နမ့်စန်မြို့ ပြည်ထောင်စုလမ်းမကြီးမှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

နမ့်စန်မြို့ ပြည်ထောင်စုလမ်းမကြီးမှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

နေပြည်တော်၊ဇူလိုင် ၂၄-၂၀၂၀
ကောင်းလက်ျာ(VOM)

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ နယ်၊ ကုန်းဘုတ်ကျေးရွာလမ်းခွဲအနီး ပြည်ထောင်စုလမ်းမကြီးမှာ မနေ့ဇူလိုင်၂၃ရက်ညပိုင်းက အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့အနေထားနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့ရတယ်လို့ နမ်စန်မြို့နယ် NLD ပါတီဥက္ကဌ ဦးနေဇော်နိုင်ကပြောပြပါတယ်။

“ထိုင်းကပြန်လာတာ သိပ်မကြာသေးဘူးလို့သိရတယ်။ ဒေသခံမဟုတ်ဘဲ လာလည်တာလို့ ကြားရတယ်၊ အမည်ကမနန်းဖွန်ပါ”လို့ ဦးနေဇော်နိုင်ကပြောပါတယ်။

အခုလို သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ကိစ္စကို စုံစမ်းနေဆဲဖြစ်တဲ့အတွက် အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ပေးလို့မရသေးကြောင်း နမ့်စန်မြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး စိုးမိုးထွန်းကပြောပါတယ်။

အမှုနှင့်ပတ်သက်ပြီး နမ့်စန်မြို့မရဲစခန်းမှာ လူသတ်မှုနဲ့အမှုဖွင့်စစ်ဆေးနေကာ အခုနှစ် ဇန်နဝါရီလကလည်း နမ့်စန်မြို့မှာ ဆိုင်ကယ်နဲ့မောင်းနင်လာသူ(၂)ဦးက သေနတ်နဲ့အကြောင်း မဲ့ပတ်ခတ်မှု ဖြစ်ပွားခဲ့သေးတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Photo – မဲခေါင်သတင်းဌာန
#voiceofmyanmar #VOM #နမ့်စန်

Zawgyi

နမ့္စန္ၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးမွာ အမ်ိဳးသမီးတစ္ဦး ေသနတ္နဲ႔ပစ္သတ္ခံရ

ေနျပည္ေတာ္၊ဇူလိုင္ ၂၄-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ နမ့္စန္ၿမိဳ႕ နယ္၊ ကုန္းဘုတ္ေက်း႐ြာလမ္းခြဲအနီး ျပည္ေထာင္စုလမ္းမႀကီးမွာ မေန႔ဇူလုိင္၂၃ရက္ညပိုင္းက အမ်ိဳးသမီးတစ္ဦး ေသနတ္နဲ႔ပစ္သတ္ခံရတဲ့အေနထားနဲ႔ ေသဆုံးေနတာကိုေတြ႕ရွိခဲ့ရတယ္လို႔ နမ္စန္ၿမိဳ႕နယ္ NLD ပါတီဥကၠဌ ဦးေနေဇာ္ႏိုင္ကေျပာျပပါတယ္။

“ထိုင္းကျပန္လာတာ သိပ္မၾကာေသးဘူးလို႔သိရတယ္။ ေဒသခံမဟုတ္ဘဲ လာလည္တာလို႔ ၾကားရတယ္၊ အမည္ကမနန္းဖြန္ပါ”လုိ႔ ဦးေနေဇာ္ႏုိင္ကေျပာပါတယ္။

အခုလို ေသနတ္ဒဏ္ရာနဲ႔ ေသဆုံးေနတဲ့ကိစၥကို စုံစမ္းေနဆဲျဖစ္တဲ့အတြက္ အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ျပန္ေပးလို႔မရေသးေၾကာင္း နမ့္စန္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒု-ရဲမွဴး စိုးမိုးထြန္းကေျပာပါတယ္။

အမႈႏွင့္ပတ္သက္ၿပီး နမ့္စန္ၿမိဳ႕မရဲစခန္းမွာ လူသတ္မႈနဲ႔အမႈဖြင့္စစ္ေဆးေနကာ အခုႏွစ္ ဇန္နဝါရီလကလည္း နမ့္စန္ၿမိဳ႕မွာ ဆိုင္ကယ္နဲ႔ေမာင္းနင္လာသူ(၂)ဦးက ေသနတ္နဲ႔အေၾကာင္း မဲ့ပတ္ခတ္မႈ ျဖစ္ပြားခဲ့ေသးတယ္လို႔ ၿမိဳ႕ခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

Photo – မဲေခါင္သတင္းဌာန
#voiceofmyanmar #VOM #နမ့္စန္

Related posts

Leave a Comment

VOM News

FREE
VIEW