သိန်း ၆၀ လုယက်ခံရတဲ့ ကာယကံရှင်က ရဲစခန်းမှာအမှုမဖွင့်

သိန်း ၆၀ လုယက်ခံရတဲ့ ကာယကံရှင်က ရဲစခန်းမှာအမှုမဖွင့်

နေပြည်တော်၊ဇူလိုင် ၁၈-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းခင်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ကနေ ထုတ်ယူလာတဲ့ ငွေကျပ်သိန်း ၆၀ကို မနေ့ဇူလိုင်(၁၇)ရက် မနက်ပိုင်းက လုယက်ခံခဲ့ရတဲ့အမျိုးသမီးဟာ ရဲစခန်းမှာ အမှုဖွင့်ထားတာမရှိဘူးလို့ သထုံမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး ဇော်မင်းထွန်းကပြောပါတယ်။

“ကြိုးစား စုံစမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ပဲ၊ ကျွန်တော်တို့ကို အလုခံရတဲ့ အမျိုးသမီးက ပြောတယ်။ သူက အမှုမဖွင့်လိုဘူးပြောပေမယ့် ရဲက လုယက်မှုဖြစ်တာကြောင့် နောက်ထပ် မကျူးလွန်နိုင်အောင် စုံစမ်းနေပါတယ်”လို့ ဒု-ရဲမှူး ဇော်မင်းထွန်းကပြောပါတယ်။

လုယက်ခံရတဲ့ အမျိုးသမီးတစ်ဦးဟာ ဖြစ်စဉ်ဖြစ်ပွားတဲ့မနက်ပိုင်းက သထုံမြို့ နန်းခင်းရပ်ကွက် မော်လမြိုင်-ရန်ကုန် ကားလမ်းမဘေးရှိ ကမ္ဘောဇဘဏ်ကနေ ငွေကျပ် သိန်း ၆၀ ကိုထုတ်ယူလာပြီး အခြားဘဏ်တစ်ခုကနေ ထပ်လွဲပေးဖို့ရှိတဲ့အတွက် ဘဏ်ရဲ့အနောက်လမ်းသွယ်ဘက်ကနေ စက်ဘီးနင်းလာစဉ် ရှေ့ခြင်းထဲ့ကပိုက်ဆံထုပ်ကို ဆိုင်ကယ်မောင်းနင်လာသူ အမျိုးသားတစ်ဦးက လုယက်ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းကလည်း သထုံမြို့နယ်၊ ဂေါ့ကျော့ကျေးရွာက နေအိမ်တစ်လုံး ဖောက်ထွင်းခံခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့ပြီး လက်ရှိမှာတော့ သထုံခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက သထုံမြို့ဝင်၊ မြို့ထွက်တွေကို ပိတ်ဆို့စစ်ဆေးနေတဲ့အပြင် CCTV မှတ်တမ်းမှာပါတဲ့ လုယက်သွားသူရဲ့ဓါတ်ပုံကို ဖြန့်ဝေကာ မသင်္ကာသူတွေ့ရင် သတင်းပေးဖို့အတွက် အကြောင်းကြားထားတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Photo-NDKS
#voiceofmyanmar #VOM #သထုံ

Zawgyi

သိန္း ၆၀ လုယက္ခံရတဲ့ ကာယကံရွင္က ရဲစခန္းမွာအမႈမဖြင့္

ေနျပည္ေတာ္၊ဇူလိုင္ ၁၈-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ နန္းခင္းရပ္ကြက္ရွိ ကေမာၻဇဘဏ္ကေန ထုတ္ယူလာတဲ့ ေငြက်ပ္သိန္း ၆၀ကို မေန႔ဇူလိုင္(၁၇)ရက္ မနက္ပိုင္းက လုယက္ခံခဲ့ရတဲ့အမ်ိဳးသမီးဟာ ရဲစခန္းမွာ အမႈဖြင့္ထားတာမရွိဘူးလုိ႔ သထုံၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒု-ရဲမႉး ေဇာ္မင္းထြန္းကေျပာပါတယ္။

“ႀကိဳးစား စုံစမ္းေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ပဲ၊ ကြၽန္ေတာ္တို႔ကို အလုခံရတဲ့ အမ်ိဳးသမီးက ေျပာတယ္။ သူက အမႈမဖြင့္လိုဘူးေျပာေပမယ့္ ရဲက လုယက္မႈျဖစ္တာေၾကာင့္ ေနာက္ထပ္ မက်ဴးလြန္ႏိုင္ေအာင္ စုံစမ္းေနပါတယ္”လို႔ ဒု-ရဲမႉး ေဇာ္မင္းထြန္းကေျပာပါတယ္။

လုယက္ခံရတဲ့ အမ်ိဳးသမီးတစ္ဦးဟာ ျဖစ္စဥ္ျဖစ္ပြားတဲ့မနက္ပိုင္းက သထုံၿမိဳ႕ နန္းခင္းရပ္ကြက္ ေမာ္လၿမိဳင္-ရန္ကုန္ ကားလမ္းမေဘးရွိ ကေမာၻဇဘဏ္ကေန ေငြက်ပ္ သိန္း ၆၀ ကိုထုတ္ယူလာၿပီး အျခားဘဏ္တစ္ခုကေန ထပ္လြဲေပးဖို႔ရိွတဲ့အတြက္ ဘဏ္ရဲ႕အေနာက္လမ္းသြယ္ဘက္ကေန စက္ဘီးနင္းလာစဥ္ ေရွ႕ျခင္းထဲ့ကပိုက္ဆံထုပ္ကို ဆိုင္ကယ္ေမာင္းနင္လာသူ အမ်ိဳးသားတစ္ဦးက လုယက္ထြက္ေျပးသြားတာ ျဖစ္ပါတယ္။

ဇူလိုင္လ ၁၆ ရက္ေန႔ ညပိုင္းကလည္း သထုံၿမိဳ႕နယ္၊ ေဂါ့ေက်ာ့ေက်း႐ြာက ေနအိမ္တစ္လုံး ေဖာက္ထြင္းခံခဲ့ရတဲ့ျဖစ္စဥ္ရွိခဲ့ၿပီး လက္ရွိမွာေတာ့ သထုံခ႐ိုင္နဲ႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕တာဝန္ရွိသူေတြက သထုံၿမိဳ႕ဝင္၊ ၿမိဳ႕ထြက္ေတြကို ပိတ္ဆို႔စစ္ေဆးေနတဲ့အျပင္ CCTV မွတ္တမ္းမွာပါတဲ့ လုယက္သြားသူရဲ႕ဓါတ္ပုံကို ျဖန႔္ေဝကာ မသကၤာသူေတြ႔ရင္ သတင္းေပးဖုိ႔အတြက္ အေၾကာင္းၾကားထားတယ္လို႔ ၿမိဳ႕ခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

Photo-NDKS
#voiceofmyanmar #VOM #သထံု

Related posts

Leave a Comment

VOM News

FREE
VIEW