ကံမမြို့မှာ ဝက်တွေသေဆုံးမှုမြင့်တက်

ကံမမြို့မှာ ဝက်တွေသေဆုံးမှုမြင့်တက် ကံမ၊ ဇူလိုင်၂၅-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ ကံမမြို့မှာ ဝက်တွေဖျားနာပြီး သေဆုံးမှုမြင့်တက်နေပြီး ဒီလိုသေဆုံးရတာဟာ ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် အခုလိုသေဆုံးနေကြရတာလို့ စွပ်စွဲပြောဆိုနေကြတဲ့အပြင် တမြို့နယ်လုံး ကူးစက်ပြန့်ပွားမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံမွေးမြူရေးသမားတွေက ပြောပါတယ်။ ”ကျနော်တို့ မွေးမြူရေးသမားတွေကို ဘာမှပံ့ပိုးကူညီထားတာမရှိဘူး၊ အခုရောဂါက ဗိုင်းရပ်စ်ဖြစ်တယ်၊ အစိုးရနဲ့ ဌာနဆိုင်ရာတို့နဲ့ တာဝန်ရှိသူတွေ လုပ်ကိုင်ပေးမှ ကူညီမှရမှာ မွေးမြူရေးသမားတွေက လေ့လာထားတဲ့အရာနဲ့ ရောဂါမဖြစ်အောင် ကာကွယ်နေရတာ၊ ဒေသအစုံက ဝက်ကားတွေ ဥဒဟိုဝင်ထွက်နေတာ ဘယ်လိုတွေစည်းကမ်းသတ်မှတ်ထားလဲ မသိရဘူး။ နယ်စုံက ဝက်ရောဂါတွေပျံ့လွယ်တယ် ဂျီပီလို့ခေါ်တဲ့ လိုက်ကုနေတဲ့သူတွေဆီကလည်းပျံ့နိုင်တယ်။ ကျနော်တို့က ဖြစ်စဉ်အတိအကျလေ့လာပြီးမှပြောတာ ရင်ခွဲစစ်ဆေးချက်အရ သရက်ရွက်ကြီးပြီး ရှည်နေတယ်၊ တချို့ကမသိဘူး သေတယ်၊ချက်စားတယ်၊ အဲ့ဒီကနေပျံ့တယ်၊ ဒါကို ဌာနအနေနဲ့ ထိန်းချုပ်မှု့မရှိဘူး။ ရွာစဉ်လှည့်ကုတဲ့ တိကုဆရာတွေဆီက ရောဂါပါလာမှာစိုးတယ်။ ဇီဝလုံခြုံရေးအရ မဝင်စေချင်ဘူး၊ တတ်နိုင်သလောက် ထိန်းချုပ်ထားတယ်။ အပြင်ရွာတွေအတွက်…

Read More

Quarantineမဝင်တဲ့ ပြည်ပပြန်(၂)ဦးကို အလုပ်နဲ့ထောင်ဒဏ်(၃)လချ

Quarantineမဝင်တဲ့ ပြည်ပပြန်(၂)ဦးကို အလုပ်နဲ့ထောင်ဒဏ်(၃)လချ ရန်ကုန်၊ ဇူလိုင် ၂၄-၂၀၂၀ သိင်္ဂီ(VOM) ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က ကွာရန်တင်းမဝင်တဲ့ ပြည်ပပြန် ၂ ဦးကို မနေ့ဇူလိုင်လ ၂၃ ရက်နေ့က အုတ်ဖိုမြို့နယ်တရားရုံးကနေ ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေအရ အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လက ထိုင်းနဲ့ လာအိုကနေ ပြန်ရောက်လာသူတွေဖြစ်ပါတယ်။ အုတ်ဖိုကိုပြန်ရောက်စဉ် ရပ်ကျေးအုပ်ချုပ်ရေးနဲ့ သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာနကို အသိမပေးခဲ့သလို ကွာရန်တင်းဝင်ရောက်ပြီး သီးခြားနေထိုင်ခြင်းမရှိတာကြောင့် ခုလို အရေးယူကာ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ ၂ ဦးကို သာယာဝတီအကျဉ်းထောင်ကို ရွှေ့ပြောင်းပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ အစည်းအဝေး ထိုင်တယ်၊ သူတို့၂ ဦးကို တရားဥပဒေအရ တရားစွဲသင့်၊မစွဲသင့် စဉ်းစားတဲ့အခါ မြို့နယ်ကိုဗစ်ကော်မတီရဲ့ဆုံးဖြတ်ချက်အရ တရားစွဲသင့်တယ် ယူဆလို့ တရားစွဲတာဖြစ်ပါတယ်။”လို့ အုတ်ဖိုမြို့နယ်…

Read More

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို မသင့်တော်ဘူးလို့ယူဆရင် အထောက်အထားနဲ့ကန့်ကွက်နိုင်တယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို မသင့်တော်ဘူးလို့ယူဆရင် အထောက်အထားနဲ့ကန့်ကွက်နိုင်တယ် မန္တလေး၊ ဇူလိုင် – ၂၄ – ၂၀၂၀ VOICEOFMYANMAR အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ မနေ့က ထုတ်ပြန်လိုက်တဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခြင်းခံထားရတဲ့ ပုဂ္ဂိုလ်များစာရင်းမှာ ပါတီရဲ့မှုဝါဒနဲ့ မကိုက်ညီတဲ့ ဒေသခံတွေ လက်မခံနိုင်တဲ့သူတွေပါရင် အထောက်အထားနဲ့ အချိန်မှီ တင်ပြတိုင်ကြားနိုင်တယ်လို့ NLD ဗဟိုအောင်နိုင်ရေးအဖွဲ့က ပြောပါတယ်။ NLD ဗဟိုအောင်နိုင်ရေး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ပြောပြတာက”အချိန်မီတင်ပြလာမယ် ၊တင်ပြမယ့်အထောက်အထားတွေက ခိုင်လုံတယ်ဆိုရင်တော့ အပြောင်းအလဲလုပ်ဖို့ စဉ်းစားမှာပေါ့ ။ ရက်နဲ့တော့ပြောလို့မရဘူး၊ ထောက်ခံစာတွေပို့ပြီးပြီ၊ အမြန်ဆုံးတော့ ကန့်ကွက်ဖို့ိုလိုတာပေါ့၊ မြို့မိမြို့ဖကရွေးချယ်ခဲ့ပြီး တိုင်းကရွေးခွင့်မရှိဘူးဆိုတာ မဟုတ်ဘူးလေ၊ တိုင်းနဲ့ပြည်နယ်ကို မစဉ်းစားလို့မရဘူး၊ ကျွန်တော်တို့က အကုန်လုံးကို ချုံုပြီးစဉ်းစားရပါတယ်။ အောင်နိုင်ရေးအတွက် အသင့်တော်ဆုံးကို ရွေးရတာပါ။ မပါတဲ့လူနဲ့ပတ်သက်လို့ကတော့ ကိုယ်ကိုယ်တိုင်ရဲ့ခံစားချက်ရော ပတ်ဝန်းကျင်ရဲ့လှုံ့ဆော်ချက်အရရော ဖြစ်မှာပဲခင်ဗျ၊ အဓိကကတော့ ကိုယ်ပါဖို့၊မပါဖို့ထက် ပါတီအောင်နိုင်ရေးက ပိုအရေးကြီးပါတယ်၊…

Read More

ဂျပန်ကုမ္ပဏီတွေက ဓါတ်အားပေးစက်ရုံသစ်တစ်ခုကို ရန်ကုန်မှာ တည်ဆောက်မယ်

ဂျပန်ကုမ္ပဏီတွေက ဓါတ်အားပေးစက်ရုံသစ်တစ်ခုကို ရန်ကုန်မှာ တည်ဆောက်မယ် တိုကျို၊ ဇူလိုင်-၂၄-၂၀၂၀ မျိုးဆက် (VOM) ဂျပန်ကုမ္ပဏီတွေဖြစ်တဲ့ Marubeni, Sumitomo Corp နဲ့ Mitsui & Co.တို့ဟာ သဘာဝဓါတ်ငွေ့ရည်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခုကို ရန်ကုန်ဆင်ခြေဖုံးတစ်ခုမှာ တည်ဆောက်သွားမှာဖြစ်ပြီး အဲ့ဒီစက်ရုံကနေ လျှပ်စစ်ဓါတ်အား ၁၂၅၀ မက်ဂါဝပ်ထိ ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီတွေရဲ့ အကြီးမားဆုံးရင်းနှီးမြုပ်နှံမှုများထဲက တစ်ခုဖြစ်တယ်လို့ ဒီကိစ္စနဲ့ကျွမ်းဝင်တဲ့ နီးစပ်သူတွေကပြောပါတယ်။ ဓါတ်အားပေးစက်ရုံစီမံကိန်းဟာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ နဲ့ ၂ ဘီလီယံအကြား ကုန်ကျမှာဖြစ်တယ်လို့ ဂျပန်ကုမ္ပဏီတွေက ခန့်မှန်းထားကြပါတယ်။ စက်ရုံကိုတော့ ၂၀၂၅ ခုနှစ်မှာ စတင်လည်ပတ်ဖို့ မျှော်မှန်းထားပြီး ထွက်ရှိလာမယ့် လျှပ်စစ်ဓါတ်အားဟာ မြန်မာနိုင်ငံမှာ လက်ရှိဓါတ်အားပေးစက်ရုံတွေက ထွက်ရှိတဲ့ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းလောက်ရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေခံအဆောက်အဦဆိုင်ရာ သဘောတူညီချက်တွေအတွက်…

Read More

တက္ကသိုလ်ကျောင်းသူကိုသတ်ပြီး အလောင်းဖျောက်ခဲ့တဲ့ တပ်မတော်သားကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်(၃၀)ချမှတ်

တက္ကသိုလ်ကျောင်းသူကိုသတ်ပြီး အလောင်းဖျောက်ခဲ့တဲ့ တပ်မတော်သားကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်(၃၀)ချမှတ် ကလေး၊ ဇူလိုင် ၂၄-၂၀၂၀ ငြိမ်းသူမင်း(VOM) ကလေးတက္ကသိုလ် ပထမနှစ်ကျောင်းသူကိုသတ်ပြီး အလောင်းဖျောက်ခဲ့တဲ့ တပ်မတော်သားကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်(၃၀)ကျခံဖို့ ကလေးခရိုင်တရားရုံးက ဒီကနေ့မနက်ပိုင်းမှာ အမိန့်ချမှတ်ခဲ့တယ်လို့ ကလေးမြို့မရဲစခန်းကနေ သိရပါတယ်။ ကလေးခရိုင်တရားရုံးကနေ တပ်မတော်သားဖြစ်တဲ့ ကိုဈာန်မင်းထက်ဆိုသူကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂)အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်(၂၀)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄ အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ် စုစုပေါင်းထောင်ဒဏ် နှစ် ၃၀ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတပ်မတော်သားဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က ကလေးတက္ကသိုလ်မှာ ပထမနှစ်တက်နေတဲ့ ရုက္ခဗေဒကျောင်းသူကိုသတ်ပြီး အလောင်းဖျောက်ခဲ့တာ ဖြစ်ပါတယ်။ မိန်းကလေးကို သတ်ပြီး အလောင်းဖျောက်ခဲ့တဲ့အတွက် ၂၀၁၉ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ကလေးမြို့မရဲစခန်း…

Read More

တပ်မတော်နဲ့အေအေ စစ်ရေးတင်းမာမှုမှာ အရပ်သားပြည်သူ ပိုထိခိုက်လာ

တပ်မတော်နဲ့အေအေ စစ်ရေးတင်းမာမှုမှာ အရပ်သားပြည်သူ ပိုထိခိုက်လာ စစ်တွေ၊ ဇူလိုင် ၂၅- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင် ပလက်ဝဒေသတွေမှာ တပ်မတော်နဲ့ ‌အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေကြောင့် အရပ်သားထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကနေ ယခု ၂၀၂၀ ခုနှစ်အတွင်းမှာ ပိုမိုများပြားလာပြီး နေရပ်စွန့်ခွာထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ပြည်သူလူထုတွေဟာလည်း အိုးမဲ့အိမ်မဲ့ဘဝကို ကျရောက် နေကြရပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခမှာ အရပ်သားထိခိုက်ဒဏ်ရာရမှုတွေဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကနေစပြီး ၂၀၂၀ ခုနှစ် မေလထိ တစ်နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှု အရေအတွက်မှာ (၂၅၂) ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာ (၅၄၃) ဦးထိရှိနေပြီလို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေက ဖော်ပြထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ အေအေတို့ရဲ့…

Read More

ချန်ဒူးရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကိုပိတ်သိမ်းဖို့ တရုတ်အစိုးရ အမိန့်ထုတ်

ချန်ဒူးရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကိုပိတ်သိမ်းဖို့ တရုတ်အစိုးရ အမိန့်ထုတ် ပေကျင်း၊ ဇူလိုင်-၂၄-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချန်ဒူးရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းဖို့ တရုတ်အစိုးရက အမိန့်ထုတ်လိုက်ပြီး နှစ်နိုင်ငံအကြား အပြန်လှန်တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုလုပ်ဆောင်မှုဟာ ယခုတစ်ပတ်အစောပိုင်းက ဟူစတန်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့အမိန့်ထုတ်ခဲ့တဲ့ အမေရိကန်ကို လိုအပ်တဲ့တုံ့ပြန်မှုလုပ်တာလို့ တရုတ်ပြောပါတယ်။ ဟူစတန်က တရုတ်ကောင်စစ်ဝန်ရုံးကိုပိတ်ဖို့ အမေရိကန်ကဆုံးဖြတ်လိုက်တာဟာ ဉာဏဆိုင်ရာပိုင်ဆိုင်မှုတွေကို တရုတ်ကခိုးယူနေတာကြောင့်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကပြောပါတယ်။ အမေရိကန်ရဲ့လုပ်ရပ်ဟာ ကျိုးကြောင်းဆီလျော်ခြင်းမရှိဘဲ ဒီကိစ္စအပေါ် လိုအပ်တဲ့တုံ့ပြန်မှုတွေပြုသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တရုတ်နဲ့အမေရိကန်အကြား လက်ရှိ ဆက်ဆံရေးအခြေအနေဟာ မဖြစ်ချင်တဲ့အခြေအနေရောက်နေပြီး ဒီကိစ္စမှာ အမေရိကန်ကသာ တာဝန်ရှိတယ်လို့ ပြောပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ အဓိကပြသနာအချို့အပေါ် မကြေလည်မှုတွေဖြစ်ပွားပြီး တင်းမာမှုတွေမြင့်တက်နေကြပါတယ်။ ချန်ဒူးမှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ၁၉၈၅ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး ဝန်ထမ်းအင်အား ၂၀၀ ကျော်ရှိကာ တိဘက်ဒေသနဲ့ နီးကပ်တာကြောင့်…

Read More

ရခိုင်ပြည်ကနေ ရန်ကုန်မြို့ကိုစစ်ဘေးရှောင်လာတဲ့ မြိုတိုင်းရင်းသားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ

ရခိုင်ပြည်ကနေ ရန်ကုန်မြို့ကိုစစ်ဘေးရှောင်လာတဲ့ မြိုတိုင်းရင်းသားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ ရန်ကုန်၊ ဇူလိုင် ၂၄-၂၀၂၀ အေးချမ်းသူ(VOM) ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် အသက်အန္တရယ်စိုးရိမ်ရတဲ့အတွက် ရန်ကုန်ကိုပြောင်းရွှေ့လာတဲ့ မြိုတိုင်းရင်းသားအိမ်ထောင်စု(၂၄၀)ကျော်ဟာ စားဝတ်နေရေး၊ ပညာရေးများအခက်အခဲရှိနေတယ်လို့ မြောက်ဦးကနေ ပြောင်းရွှေ့လာသူ ဦးဝင်းအောင်က ပြောပါတယ်။ “အခက်အခဲကတော့ အများကြီးပဲ၊ အလုပ်အကိုင်မရှိဘူး။ အလုပ်မရှိတော့ ပိုက်ဆံမရှိဘူး အလှူရှင်ကိုပဲ မျှော်နေရတယ်”လို့ ဦးဝင်းအောင်ကပြောပါတယ်။ မြိုတိုင်းရင်းသားအများစုဟာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေအမြဲဖြစ်ပွားနေတာကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် သြဂုတ်လကစပြီး မြောက်ဦး၊ ကျောက်တော်၊ အမ်း၊ ရသေ့တောင်၊ ပုဏ္ဏားန်းကျွန်း၊ ဘူးသီးတောင်၊ ပေါက်တောစတဲ့မြို့နယ်တွေက ပြောင်းရွှေ့လာတာဟာ အခုဆိုရင် အိမ်ထောင်စု ၂၄၀ကျော်နဲ့ လူဦးရေ (၉၀၀)နီးပါခန့်ရှိနေပြီလို့ ဦးဝင်းအောင်ကရှင်းပြပါတယ်။ လှည်းကူးမြို့နယ်၊ ကလီထော်အုပ်စု၊ ဝက်အင်းပေါက်ကျေးရွာအနီးက မြေကွက်ပေါ်မှာ ပိုင်ရှင်တွေဆီကနေ ပြန်လည်ဌားရမ်းပြီး စစ်ဘေးရှောင် မြိုတိုင်းရင်းတွေကနေထိုင်နေတာဖြစ်တဲ့အပြင် လက်ရှိအခြေအနေမှာ အလှူရှင်တွေကိုမျှော်ကာ စားဝတ်နေရေးဖြေရှင်းနေရတယ်လို့ သွားရောက်ကူညီပေးခဲ့သူ…

Read More

နမ့်စန်မြို့ ပြည်ထောင်စုလမ်းမကြီးမှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

နမ့်စန်မြို့ ပြည်ထောင်စုလမ်းမကြီးမှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ နေပြည်တော်၊ဇူလိုင် ၂၄-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ နယ်၊ ကုန်းဘုတ်ကျေးရွာလမ်းခွဲအနီး ပြည်ထောင်စုလမ်းမကြီးမှာ မနေ့ဇူလိုင်၂၃ရက်ညပိုင်းက အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့အနေထားနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့ရတယ်လို့ နမ်စန်မြို့နယ် NLD ပါတီဥက္ကဌ ဦးနေဇော်နိုင်ကပြောပြပါတယ်။ “ထိုင်းကပြန်လာတာ သိပ်မကြာသေးဘူးလို့သိရတယ်။ ဒေသခံမဟုတ်ဘဲ လာလည်တာလို့ ကြားရတယ်၊ အမည်ကမနန်းဖွန်ပါ”လို့ ဦးနေဇော်နိုင်ကပြောပါတယ်။ အခုလို သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ကိစ္စကို စုံစမ်းနေဆဲဖြစ်တဲ့အတွက် အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ပေးလို့မရသေးကြောင်း နမ့်စန်မြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး စိုးမိုးထွန်းကပြောပါတယ်။ အမှုနှင့်ပတ်သက်ပြီး နမ့်စန်မြို့မရဲစခန်းမှာ လူသတ်မှုနဲ့အမှုဖွင့်စစ်ဆေးနေကာ အခုနှစ် ဇန်နဝါရီလကလည်း နမ့်စန်မြို့မှာ ဆိုင်ကယ်နဲ့မောင်းနင်လာသူ(၂)ဦးက သေနတ်နဲ့အကြောင်း မဲ့ပတ်ခတ်မှု ဖြစ်ပွားခဲ့သေးတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ Photo – မဲခေါင်သတင်းဌာန #voiceofmyanmar #VOM #နမ့်စန် Zawgyi နမ့်စန်မြို့ ပြည်ထောင်စုလမ်းမကြီးမှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ…

Read More

ရှမ်းနီလူငယ်(၂)ဦးကိုသတ်တဲ့ KIA ကတာဝန်ရှိသူကို စစ်ဆေးအရေးယူဖို့ဆောင်ရွက်

ရှမ်းနီလူငယ်(၂)ဦးကိုသတ်တဲ့ KIA ကတာဝန်ရှိသူကို စစ်ဆေးအရေးယူဖို့ဆောင်ရွက် မြစ်ကြီးနား၊ ဇူလိုင် ၂၄-၂၀၂၀ ရန်အောင်ထွန်း(VOM) စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ကြီးရွာက ကျောင်းသားနှစ်ဦးကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တပ်ရင်း-၂၆ မှ မြို့နယ်မှူးအဆင့်ရှိ ဦးလွမ်းခေါင်က ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ (KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူးက ပြောပါတယ်။ သေဆုံးသွားသူ မောင်သန့်ဇင်အောင် အသက် ၁၈ နှစ်ဟာ မုံရွာတက္ကသိုလ် ပထမနှစ် အင်္ဂလိပ်စာ ဘာသာရပ်အထူးပြု ကျောင်းသား၊ မောင်ဇော်မျိုးဦး အသက် ၁၇ နှစ် နဝမတန်းကျောင်းသား ရှမ်းနီတိုင်းရင်းသားတွေဖြစ်ပြီး (KIA) တပ်ရင်း-၂၆ မှမြို့နယ်မှူးအဆင့်ရှိ ဦးလွမ်းခေါင်အပါ ၈ ဦးက ဇူလိုင်လ ၆ ရက် ည ၁၁ နာရီလောက်က ဆယ်ဇင်းကျေးရွာ၊ ချိုရီတာစားသောက်ဆိုင်ရှေ့မှာ ကားတံခါးဖွင့်ရာကနေ အချင်းများရန်ဖြစ်ကာ ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ရှမ်းနီးလူငယ်အဖွဲ့ချုပ် အတွင်းရေးမှူးက ပြောပါတယ်။…

Read More
VOM News

FREE
VIEW