ဂျပန်ကုမ္ပဏီတွေက ဓါတ်အားပေးစက်ရုံသစ်တစ်ခုကို ရန်ကုန်မှာ တည်ဆောက်မယ်

ဂျပန်ကုမ္ပဏီတွေက ဓါတ်အားပေးစက်ရုံသစ်တစ်ခုကို ရန်ကုန်မှာ တည်ဆောက်မယ်

တိုကျို၊ ဇူလိုင်-၂၄-၂၀၂၀
မျိုးဆက် (VOM)

ဂျပန်ကုမ္ပဏီတွေဖြစ်တဲ့ Marubeni, Sumitomo Corp နဲ့ Mitsui & Co.တို့ဟာ သဘာဝဓါတ်ငွေ့ရည်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခုကို ရန်ကုန်ဆင်ခြေဖုံးတစ်ခုမှာ တည်ဆောက်သွားမှာဖြစ်ပြီး အဲ့ဒီစက်ရုံကနေ လျှပ်စစ်ဓါတ်အား ၁၂၅၀ မက်ဂါဝပ်ထိ ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။

ဒီစီမံကိန်းဟာ မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီတွေရဲ့ အကြီးမားဆုံးရင်းနှီးမြုပ်နှံမှုများထဲက တစ်ခုဖြစ်တယ်လို့ ဒီကိစ္စနဲ့ကျွမ်းဝင်တဲ့ နီးစပ်သူတွေကပြောပါတယ်။

ဓါတ်အားပေးစက်ရုံစီမံကိန်းဟာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ နဲ့ ၂ ဘီလီယံအကြား ကုန်ကျမှာဖြစ်တယ်လို့ ဂျပန်ကုမ္ပဏီတွေက ခန့်မှန်းထားကြပါတယ်။

စက်ရုံကိုတော့ ၂၀၂၅ ခုနှစ်မှာ စတင်လည်ပတ်ဖို့ မျှော်မှန်းထားပြီး ထွက်ရှိလာမယ့် လျှပ်စစ်ဓါတ်အားဟာ မြန်မာနိုင်ငံမှာ လက်ရှိဓါတ်အားပေးစက်ရုံတွေက ထွက်ရှိတဲ့ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းလောက်ရှိမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံအဆောက်အဦဆိုင်ရာ သဘောတူညီချက်တွေအတွက် တရုတ်နိုင်ငံနဲ့ အပြင်းအထန်ယှဉ်ပြိုင်နေရတဲ့ ဂျပန်နိုင်ငံအတွက် အဆိုပါစီမံကိန်းဟာ အောင်မြင်မှုတစ်ရပ်ဖြစ်ပြီး ဂျပန်ကုမ္ပဏီသုံးခုဟာ မြန်မာပြည်တွင်းက Eden Group နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Ref : Nikkei Asian Review
Photo: Shinya Sawai
#voiceofmyanmar #VOM #တိုကျို

Zawgyi

ဂ်ပန္ကုမၸဏီေတြက ဓါတ္အားေပးစက္ရံုသစ္တစ္ခုကို ရန္ကုန္မွာ တည္ေဆာက္မယ္

တိုက်ိဳ၊ ဇူလိုင္-၂၄-၂၀၂၀
မ်ိဳးဆက္ (VOM)

ဂ်ပန္ကုမၸဏီေတြျဖစ္တဲ႔ Marubeni, Sumitomo Corp နဲ႔ Mitsui & Co.တို႔ဟာ သဘာ၀ဓါတ္ေငြ႔ရည္သံုး လွ်ပ္စစ္ဓါတ္အားေပးစက္ရံုတစ္ခုကို ရန္ကုန္ဆင္ေျခဖံုးတစ္ခုမွာ တည္ေဆာက္သြားမွာျဖစ္ျပီး အဲ့ဒီစက္ရံုကေန လွ်ပ္စစ္ဓါတ္အား ၁၂၅၀ မက္ဂါ၀ပ္ထိ ထုတ္လုပ္နိုင္မယ္လို႔ သိရပါတယ္။

ဒီစီမံကိန္းဟာ ျမန္မာနိုင္ငံမွာ ဂ်ပန္ကုမၸဏီေတြရဲ႕ အၾကီးမားဆံုးရင္းနွီးျမဳပ္နွံမႈမ်ားထဲက တစ္ခုျဖစ္တယ္လို႔ ဒီကိစၥနဲ႔ကြ်မ္း၀င္တဲ႔ နီးစပ္သူေတြကေျပာပါတယ္။

ဓါတ္အားေပးစက္ရံုစီမံကိန္းဟာ ေဒၚလာ ၁ ဒသမ ၅ ဘီလီယံ နဲ႔ ၂ ဘီလီယံအၾကား ကုန္က်မွာျဖစ္တယ္လို႔ ဂ်ပန္ကုမၸဏီေတြက ခန္႔မွန္းထားၾကပါတယ္။

စက္ရံုကိုေတာ႔ ၂၀၂၅ ခုနွစ္မွာ စတင္လည္ပတ္ဖို႔ ေမွ်ာ္မွန္းထားျပီး ထြက္ရိွလာမယ္႔ လွ်ပ္စစ္ဓါတ္အားဟာ ျမန္မာနိုင္ငံမွာ လက္ရိွဓါတ္အားေပးစက္ရံုေတြက ထြက္ရိွတဲ႔ပမာဏရဲ႕ ၂၀ ရာခိုင္နႈန္းေလာက္ရိွမွာျဖစ္ပါတယ္။

ျမန္မာနို္င္ငံမွာ အေျခခံအေဆာက္အဦဆိုင္ရာ သေဘာတူညီခ်က္ေတြအတြက္ တရုတ္နုိင္ငံနဲ႔ အျပင္းအထန္ယွဥ္ျပိဳင္ေနရတဲ့ ဂ်ပန္နိုင္ငံအတြက္ အဆိုပါစီမံကိန္းဟာ ေအာင္ျမင္မႈတစ္ရပ္ျဖစ္ျပီး ဂ်ပန္ကုမၸဏီသံုးခုဟာ ျမန္မာျပည္တြင္းက Eden Group နဲ႔ ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ပါတယ္။

Ref : Nikkei Asian Review
Photo: Shinya Sawai
#voiceofmyanmar #VOM #တိုက်ိဳ

Related posts

Leave a Comment

VOM News

FREE
VIEW