တက္ကသိုလ်ကျောင်းသူကိုသတ်ပြီး အလောင်းဖျောက်ခဲ့တဲ့ တပ်မတော်သားကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်(၃၀)ချမှတ်

တက္ကသိုလ်ကျောင်းသူကိုသတ်ပြီး အလောင်းဖျောက်ခဲ့တဲ့ တပ်မတော်သားကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်(၃၀)ချမှတ်

ကလေး၊ ဇူလိုင် ၂၄-၂၀၂၀
ငြိမ်းသူမင်း(VOM)

ကလေးတက္ကသိုလ် ပထမနှစ်ကျောင်းသူကိုသတ်ပြီး အလောင်းဖျောက်ခဲ့တဲ့ တပ်မတော်သားကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်(၃၀)ကျခံဖို့ ကလေးခရိုင်တရားရုံးက ဒီကနေ့မနက်ပိုင်းမှာ အမိန့်ချမှတ်ခဲ့တယ်လို့ ကလေးမြို့မရဲစခန်းကနေ သိရပါတယ်။

ကလေးခရိုင်တရားရုံးကနေ တပ်မတော်သားဖြစ်တဲ့ ကိုဈာန်မင်းထက်ဆိုသူကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂)အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်(၂၀)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄ အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ် စုစုပေါင်းထောင်ဒဏ် နှစ် ၃၀ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတပ်မတော်သားဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က ကလေးတက္ကသိုလ်မှာ ပထမနှစ်တက်နေတဲ့ ရုက္ခဗေဒကျောင်းသူကိုသတ်ပြီး အလောင်းဖျောက်ခဲ့တာ ဖြစ်ပါတယ်။ မိန်းကလေးကို သတ်ပြီး အလောင်းဖျောက်ခဲ့တဲ့အတွက် ၂၀၁၉ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကလေးမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဒီနေ့ မနက်မှာပဲ အမိန့်ချလိုက်တာပါ။ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် နှစ် ၃၀ ကျခံစေရန်ဆိုပြီး အမိန့်ချခဲ့ပါတယ်။ အကျဉ်းထောင်ကို ပို့လိုက်ပါပြီ”လို့ ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ကိုဈာန်မင်းထက်ဟာ အမှတ်(၃၆၄) ခြေလျင်တပ်ရင်းက တပ်ကြပ်ကြီး စာရေးတစ်ဦး ဖြစ်ပါတယ်။ သူဟာ မအေးချမ်းမွန်ကို ၂၀၁၉ ခုနှစ်၊စက်တင်ဘာလ ၂၆ ရက်နေ့ က ဖုန်းနဲ့ဆက်သွယ်ချိန်းဆိုပြီး ကလေးမြို့ရှိ ရေဆန်ကျွန်းဘုရားအနီးက ရှစ်မျက်နှာဘုရားမှာ လည်ပင်းညှစ်သတ်ကာ ရုပ်အလောင်းကို မြစ်သာမြစ်အတွင်းကိုပစ်ချကာ ဖျောက်ဖျက်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Photo – UCYN
#voiceofmyanmar #VOM #ကလေး

Zawgyi

တကၠသိုလ္ေက်ာင္းသူကိုသတ္ၿပီး အေလာင္းေဖ်ာက္ခဲ့တဲ့ တပ္မေတာ္သားကို အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ႏွစ္(၃၀)ခ်မွတ္

ကေလး၊ ဇူလိုင္ ၂၄-၂၀၂၀
ၿငိမ္းသူမင္း(VOM)

ကေလးတကၠသိုလ္ ပထမႏွစ္ေက်ာင္းသူကိုသတ္ၿပီး အေလာင္းေဖ်ာက္ခဲ့တဲ့ တပ္မေတာ္သားကို အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ႏွစ္(၃၀)က်ခံဖို႔ ကေလးခ႐ိုင္တရား႐ုံးက ဒီကေန႔မနက္ပုိင္းမွာ အမိန႔္ခ်မွတ္ခဲ့တယ္လို႔ ကေလးၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ကေလးခ႐ိုင္တရား႐ုံးကေန တပ္မေတာ္သားျဖစ္တဲ့ ကိုဈာန္မင္းထက္ဆုိသူကို ရာဇသတ္ႀကီးပုဒ္မ ၃၀၂(၂)အရ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ႏွစ္(၂၀)၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၉၄ အရ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ၁၀ ႏွစ္ စုစုေပါင္းေထာင္ဒဏ္ ႏွစ္ ၃၀ က်ခံေစဖို႔ အမိန႔္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီတပ္မေတာ္သားဟာ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၂၆ ရက္ေန႔က ကေလးတကၠသိုလ္မွာ ပထမႏွစ္တက္ေနတဲ့ ႐ုကၡေဗဒေက်ာင္းသူကိုသတ္ၿပီး အေလာင္းေဖ်ာက္ခဲ့တာ ျဖစ္ပါတယ္။ မိန္းကေလးကို သတ္ၿပီး အေလာင္းေဖ်ာက္ခဲ့တဲ့အတြက္ ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ ၂ ရက္ေန႔မွာ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ကေလးၿမိဳ႕မရဲစခန္း မွ တာဝန္ရွိသူတစ္ဦးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “ဒီေန႔ မနက္မွာပဲ အမိန႔္ခ်လိုက္တာပါ။ အလုပ္ၾကမ္း နဲ႔ ေထာင္ဒဏ္ ႏွစ္ ၃၀ က်ခံေစရန္ဆိုၿပီး အမိန႔္ခ်ခဲ့ပါတယ္။ အက်ဥ္းေထာင္ကို ပို႔လိုက္ပါၿပီ”လို႔ ေျပာပါတယ္။

ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့ ကိုဈာန္မင္းထက္ဟာ အမွတ္(၃၆၄) ေျခလ်င္တပ္ရင္းက တပ္ၾကပ္ႀကီး စာေရးတစ္ဦး ျဖစ္ပါတယ္။ သူဟာ မေအးခ်မ္းမြန္ကို ၂၀၁၉ ခုႏွစ္၊စက္တင္ဘာလ ၂၆ ရက္ေန႔ က ဖုန္းနဲ႔ဆက္သြယ္ခ်ိန္းဆိုၿပီး ကေလးၿမိဳ႕ရွိ ေရဆန္ကြၽန္းဘုရားအနီးက ရွစ္မ်က္ႏွာဘုရားမွာ လည္ပင္းညႇစ္သတ္ကာ ႐ုပ္အေလာင္းကို ျမစ္သာျမစ္အတြင္းကိုပစ္ခ်ကာ ေဖ်ာက္ဖ်က္ခဲ့တာ ျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ထားခ်က္အရ သိရပါတယ္။

Photo – UCYN
#voiceofmyanmar #VOM #ကေလး

Related posts

Leave a Comment

VOM News

FREE
VIEW