အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို မသင့်တော်ဘူးလို့ယူဆရင် အထောက်အထားနဲ့ကန့်ကွက်နိုင်တယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို မသင့်တော်ဘူးလို့ယူဆရင် အထောက်အထားနဲ့ကန့်ကွက်နိုင်တယ်

မန္တလေး၊ ဇူလိုင် – ၂၄ – ၂၀၂၀
VOICEOFMYANMAR

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ မနေ့က ထုတ်ပြန်လိုက်တဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခြင်းခံထားရတဲ့ ပုဂ္ဂိုလ်များစာရင်းမှာ ပါတီရဲ့မှုဝါဒနဲ့ မကိုက်ညီတဲ့ ဒေသခံတွေ လက်မခံနိုင်တဲ့သူတွေပါရင် အထောက်အထားနဲ့ အချိန်မှီ တင်ပြတိုင်ကြားနိုင်တယ်လို့ NLD ဗဟိုအောင်နိုင်ရေးအဖွဲ့က ပြောပါတယ်။

NLD ဗဟိုအောင်နိုင်ရေး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ပြောပြတာက”အချိန်မီတင်ပြလာမယ် ၊တင်ပြမယ့်အထောက်အထားတွေက ခိုင်လုံတယ်ဆိုရင်တော့ အပြောင်းအလဲလုပ်ဖို့ စဉ်းစားမှာပေါ့ ။ ရက်နဲ့တော့ပြောလို့မရဘူး၊ ထောက်ခံစာတွေပို့ပြီးပြီ၊ အမြန်ဆုံးတော့ ကန့်ကွက်ဖို့ိုလိုတာပေါ့၊ မြို့မိမြို့ဖကရွေးချယ်ခဲ့ပြီး တိုင်းကရွေးခွင့်မရှိဘူးဆိုတာ မဟုတ်ဘူးလေ၊ တိုင်းနဲ့ပြည်နယ်ကို မစဉ်းစားလို့မရဘူး၊ ကျွန်တော်တို့က အကုန်လုံးကို ချုံုပြီးစဉ်းစားရပါတယ်။ အောင်နိုင်ရေးအတွက် အသင့်တော်ဆုံးကို ရွေးရတာပါ။ မပါတဲ့လူနဲ့ပတ်သက်လို့ကတော့ ကိုယ်ကိုယ်တိုင်ရဲ့ခံစားချက်ရော ပတ်ဝန်းကျင်ရဲ့လှုံ့ဆော်ချက်အရရော ဖြစ်မှာပဲခင်ဗျ၊ အဓိကကတော့ ကိုယ်ပါဖို့၊မပါဖို့ထက် ပါတီအောင်နိုင်ရေးက ပိုအရေးကြီးပါတယ်၊ အောင်နိုင်ရေးအတွက် အားစိုက်လုပ်နေတဲ့သူဆိုရင် နောင်တချိန် ကြားဖြတ်ရွေးကောက်ပွဲတွေ ရွေးကောက်ပွဲနဲ့မဆိုင်တဲ့ တခြားတာဝန်ပေးစရာတွေကို ဦးစားပေးစဉ်းစားသွားမှာ”လို့ ပြောပါတယ်။

အခုလို NLDရွေးကောက်ခံကိုယ်စားလှယ်တွေရွေးချယ်ရေးကိစ္စနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း၊ကျောက်ဆည်မြို့ဒေသခံတစ်ဦးပြောတာက”ကျောက်ဆည်မြို့မှာရွေးတဲ့ ၄ယောက်ထဲမှာ မြို့မိမြို့ဖရွေးတဲ့လူဟာ တစ်ယောက်ထဲပဲပါတဲ့အတွက် မကျေမနပ်ဖြစ်နေကြပါတယ်။ ကျွန်တော်တို့မကျေနပ်ချက်တွေကို တိုင်းနဲ့ဗဟိုကိုတင်ရင်လည်း ထူးမှာမဟုတ်ပါဘူးဗျာ၊ တိုင်းဥက္ကဌကလည်း ဗဟိုကော်မတီဝင်ဆိုတော့ တိုင်လည်းမထူးပါဘူး၊ ၂၀၁၅တုန်းကလည်း ဒီလိုကွန်ပလိန်းလုပ်ပါတယ်၊ ထူးခြားမလာပါဘူး၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့သြဇာက သိပ်ကြီးတယ်၊ NLDကိုပဲ မဲပေးကြမှာပါ။”လို့ ပြောပါတယ်။

မဟာအောင်မြေမြို့နယ်ဒေသခံတစ်ဦးကလည်း “တိုင်လို့ရတယ်ဆိုတာက ခင်ဗျားမေးမှပဲ သိတော့တယ်၊ ဒါပေမယ့် တိုင်းကနေ ဗဟိုကိုတိုင်ရမယ်ဆိုတော့ ကုလားကြီးနဲ့ အရာကြီး ဘာထူးမှာလဲ၊ ခုရွေးချယ်လိုက်တဲ့စနစ်ကတော့ ကိုယ့်ဒေသခံမဟုတ်တဲ့လူတစ်ယောက်ကို ရွှေးလိုက်တာကတော့ တော်တော်စိတ်ပျက်စရာကောင်းပါတယ်”လို့ ပြောပါတယ်။

NLDပါတီရဲ့ဗဟိုကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ်စားလှယ်ရွေးချယ်ရာမှာ သစ္စာရှိမှုနဲ့ အတွေ့အကြုံရှိမှုကို အဓိကထားပါတယ်။ ကျွန်မတို့အဖွဲ့ချုပ်ရဲ့သမိုင်းအရ ၊ အဖွဲ့ချုပ်ရဲ့အတွေ့အကြုံအရ အရေးကြီးတယ်ဆိုတာကို သေသေချာချာသိရလို့ပါလို့လည်း ပြောဆိုထားတာဖြစ်ပါတယ်။

၂၀၁၅ရွေးကောက်ပွဲတုန်းကလည်း အခုလိုကိုယ်စားလှယ်လောင်းရွေးချယ်တာနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေကို တခြားမြို့နယ်တွေကနေ ပါတီဝင်တွေက ဗဟိုအဆင့်ကို သွားရောက်တိုင်ကြားခဲ့ပါတယ်။ဒါပေမယ့် ဗဟိုကဖြေရှင်းမပေးတာကြောင့် ဆန္ဒပြပွဲတွေဖြစ်ပေါ်ရာမှာတော့ ဆန္ဒပြတဲ့သူတွေကို ပါတီကထုတ်ပယ်ခံရတဲ့ ဥပမာတွေရှိခဲ့ဖူးပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ေ႐ြးခ်ယ္ထားတဲ့ ကိုယ္စားလွယ္ေလာင္းေတြကို မသင့္ေတာ္ဘူးလုိ႔ယူဆရင္ အေထာက္အထားနဲ႔ကန႔္ကြက္ႏိုင္တယ္

မႏၱေလး၊ ဇူလုိင္ – ၂၄ – ၂၀၂၀
VOICEOFMYANMAR

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေန မေန႔က ထုတ္ျပန္လိုက္တဲ့ ကိုယ္စားလွယ္ေလာင္းအျဖစ္ ေ႐ြးခ်ယ္ျခင္းခံထားရတဲ့ ပုဂၢိဳလ္မ်ားစာရင္းမွာ ပါတီရဲ႕မႈဝါဒနဲ႔ မကိုက္ညီတဲ့ ေဒသခံေတြ လက္မခံႏိုင္တဲ့သူေတြပါရင္ အေထာက္အထားနဲ႔ အခ်ိန္မွီ တင္ျပတုိင္ၾကားႏုိင္တယ္လုိ႔ NLD ဗဟုိေအာင္ႏုိင္ေရးအဖြဲ႕က ေျပာပါတယ္။

NLD ဗဟုိေအာင္ႏုိင္ေရး ေျပာေရးဆိုခြင္႔ရိွသူ ေဒါက္တာမ်ိဳးညြန္႔ေျပာျပတာက”အခ်ိန္မီတင္ျပလာမယ္ ၊တင္ျပမယ့္အေထာက္အထားေတြက ခိုင္လံုတယ္ဆိုရင္ေတာ့ အေျပာင္းအလဲလုပ္ဖို႔ စဥ္းစားမွာေပါ့ ။ ရက္နဲ႔ေတာ့ေျပာလုိ႔မရဘူး၊ ေထာက္ခံစာေတြပို႔ၿပီးၿပီ၊ အျမန္ဆံုးေတာ့ ကန္႔ကြက္ဖုိ႔ိုလိုတာေပါ့၊ ၿမိဳ႕မိၿမိဳ႕ဖကေရြးခ်ယ္ခဲ့ၿပီး တုိင္းကေရြးခြင့္မရိွဘူးဆုိတာ မဟုတ္ဘူးေလ၊ တိုင္းနဲ႔ျပည္နယ္ကို မစဥ္းစားလုိ႔မရဘူး၊ ကၽြန္ေတာ္တို႔က အကုန္လံုးကို ခ်ံုဳၿပီးစဥ္းစားရပါတယ္။ ေအာင္ႏိုင္ေရးအတြက္ အသင့္ေတာ္ဆံုးကို ေရြးရတာပါ။ မပါတဲ့လူနဲ႔ပတ္သက္လို႔ကေတာ့ ကိုယ္ကိုယ္တုိင္ရဲ႕ခံစားခ်က္ေရာ ပတ္ဝန္းက်င္ရဲ႕လံႈ႔ေဆာ္ခ်က္အရေရာ ျဖစ္မွာပဲခင္ဗ်၊ အဓိကကေတာ့ ကိုယ္ပါဖို႔၊မပါဖုိ႔ထက္ ပါတီေအာင္ႏုိင္ေရးက ပိုအေရးႀကီးပါတယ္၊ ေအာင္ႏုိင္ေရးအတြက္ အားစိုက္လုပ္ေနတဲ့သူဆိုရင္ ေနာင္တခ်ိန္ ၾကားျဖတ္ေရြးေကာက္ပြဲေတြ ေရြးေကာက္ပြဲနဲ႔မဆိုင္တဲ့ တျခားတာဝန္ေပးစရာေတြကို ဦးစားေပးစဥ္းစားသြားမွာ”လို႔ ေျပာပါတယ္။

အခုလုိ NLDေရြးေကာက္ခံကိုယ္စားလွယ္ေတြေရြးခ်ယ္ေရးကိစၥနဲ႔ ပတ္သက္ၿပီး မႏၱေလးတုိုင္း၊ေက်ာက္ဆည္ၿမိဳ႕ေဒသခံတစ္ဦးေျပာတာက”ေက်ာက္ဆည္ၿမိဳ႕မွာေရြးတဲ့ ၄ေယာက္ထဲမွာ ၿမိဳ႕မိၿမိဳ႕ဖေရြးတဲ့လူဟာ တစ္ေယာက္ထဲပဲပါတဲ့အတြက္ မေက်မနပ္ျဖစ္ေနၾကပါတယ္။ ကၽြန္ေတာ္တုိ႔မေက်နပ္ခ်က္ေတြကို တိုင္းနဲ႔ဗဟိုကိုတင္ရင္လည္း ထူးမွာမဟုတ္ပါဘူးဗ်ာ၊ တုိင္းဥကၠဌကလည္း ဗဟိုေကာ္မတီဝင္ဆိုေတာ့ တုိင္လည္းမထူးပါဘူး၊ ၂၀၁၅တုန္းကလည္း ဒီလိုကြန္ပလိန္းလုပ္ပါတယ္၊ ထူးျခားမလာပါဘူး၊ ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ၾသဇာက သိပ္ႀကီးတယ္၊ NLDကိုပဲ မဲေပးၾကမွာပါ။”လုိ႔ ေျပာပါတယ္။

မဟာေအာင္ေျမၿမိဳ႕နယ္ေဒသခံတစ္ဦးကလည္း “တုိင္လို႔ရတယ္ဆိုတာက ခင္ဗ်ားေမးမွပဲ သိေတာ့တယ္၊ ဒါေပမယ့္ တုိင္းကေန ဗဟိုကိုတုိင္ရမယ္ဆုိေတာ့ ကုလားႀကီးနဲ႔ အရာႀကီး ဘာထူးမွာလဲ၊ ခုေရြးခ်ယ္လုိက္တဲ့စနစ္ကေတာ့ ကိုယ့္ေဒသခံမဟုတ္တဲ့လူတစ္ေယာက္ကို ေရႊးလုိက္တာကေတာ့ ေတာ္ေတာ္စိတ္ပ်က္စရာေကာင္းပါတယ္”လို႔ ေျပာပါတယ္။

NLDပါတီရဲ႕ဗဟိုေကာ္မတီဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ကိုယ္စားလွယ္ေရြးခ်ယ္ရာမွာ သစၥာရွိမႈနဲ႔ အေတြ႕အႀကံဳရွိမႈကို အဓိကထားပါတယ္။ ကၽြန္မတို႔အဖြဲ႔ခ်ဳပ္ရဲ႕သမိုင္းအရ ၊ အဖြဲ႕ခ်ဳပ္ရဲ႕အေတြ႔အႀကံဳအရ အေရးႀကီးတယ္ဆိုတာကို ေသေသခ်ာခ်ာသိရလို႔ပါလို႔လည္း ေျပာဆုိထားတာျဖစ္ပါတယ္။

၂၀၁၅ေရြးေကာက္ပြဲတုန္းကလည္း အခုလိုကိုယ္စားလွယ္ေလာင္းေရြးခ်ယ္တာနဲ႔ပတ္သက္ၿပီး မေက်နပ္ခ်က္ေတြကို တျခားၿမိဳ႕နယ္ေတြကေန ပါတီဝင္ေတြက ဗဟိုအဆင့္ကို သြားေရာက္တုိင္ၾကားခဲ့ပါတယ္။ဒါေပမယ့္ ဗဟိုကေျဖရွင္းမေပးတာေၾကာင့္ ဆႏၵျပပြဲေတြျဖစ္ေပၚရာမွာေတာ့ ဆႏၵျပတဲ့သူေတြကို ပါတိီကထုတ္ပယ္ခံရတဲ့ ဥပမာေတြရိွခဲ့ဖူးပါတယ္။

#voiceofmyanmar #VOM #မႏၱေလး

Related posts

Leave a Comment

VOM News

FREE
VIEW