကြားမယ့် လူ့အခွင့်အရေး အကြောင်းအရာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးသဘောသဘာဝကျွမ်းကျင်တဲ့ ပြင်ပ အဖွဲ့အစည်းတွေကို ပါဝင်ပူးပေါင်း ဆောင်ရွက်ခွင့်ပြုဖို့ လူ့အခွင့်အရေးပညာပေးရေးကွန်ယက်က တောင်းဆိုလိုက်ပါတယ်။
ခုလို တောင်းဆိုတာဟာ ပညာရေးဝန်ကြီးဌာနလုပ်ရပ်ကို ဝင်ရောက်စွက်ဖက်ခြင်းမျိုး၊ နေရာယူခြင်းမျိုး မဟုတ်ဘဲ တတ်ကျွမ်းထားတဲ့ အသိပညာတွေကို ပူးပေါင်းအားဖြည့်လိုခြင်းဖြစ်တယ်လို့ သိရပါတယ်။

“သင်ရိုးညွှန်းတမ်း အသစ်တွေမှာ ဇာရိတ္တနဲ့ ပြည်သူ့နီတိဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြဌာန်းတာတွေ့ရတယ်။ အဲ့ဒါကို ထိထိရောက်ရောက်ဖြစ်စေချင်တယ်၊ ဟန်ပြသဘောဆိုတာထက်ပေါ့။ တချိူ့ဆရာ၊ဆရာမတွေက တခြားဘာသာလဲသင်ရ ဒီဘာသာလည်းသင်ရတော့ အားစိုက်ထုတ်နိုင်မှု လျော့မှာလည်း စိုးရိမ်ရတယ်။ လူ့အခွင့်အရေးသဘောတရားနဲ့ အချက်အလက်တွေကို သေချာထဲထဲဝင်ဝင် သိတဲ့လူတွေ ပါဝင်ဆောင်ရွက်ခွင့် ပူးပေါင်းခွင့်ရချင်ပါတယ်။ရရင်ပို ကောင်းပါတယ်။ ” လို့ လူ့အခွင့်အရေးပညာပေးရေးကွန်ယက်မှ စေ့စပ်ညှိနိူင်းရေးမှူး ကိုအော်ဇော်ထွေးကပြောပါတယ်။

လူ့အခွင့်အရေးပညာပေး အကြောင်းအရာကို အခုနှစ် အခြေခံပညာကျောင်းတွေမှာ စတင်သင်ကြားမယ့် အသစ်ပြဌာန်းလိုက်တဲ့ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း သင်ရိုးညွှန်တမ်းတွေမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ကျောင်းသင်ရိုးညွှန်းတမ်းကနေ သင်ကြားမယ့် သင်ခန်းစာအားလုံးကို ဆရာ ၊ ဆရာမတွေနဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူတွေ လေ့လာနိုင်စေဖို့ ကြိုတင်ထုတ်ပြန်ပေးဖို့၊ လူ့အခွင့်အရေးအကြောင်းအရာနဲ့ ပတ်သက်ပြီး သင်ကြားပေးမယ့် ဆရာဆရာမတွေကို လူ့အခွင့်အရေး အသိပညာပေးမှုတွေ ပြုလုပ်ပေးဖို့၊ ပြဌာန်းထားတဲ့ လူ့အခွင့်အရေးအကြောင်းအရာကို ကျောင်းတွေမှာ မဖြစ်မနေသင်ကြားပေးဖို့၊ သင်ရိုးညွှန်းတမ်းမှာ ပါဝင်တဲ့ အားနည်းချက်တချို့ကိုလည်း ပြုပြင်သင်ကြားပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

ဒီတောင်းဆိုချက်ကို ပညာရေးဝန်ကြီးဌာနကိုလည်း တရားဝင်စာပို့ြ့ပီး တောင်းဆိုသွားဖို့ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

အေျခခံပညာေက်ာင္းေတြမွာ ထည့္သြင္းသင္ၾကားမယ့္ လူ႔အခြင့္အေရးကိစၥအတြက္ ျပင္ပကြၽမ္းက်င္အဖြဲ႕အစည္းေတြကို ေဆာင္႐ြက္ခြင့္ျပဳဖို႔ေတာင္းဆို

ရန္ကုန္ ၊ဇူလိုင္ ၁၈-၂၀၂၀
သိဂႌ (VOM)

အေျခခံပညာေက်ာင္းေတြမွာ အခုႏွစ္ ထည့္သြင္းသင္ၾကားမယ့္ လူ႕အခြင့္အေရး အေၾကာင္းအရာနဲ႔ပတ္သက္ျပီး လူ႔အခြင့္အေရးသေဘာသဘာဝကြၽမ္းက်င္တဲ့ ျပင္ပ အဖြဲ႕အစည္းေတြကို ပါဝင္ပူးေပါင္း ေဆာင္႐ြက္ခြင့္ျပဳဖို႔ လူ႔အခြင့္အေရးပညာေပးေရးကြန္ယက္က ေတာင္းဆိုလိုက္ပါတယ္။
ခုလို ေတာင္းဆိုတာဟာ ပညာေရးဝန္ႀကီးဌာနလုပ္ရပ္ကို ဝင္ေရာက္စြက္ဖက္ျခင္းမ်ိဳး၊ ေနရာယူျခင္းမ်ိဳး မဟုတ္ဘဲ တတ္ကြၽမ္းထားတဲ့ အသိပညာေတြကို ပူးေပါင္းအားျဖည့္လိုျခင္းျဖစ္တယ္လို႔ သိရပါတယ္။

“သင္ရိုးၫႊန္းတမ္း အသစ္ေတြမွာ ဇာရိတၱနဲ႔ ျပည္သူ႔နီတိဆိုတဲ့ေခါင္းစဥ္ေအာက္မွာ ျပဌာန္းတာေတြ႕ရတယ္။ အဲ့ဒါကို ထိထိေရာက္ေရာက္ျဖစ္ေစခ်င္တယ္၊ ဟန္ျပသေဘာဆိုတာထက္ေပါ့။ တခ်ိဴ႕ဆရာ၊ဆရာမေတြက တျခားဘာသာလဲသင္ရ ဒီဘာသာလည္းသင္ရေတာ့ အားစိုက္ထုတ္ႏိုင္မႈ ေလ်ာ့မွာလည္း စိုးရိမ္ရတယ္။ လူ႔အခြင့္အေရးသေဘာတရားနဲ႔ အခ်က္အလက္ေတြကို ေသခ်ာထဲထဲဝင္ဝင္ သိတဲ့လူေတြ ပါဝင္ေဆာင္ရြက္ခြင့္ ပူးေပါင္းခြင့္ရခ်င္ပါတယ္။ရရင္ပို ေကာင္းပါတယ္။ ” လို႔ လူ႔အခြင့္အေရးပညာေပးေရးကြန္ယက္မွ ေစ့စပ္ညႇိႏိူင္းေရးမွဴး ကိုေအာ္ေဇာ္ေထြးကေျပာပါတယ္။

လူ႔အခြင့္အေရးပညာေပး အေၾကာင္းအရာကို အခုႏွစ္ အေျခခံပညာေက်ာင္းေတြမွာ စတင္သင္ၾကားမယ့္ အသစ္ျပဌာန္းလိုက္တဲ႔ မူလတန္း ၊ အလယ္တန္း ၊ အထက္တန္း သင္႐ိုးၫႊန္တမ္းေတြမွာ ထည့္သြင္းထားတယ္လို႔ သိရပါတယ္။

ေက်ာင္းသင္ရိုးၫႊန္းတမ္းကေန သင္ၾကားမယ့္ သင္ခန္းစာအားလုံးကို ဆရာ ၊ ဆရာမေတြနဲ႔ လူ႕အခြင့္အေရးကြၽမ္းက်င္သူေတြ ေလ့လာနိုင္ေစဖို႔ ႀကိဳတင္ထုတ္ျပန္ေပးဖို႔၊ လူ႕အခြင့္အေရးအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး သင္ၾကားေပးမယ့္ ဆရာဆရာမေတြကို လူ႕အခြင့္အေရး အသိပညာေပးမႈေတြ ျပဳလုပ္ေပးဖုိ႔၊ ျပဌာန္းထားတဲ့ လူ႕အခြင့္အေရးအေၾကာင္းအရာကို ေက်ာင္းေတြမွာ မျဖစ္မေနသင္ၾကားေပးဖို့၊ သင္ရိုးၫႊန္းတမ္းမွာ ပါဝင္တဲ့ အားနည္းခ်က္တခ်ိဳ႕ကိုလည္း ျပဳျပင္သင္ၾကားေပးဖို႔ ေတာင္းဆိုထားတာျဖစ္ပါတယ္။

ဒီေတာင္းဆိုခ်က္ကို ပညာေရးဝန္ႀကီးဌာနကိုလည္း တရားဝင္စာပို႔ၿ႔ပီး ေတာင္းဆိုသြားဖို႔႐ွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW