မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး လှည်းတန်းမှာ ဓါးထိုးခံရတယ်ဆိုတာ သတင်းအမှားသာဖြစ်

မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး လှည်းတန်းမှာ ဓါးထိုးခံရတယ်ဆိုတာ သတင်းအမှားသာဖြစ်

ရန်ကုန် ၊ ဇူလိုင် – ၁၈ – ၂၀၂၀
Voice Of Myanmar

Burma Online Media ဆိုတဲ့ နာမည်ကိုသုံးပြီး မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာဆိုသူ အောင်မျိုးကို ဒီနေ့မနက် (၈)နာရီက လှည်းတန်းအဝိုင်းအနီးမှာ ဇနီးဖြစ်သူနဲ့အတူ မုန့်ဟင်းခါးစားပြီး ဆိုင်ကအထွက် အမည်မသိ အမျိုးသား သုံးဦးမှ နောက်မှနေ၍ ဓါးနဲ့လိုက်ထိုးလို့ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်ပို့လိုက်ရတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

ကာယကံရှင် ဒေါက်တာအောင်မျိုးက “ကျွန်တော် အိမ်မှာရှိပါတယ် ကျန်းကျန်းမာမာပါဘဲ ဘာမှမဖြစ်ပါဘူး ကောလဟာလပါဗျ သတင်းအမှားပါ ခြိမ်းခြောက်တာပါ ဆိုက်ဝါးပါ အရင်တုန်းက ဖုန်းနဲ့ ခြိမ်းခြောက်တာတွေတော့ ရှိခဲ့ဘူးတယ်၊ ကျွန်တော်မိန်းမကို လှမ်းပြီးခြိမ်းခြောက်တာပါ ခင်ဗျားယောင်္ကျား ထမင်းမစားချင်တော့ဘူးထင်တယ်လို့ ဖုန်းဆက်တာတော့ ရှိတယ်၊ ရခိုင်အရေးကိစ္စတွေကို သုံးသပ်ပြောဆိုတာတွေအပေါ် မကျေနပ်တဲ့သူတွေ ရှိပုံရတယ်” လို့ VOM ကိုပြောပါတယ်။

ဒေါက်တာအောင်မျိုးရဲ့ သတင်းအမှားကို Social Media မှာ ဖြန့်ဝေတဲ့သူတွေ ရှိသလို နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာလည်း တစ်ယောက်နဲ့တစ်ယောက် ဖုန်းဆက်ပြီး မေးမြန်းတာတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ သတင်းတု၊ သတင်းအမှားတွေကို ချေဖျက်အရေးယူမယ်လို့ အစိုးရကပြောပေမယ့် တကယ်တန်းမှာတော့ ထိထိရောက်ရောက် အရေးယူနိုင်ခြင်းမရှိသေးပါဘူး။

Photo – ရန်ကုန်ခေတ်သစ်မီဒီယာ
#voiceofmyanmar #VOM #ဒေါက်တာအောင်မျိုး #သတင်းမှား

Zawgyi

ျမန္မာႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာေအာင္မ်ိဳး လွည္းတန္းမွာ ဓါးထိုးခံရတယ္ဆုိတာ သတင္းအမွားသာျဖစ္

ရန္ကုန္ ၊ ဇူလုိင္ – ၁၈ – ၂၀၂၀
Voice Of Myanmar

Burma Online Media ဆုိတဲ့ နာမည္ကုိသုံးၿပီး ျမန္မာႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာဆိုသူ ေအာင္မ်ိဳးကုိ ဒီေန႔မနက္ (၈)နာရီက လွည္းတန္းအဝိုင္းအနီးမွာ ဇနီးျဖစ္သူနဲ႔အတူ မုန႔္ဟင္းခါးစားၿပီး ဆိုင္ကအထြက္ အမည္မသိ အမ်ိဳးသား သုံးဦးမွ ေနာက္မွေန၍ ဓါးနဲ႔လိုက္ထိုးလုိ႔ ရန္ကုန္ေဆးရုံႀကီးကုိ အေရးေပၚပုိ႔လုိက္ရတယ္ဆုိိတဲ့ သတင္းဟာ သတင္းအမွားသာ ျဖစ္ပါတယ္။

ကာယကံရွင္ ေဒါက္တာေအာင္မ်ိဳးက “ကၽြန္ေတာ္ အိမ္မွာရွိပါတယ္ က်န္းက်န္းမာမာပါဘဲ ဘာမွမျဖစ္ပါဘူး ေကာလဟာလပါဗ် သတင္းအမွားပါ ၿခိမ္းေျခာက္တာပါ ဆုိက္၀ါးပါ အရင္တုန္းက ဖုန္းနဲ႔ ၿခိမ္းေျခာက္တာေတြေတာ့ ရွိခဲ့ဘူးတယ္၊ ကၽြန္ေတာ္မိန္းမကုိ လွမ္းၿပီးၿခိမ္းေျခာက္တာပါ ခင္ဗ်ားေယာက်ၤား ထမင္းမစားခ်င္ေတာ့ဘူးထင္တယ္လုိ႔ ဖုန္းဆက္တာေတာ့ ရွိတယ္၊ ရခုိင္အေရးကိစၥေတြကုိ သုံးသပ္ေျပာဆုိတာေတြအေပၚ မေက်နပ္တဲ့သူေတြ ရွိပုံရတယ္” လုိ႔ VOM ကုိေျပာပါတယ္။

ေဒါက္တာေအာင္မ်ိဳးရဲ႕ သတင္းအမွားကုိ Social Media မွာ ျဖန္႔ေ၀တဲ့သူေတြ ရွိသလုိ ႏုိင္ငံေရးအသုိင္းအ၀ုိင္းၾကားမွာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ ဖုန္းဆက္ၿပီး ေမးျမန္းတာေတြ ရွိေနပါတယ္။

ျမန္မာႏုိင္ငံမွာ သတင္းတု၊ သတင္းအမွားေတြကုိ ေခ်ဖ်က္အေရးယူမယ္လုိ႔ အစုိးရကေျပာေပမယ့္ တကယ္တန္းမွာေတာ့ ထိထိေရာက္ေရာက္ အေရးယူႏုိင္ျခင္းမရွိေသးပါဘူး။

Photo – ရန္ကုန္ေခတ္သစ္မီဒီယာ
#voiceofmyanmar #VOM #ေဒါက္တာေအာင္မ်ိဳး #သတင္းမွား

Related posts

Leave a Comment

VOM News

FREE
VIEW