တပ်မတော်နဲ့အေအေ စစ်ရေးတင်းမာမှုမှာ အရပ်သားပြည်သူ ပိုထိခိုက်လာ

တပ်မတော်နဲ့အေအေ စစ်ရေးတင်းမာမှုမှာ အရပ်သားပြည်သူ ပိုထိခိုက်လာ

စစ်တွေ၊ ဇူလိုင် ၂၅- ၂၀၂၀

ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင် ပလက်ဝဒေသတွေမှာ တပ်မတော်နဲ့ ‌အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေကြောင့် အရပ်သားထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကနေ ယခု ၂၀၂၀ ခုနှစ်အတွင်းမှာ ပိုမိုများပြားလာပြီး နေရပ်စွန့်ခွာထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ပြည်သူလူထုတွေဟာလည်း အိုးမဲ့အိမ်မဲ့ဘဝကို ကျရောက် နေကြရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခမှာ အရပ်သားထိခိုက်ဒဏ်ရာရမှုတွေဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကနေစပြီး ၂၀၂၀ ခုနှစ် မေလထိ တစ်နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှု အရေအတွက်မှာ (၂၅၂) ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာ (၅၄၃) ဦးထိရှိနေပြီလို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေက ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ အေအေတို့ရဲ့ တိုက်ပွဲတွေကိုရပ်ပြီး ငြိမ်းချမ်းရေးရသွားမယ်ဆိုရင် ရခိုင်ကအရပ်သားပြည်သူတွေအတွက် အကောင်းဆုံးဖြစ်တယ်လို့ ပြောပါတယ်။

“ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ဩဂုဏ်လ ၁၂ ရက်နေ့မှာစပါမယ်။ မြောက်ပိုင်းအဖွဲ့တွေကတော့ လုံခြုံရေးအာမခံချက်ရှိမယ်ဆိုရင် (၂၁)ပင်လုံကို တက်ချင်တယ်ဆိုပြီး ကြေညာထားတာတော့ တွေ့ရတယ်။ လက်ရှိမှာကလည်း ရခိုင်မှာအရပ်သားထိခိုက်မှုက တိုက်ပွဲတွေရှိနေတော့ အဲဒါကို ဆွေးနွေးညှိနှိုင်းဖို့က ခက်ခဲနေတဲ့အတွက် ကျနော်တို့အားလုံးလည်း စဉ်းစားနေကြပါတယ်။ စစ်ပွဲတွေ၊ တိုက်ပွဲတွေရှိနေရင်တော့ အရပ်သားထိခိုက်မှုက ရှိတာပေါ့။ ဒါကို ဘယ်လိုလုပ်ပြီး ရှောင်နိုင်မလဲ။ အရပ်သား အပြစ်မဲ့တဲ့ ပြည်သူလူထု ဒုက္ခမရောက်အောင် စစ်ပွဲဖြစ်နေတဲ့ နှစ်ဖက်လုံးက ဒါကိုချင့်ချိန်ကြရမှာပါပဲ။ ရခိုင်မြောက်ပိုင်းက အရပ်သားတွေထိခိုက်တာလည်း ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားတွေထိခိုက်တာပါပဲ ဒါတွေက မကောင်းပါဘူး။ ပြည်သူလူထုအတွက် အခုရွေးကောက်ပွဲမတိုင်ခင်မှာ ငြိမ်းချမ်းရေးရသွားရင် ပိုကောင်းပါတယ်။”လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

တပ်မတော်နဲ့အေအေတို့ဟာ ၂၀၁၈ နှစ်ကုန်ပိုင်းကနေစပြီး ရခိုင်မြောက်ပိုင်းမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွေမှာ တိုက်ပွဲအကြိမ်ရေအများဆုံးဖြစ်ခဲ့ပြီးနောက်ပိုင်း ၂၀၁၉ နှောင်းပိုင်းကာလတွေမှာ အေအေရဲ့ စစ်ရေးလှုပ်ရှာမှုတွေဟာ ရခိုင်အလယ်ပိုင်းနဲ့ တောင်ပိုင်းအထိ ခပ်စိပ်စိပ်ရောက်ရှိလာတာကို တွေ့မြင်နေရတာလည်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်ကနေစတင်ပြီး ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေကြောင့် အစိုးရကနေ အင်တာနက်ဖြတ်တောက်လိုက်ပြီးနောက်ပိုင်းနဲ့ အေအေကို အကြမ်းဖက်အဖွဲ့ အဖြစ်သတ်မှတ်လိုက်ပြီး နောက်ပိုင်းကာလတွေမှာ တိုက်ပွဲတွေဟာ နှစ်ဆမြင့်တက်ခဲ့ကြောင်း အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်လက်ပြီး ယခု ၂၀၂၀ ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက အရပ်သားပြည်သူလူထု ဒဏ်ရာရသေဆုံးမှုမြင့်တက်ခဲ့ပြီး အရပ်သား(၃)ဦးသေဆုံးပြီး (၅) ဦးဒဏ်ရာရရှိခဲ့ကာ ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်မှာတော့ အရပ်သား (၄) ယောက်သေဆုံးပြီး (၆) ယောက်အထိ ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ နေရပ်စွန့်ခွာထွက်ပြေးပြီး စစ်ဘေးရှောင်ဘဝကိုကျရောက်သူအများဆုံးဖြစ်ကာ ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းမြို့နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွေမှာ စစ်ဘေးရှောင်ဦးရေ သောင်းချီရှိနေတဲ့အပြင် ရခိုင်နဲ့ ချင်းပြည်က နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်မှာ (၂) သိန်းကျော် ရှိနေပြီဖြစ်တယ်လို့ အရပ်ဖက်စာရင်းတွေက ဖော်ပြထားတာဖြစ်ပါတယ်။

ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေနဲ့ပတ်သက်ပြီး ချင်းပြည်နယ် အမှတ် (၁၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ပြောပြတာက” ကျနော်သိရတာကတော့ ပလက်ဝမြို့ထက်မှာ စစ်ဘေးရှောင်က (၅၉၀၀) လောက်ရှိတယ်။ ဆမီးမြို့ပေါ်မှာက (၃၂၀၀) ကျော်ရှိတယ်။ အခုနောက်ပိုင်းမှာတော့ အရပ်သားထိခိုက်တာတွေမရှိတော့ပါဘူး။ အရင်ကတော့ ရှိခဲ့ပါတယ်။ အခု ပလက်ဝဖက်မှာ ဒေသအခြေအနေတွေက ကောင်းတယ်လို့ သတင်းရပါတယ်။ အခုရက်ပိုင်းတော့ တိုက်ပွဲဖြစ်တဲ့သတင်းက မကြားမိဘူး။”လို့ ပြောပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက တပ်မတော်နဲ့အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေကို လျော့ချပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့၊ အဲ့ဒီနှစ်ဖွဲ့ကြားက တိုက်ပွဲတွေကိုရပ်တန့်ပြီး စားပွဲပေါ်မှာ ဆွေးနွေးအဖြေရှာကြဖို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြတောင်းဆို နေကြတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဟာ စိုက်ပျိုးရေးကို အဓိကအားကိုးအားထားပြုရတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ပြည်နယ်မြောက်ဖက်ပိုင်းက စစ်မက်ဖြစ်ပွားတဲ့နေရာတွေမှာ အဓိကအသက်သွေးကြောဖြစ်တဲ့ ဆန်စပါးစိုက်ပျိုးရေးကတော့ အကျပ်အတည်း အခက်အခဲတွေနဲ့အတူ ရပ်ဆိုင်းနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ တပ်မတော်ကနေ ကျေးရွာပေါင်း(၄၂) ရွာရှိတဲ့ ကျောက်တန်းတိုက်နယ်တစ်ဝိုက်ကို စစ်ဆင်ရေးလုပ်နေတာကြောင့် အဲ့ဒီပတ်ဝန်းကျင်က ဒေသခံ သောင်းနဲ့ချီပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ စစ်တွေနဲ့ အခြားမြို့နယ်တွေကို ထွက်ပြေးပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ ကိုဘက္ကာကလည်း ပြည်သူလူထုအကျိုးအတွက် မြောက်ပိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးအတွက် အစိုးရ(NRPC)နဲ့ နိုင်ငံရေးဆွေနွေးပွဲတွေလုပ်စေလိုကြောင်း ထုတ်ပြန်တာဟာ ရခိုင်ပြည်သူလူထုအတွက် ကောင်းမွန်ကြောင်းနဲ့ ငြိမ်းချမ်းရေးရသွားရင် ပြည်သူလူထုအားလုံးငြိမ်းချမ်းသွားမယ်လို့ ပြောပါတယ်။

သူပြောတာက” မဟာမိတ်သုံးဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို သူတို့လည်းတက်ရောက်နိုင်ဖို့အတွက် လုပ်စေချင်တာကို ထုတ်ပြန်ချက်ထုတ်တာကိုလည်း ကျနော်တို့မြင်လိုက်ပါတယ်။ အဲ့ဒီအတွက် ကျနော်တို့လည်း ဝမ်းသာပါတယ်။ ငြိမ်းချမ်းရေးရသွားရင် အားလုံးငြိမ်းချမ်းသွားမှာပေါ့လေ၊ အေအေအနေနဲ့လည်း သူတို့လိုချင်တဲ့အရာကို စားပွဲပေါ်မှာ ဆွေးနွေးပြီးရသွားရင်တော့ ပိုပြီးကောင်းတာပေါ့ အသက်တွေမပေးဆပ်ရတော့ဘူး။ တပ်မတော်နဲ့ အေအေတိုက်ပွဲဖြစ်ရင် လက်နက်ကြီးတွေနဲ့ ပစ်ကြတယ်။ တပ်မတော်က လက်နက်ကြီးတွေပစ်ရင် ပစ်မှတ်ချော်သွားပြီး ကျေးရွာတွေမှာကျတယ်။ အိမ်တွေမီးလောင်တယ်။ လူတွေသေတယ်။ မြေမြုပ်မိုင်းတွေဆိုရင်လည်း သူတို့မှာ ဗျူဟာအရ ထောင်ခဲ့ကြတယ်။ အရပ်သားပြည်သူတွေ နွားကျောင်းဖို့သွားရင် နင်းမိတော့ သေကြတယ်။ တပ်မတော်နဲ့ အေအေသာ ငြိမ်းချမ်းရေးယူလိုက်မယ်ဆိုရင် ပြည်သူတွေအနေနဲ့လည်း ဝမ်းသာကြမယ်။ ” လို့ ငြိမ်းချမ်းရေးအတွက်ရှေ့ရှုပြီး ပြောပါတယ်။

အခုလ ဇူလိုင် ၁၆ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာတော့ ကျောက်တန်းတိုက်နယ်တစ်ဝိုက်ကို စစ်ဆင်ရေးလုပ်တာဟာ အဲ့ဒီဒေသမှာ အေအေအဖွဲ့ဝင်တွေရှိတာနဲ့ အဲ့ဒီဒေသက ရွာသူ၊ ရွာသားတွေကို ကယ်တင်ဖို့အတွက် စစ်ဆင်ရေးလုပ်ရတာလို့ ပါဝင်ပါတယ်။

အခု ဇူလိုင် ၂၁ ရက်နေ့က အေအေအပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေက အစိုးရ(NRPC) နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို အမြန်ဆုံး စတင်စေချင်ကြောင်း သဘောထားထုတ်ပြန်ချက်တစ်စောင် ထွက်ပေါ်ခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် လက္ခဏာကောင်းဖြစ်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

“ ၂၁ ရာစု ပင်လုံမှာ မြောက်ပိုင်းအဖွဲ့တွေက NCA မထိုးထားတဲ့အတွက် နိုင်ငံရေးဆွေးနွေးမှုမရှိဘူး။ မြောက်ပိုင်းအဖွဲ့တွေက ၂၁ ရာစုပင်လုံကို တက်သည်၊မတက်သည်ကတော့ နိုင်ငံရေးဆွေးနွေးမှုတွေက သိပ်မထူးဘူးပေါ့၊ ဒါပေမယ့်လည်း ဆွေးနွေးပွဲလာတက်ရင်းနဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ NRPC ကြားမှာ ဆက်လက်ညှိနှိုင်းဖို့အတွက် ဆွေးနွေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ပါတယ်။”လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောထားပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ NRPC နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်စေလိုကြောင်း ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး တပ်မတော်ဖက်က ပြောစရာမရှိကြောင်း တုန့်ပြန်ထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီကတော့” အဲ့ဒီ မြောက်ပိုင်းအဖွဲ့တွေနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ်ပြောထားပြီးဖြစ်ပါတယ်။ ကျနော်တို့ တပ်မတော်အနေနဲ့ ပြောစရာမရှိပါဘူး။” လို့ ပြောပါတယ်။

လာမယ့် ၂၁ ရာစု ပင်လုံမှာ မြောက်ပိုင်းအဖွဲ့တွေကို ဖိတ်ပြီးတော့ ငြိမ်းချမ်းရေးလမ်းကြောင်းကို လျှောက်သွားနိုင်မယ်ဆိုရင်တော့ တိုက်ပွဲတွေ အရှိုန်လျော့ဆင်းသွားမယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်ပြောပါတယ်။

ရခိုင်ပြည်သူလူထုရဲ့ ထိခိုက်နစ်နာမှုကို လျော့ချနိုင်ဖို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းပြောတာကတော့” ငြိမ်းချမ်းရေးက ပထမပါ။ ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်မယ်ဆိုရင်တော့ စစ်ဘေးဒုက္ခသည်တွေနဲ့ ပြည်သူလူထုအတွက်လည်း စိတ်ချမ်သာမယ့် အခြေအနေတစ်ခုကို ရောက်လာမှာ ဖြစ်ပါတယ်။ တိုက်ပွဲတွေမလျော့ချနိုင်ဘူး၊ ငြိမ်းချမ်းရေးမဆွေးနွေး နိုင်ဘူးဆိုရင်တော့ ဒီထက်ပိုပြီး ဒုက္ခတွေရောက်ပြီး ဆိုးဆိုးဝါးဝါး ပြဿနာတွေဖြစ်လာနိုင်တယ်လို့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဖက်က မြင်ပါတယ်။” လို့ သုံးသပ်ပါတယ်။

အေအေအပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်ကြား ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း (၆) ကြိမ်တွေ့ဆုံခဲ့ပြီး အခုနှစ် ၂၀၂၀ မှာတော့ တွေ့ဆုံမှုတွေမရှိတာကိုတွေရကြောင်းနဲ့ တွေ့ဆုံမယ့် နေရာညှိနှိုင်းမရတာကြောင့် ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ရခိုင်မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသတွေမှာ အရပ်သားထိခိုက်ဒဏ်ရာရသေဆုံးမှု ရာနဲ့ချီရှိနေပြီး စစ်ဘေးရှောင်အရေအတွက် (၂) သိန်းကျော်ရှိရာ ဒီအခြေအနေတွေကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ အေအေတို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲ အခြေအနေပေါ်မှာစောင့်ကြည့် သွားရမှာပဲဖြစ်ပါတယ်။

ဆက်လက်ပြီး တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေကြောင့် အရပ်သားထိခိုက်မှုပိုများလာတာကို လက်ရှိအာဏာရ(NLD) အစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ်ဆောင်ရွက်သွားမလဲဆိုတာကို လာမယ့် (၂၁) ရာစုပင်လုံမှာ စောင့်မျှော်ရမှာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင်

Zawgyi

တပ္မေတာ္နဲ႔ေအေအ စစ္ေရးတင္းမာမႈမွာ အရပ္သားျပည္သူ ပိုထိခိုက္လာ

စစ္ေတြ၊ ဇူလိုင္ ၂၅- ၂၀၂၀

ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္ ပလက္ဝေဒသေတြမွာ တပ္မေတာ္နဲ႔ ‌ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြေၾကာင့္ အရပ္သားထိခိုက္ဒဏ္ရာရ ေသဆုံးမႈေတြဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ကေန ယခု ၂၀၂၀ ခုႏွစ္အတြင္းမွာ ပိုမိုမ်ားျပားလာၿပီး ေနရပ္စြန႔္ခြာထြက္ေျပးရတဲ့ သိန္းနဲ႔ခ်ီတဲ့ျပည္သူလူထုေတြဟာလည္း အိုးမဲ့အိမ္မဲ့ဘဝကို က်ေရာက္ ေနၾကရပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးပဋိပကၡမွာ အရပ္သားထိခိုက္ဒဏ္ရာရမႈေတြဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကုန္ပိုင္းကေနစၿပီး ၂၀၂၀ ခုႏွစ္ ေမလထိ တစ္ႏွစ္ေက်ာ္ကာလအတြင္း အရပ္သားေသဆုံးမႈ အေရအတြက္မွာ (၂၅၂) ဦးရွိၿပီး ထိခိုက္ဒဏ္ရာရသူ အေရအတြက္မွာ (၅၄၃) ဦးထိရွိေနၿပီလို႔ အရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ စာရင္းေတြက ေဖာ္ျပထားပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ဗဟိုျပန္ၾကားေရးေကာ္မတီအတြင္းေရးမႉး မုံ႐ြာေအာင္ရွင္ကေတာ့ ရခိုင္ျပည္နယ္အတြင္း လက္ရွိျဖစ္ပြားေနတဲ့ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ တိုက္ပြဲေတြကိုရပ္ၿပီး ၿငိမ္းခ်မ္းေရးရသြားမယ္ဆိုရင္ ရခိုင္ကအရပ္သားျပည္သူေတြအတြက္ အေကာင္းဆုံးျဖစ္တယ္လုိ႔ ေျပာပါတယ္။

“ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြက ဩဂုဏ္လ ၁၂ ရက္ေန႔မွာစပါမယ္။ ေျမာက္ပိုင္းအဖြဲ႕ေတြကေတာ့ လုံၿခဳံေရးအာမခံခ်က္ရွိမယ္ဆိုရင္ (၂၁)ပင္လုံကို တက္ခ်င္တယ္ဆိုၿပီး ေၾကညာထားတာေတာ့ ေတြ႕ရတယ္။ လက္ရွိမွာကလည္း ရခိုင္မွာအရပ္သားထိခိုက္မႈက တိုက္ပြဲေတြရွိေနေတာ့ အဲဒါကို ေဆြးေႏြးညႇိႏႈိင္းဖို႔က ခက္ခဲေနတဲ့အတြက္ က်ေနာ္တို႔အားလုံးလည္း စဥ္းစားေနၾကပါတယ္။ စစ္ပြဲေတြ၊ တိုက္ပြဲေတြရွိေနရင္ေတာ့ အရပ္သားထိခိုက္မႈက ရွိတာေပါ့။ ဒါကို ဘယ္လိုလုပ္ၿပီး ေရွာင္ႏိုင္မလဲ။ အရပ္သား အျပစ္မဲ့တဲ့ ျပည္သူလူထု ဒုကၡမေရာက္ေအာင္ စစ္ပြဲျဖစ္ေနတဲ့ ႏွစ္ဖက္လုံးက ဒါကိုခ်င့္ခ်ိန္ၾကရမွာပါပဲ။ ရခိုင္ေျမာက္ပိုင္းက အရပ္သားေတြထိခိုက္တာလည္း ကိုယ့္လူမ်ိဳး ကိုယ့္တိုင္းရင္းသားေတြထိခိုက္တာပါပဲ ဒါေတြက မေကာင္းပါဘူး။ ျပည္သူလူထုအတြက္ အခုေ႐ြးေကာက္ပြဲမတိုင္ခင္မွာ ၿငိမ္းခ်မ္းေရးရသြားရင္ ပိုေကာင္းပါတယ္။”လို႔ မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။

တပ္မေတာ္နဲ႔ေအေအတို႔ဟာ ၂၀၁၈ ႏွစ္ကုန္ပိုင္းကေနစၿပီး ရခိုင္ေျမာက္ပိုင္းၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝေဒသေတြမွာ တိုက္ပြဲအႀကိမ္ေရအမ်ားဆုံးျဖစ္ခဲ့ၿပီးေနာက္ပိုင္း ၂၀၁၉ ေႏွာင္းပိုင္းကာလေတြမွာ ေအေအရဲ႕ စစ္ေရးလႈပ္ရွာမႈေတြဟာ ရခိုင္အလယ္ပိုင္းနဲ႔ ေတာင္ပိုင္းအထိ ခပ္စိပ္စိပ္ေရာက္ရွိလာတာကုိ ေတြ႕ျမင္ေနရတာလည္း ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္၊ ဇြန္လ ၂၁ ရက္ကေနစတင္ၿပီး ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္းမွာ စစ္ေရးတင္းမာမႈေတြေၾကာင့္ အစိုးရကေန အင္တာနက္ျဖတ္ေတာက္လိုက္ၿပီးေနာက္ပိုင္းနဲ႔ ေအေအကို အၾကမ္းဖက္အဖြဲ႕ အျဖစ္သတ္မွတ္လိုက္ၿပီး ေနာက္ပိုင္းကာလေတြမွာ တိုက္ပြဲေတြဟာ ႏွစ္ဆျမင့္တက္ခဲ့ေၾကာင္း အရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဆက္လက္ၿပီး ယခု ၂၀၂၀ ခုႏွစ္ ဇူလိုင္လ ဒုတိယပတ္အတြင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းက အရပ္သားျပည္သူလူထု ဒဏ္ရာရေသဆုံးမႈျမင့္တက္ခဲ့ၿပီး အရပ္သား(၃)ဦးေသဆံုးၿပီး (၅) ဦးဒဏ္ရာရရွိခဲ့ကာ ၿပီးခဲ့တဲ့ ဇြန္လေနာက္ဆုံးအပတ္မွာေတာ့ အရပ္သား (၄) ေယာက္ေသဆံုးၿပီး (၆) ေယာက္အထိ ဒဏ္ရာရရွိခဲ့တယ္လုိ႔ ေဖာ္ျပထားတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ရေသ့ေတာင္၊ ဘူးသီးေတာင္၊ စစ္ေတြ၊ ပုဏၰားကြၽန္း၊ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ မင္းျပားနဲ႔ ေျမပုံၿမိဳ႕နယ္ေတြမွာ ေနရပ္စြန႔္ခြာထြက္ေျပးၿပီး စစ္ေဘးေရွာင္ဘဝကိုက်ေရာက္သူအမ်ားဆုံးျဖစ္ကာ ရခိုင္ျပည္နယ္အလယ္ပိုင္း အမ္းၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္ေတြမွာ စစ္ေဘးေရွာင္ဦးေရ ေသာင္းခ်ီရွိေနတဲ့အျပင္ ရခိုင္နဲ႔ ခ်င္းျပည္က ေနရပ္စြန႔္ခြာထြက္ေျပးရသူအေရအတြက္မွာ (၂) သိန္းေက်ာ္ ရွိေနၿပီျဖစ္တယ္လို႔ အရပ္ဖက္စာရင္းေတြက ေဖာ္ျပထားတာျဖစ္ပါတယ္။

ပလက္ဝၿမိဳ႕နယ္က စစ္ေဘးေရွာင္ေတြနဲ႔ပတ္သက္ၿပီး ခ်င္းျပည္နယ္ အမွတ္ (၁၂) အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဆလိုင္းမ်ိဳးထိုက္ေျပာျပတာက” က်ေနာ္သိရတာကေတာ့ ပလက္ဝၿမိဳ႕ထက္မွာ စစ္ေဘးေရွာင္က (၅၉၀၀) ေလာက္ရွိတယ္။ ဆမီးၿမိဳ႕ေပၚမွာက (၃၂၀၀) ေက်ာ္ရွိတယ္။ အခုေနာက္ပိုင္းမွာေတာ့ အရပ္သားထိခိုက္တာေတြမရွိေတာ့ပါဘူး။ အရင္ကေတာ့ ရွိခဲ့ပါတယ္။ အခု ပလက္ဝဖက္မွာ ေဒသအေျခအေနေတြက ေကာင္းတယ္လို႔ သတင္းရပါတယ္။ အခုရက္ပိုင္းေတာ့ တိုက္ပြဲျဖစ္တဲ့သတင္းက မၾကားမိဘူး။”လို႔ ေျပာပါတယ္။

ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္းက တပ္မေတာ္နဲ႔ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြကို ေလ်ာ့ခ်ၿပီး ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းနဲ႔ ေျဖရွင္းၾကဖို႔၊ အဲ့ဒီႏွစ္ဖြဲ႕ၾကားက တိုက္ပြဲေတြကိုရပ္တန႔္ၿပီး စားပြဲေပၚမွာ ေဆြးေႏြးအေျဖရွာၾကဖို႔ ရခိုင္အရပ္ဖက္အဖြဲ႕အစည္းေတြက ေထာက္ျပေတာင္းဆို ေနၾကတာလည္း ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ဟာ စိုက္ပ်ိဳးေရးကို အဓိကအားကိုးအားထားျပဳရတဲ့ ျပည္နယ္တစ္ခုျဖစ္ၿပီး ျပည္နယ္ေျမာက္ဖက္ပိုင္းက စစ္မက္ျဖစ္ပြားတဲ့ေနရာေတြမွာ အဓိကအသက္ေသြးေၾကာျဖစ္တဲ့ ဆန္စပါးစိုက္ပ်ိဳးေရးကေတာ့ အက်ပ္အတည္း အခက္အခဲေတြနဲ႔အတူ ရပ္ဆိုင္းေနတာလည္း ျဖစ္ပါတယ္။

လက္ရွိမွာ တပ္မေတာ္ကေန ေက်း႐ြာေပါင္း(၄၂) ႐ြာရွိတဲ့ ေက်ာက္တန္းတိုက္နယ္တစ္ဝိုက္ကို စစ္ဆင္ေရးလုပ္ေနတာေၾကာင့္ အဲ့ဒီပတ္ဝန္းက်င္က ေဒသခံ ေသာင္းနဲ႔ခ်ီၿပီး ရေသ့ေတာင္၊ ဘူးသီးေတာင္၊ စစ္ေတြနဲ႔ အျခားၿမိဳ႕နယ္ေတြကို ထြက္ေျပးၿပီး စစ္ေဘးေရွာင္စခန္းေတြမွာ ခိုလံႈေနၾကရပါတယ္။

ရခိုင္ျပည္နယ္အတြင္းက စစ္ေဘးေရွာင္ေတြကိုကူညီေပးေနတဲ့ ကိုဘကၠာကလည္း ျပည္သူလူထုအက်ိဳးအတြက္ ေျမာက္ပိုင္အဖြဲ႕ေတြရဲ႕ ၿငိမ္းခ်မ္းေရးအတြက္ အစိုးရ(NRPC)နဲ႔ ႏိုင္ငံေရးေဆြေႏြးပြဲေတြလုပ္ေစလိုေၾကာင္း ထုတ္ျပန္တာဟာ ရခိုင္ျပည္သူလူထုအတြက္ ေကာင္းမြန္ေၾကာင္းနဲ႔ ၿငိမ္းခ်မ္းေရးရသြားရင္ ျပည္သူလူထုအားလုံးၿငိမ္းခ်မ္းသြားမယ္လို႔ ေျပာပါတယ္။

သူေျပာတာက” မဟာမိတ္သုံးဖြဲ႕က ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို သူတို႔လည္းတက္ေရာက္ႏိုင္ဖို႔အတြက္ လုပ္ေစခ်င္တာကို ထုတ္ျပန္ခ်က္ထုတ္တာကိုလည္း က်ေနာ္တို႔ျမင္လိုက္ပါတယ္။ အဲ့ဒီအတြက္ က်ေနာ္တို႔လည္း ဝမ္းသာပါတယ္။ ၿငိမ္းခ်မ္းေရးရသြားရင္ အားလုံးၿငိမ္းခ်မ္းသြားမွာေပါ့ေလ၊ ေအေအအေနနဲ႔လည္း သူတို႔လိုခ်င္တဲ့အရာကို စားပြဲေပၚမွာ ေဆြးေႏြးၿပီးရသြားရင္ေတာ့ ပိုၿပီးေကာင္းတာေပါ့ အသက္ေတြမေပးဆပ္ရေတာ့ဘူး။ တပ္မေတာ္နဲ႔ ေအေအတိုက္ပြဲျဖစ္ရင္ လက္နက္ႀကီးေတြနဲ႔ ပစ္ၾကတယ္။ တပ္မေတာ္က လက္နက္ႀကီးေတြပစ္ရင္ ပစ္မွတ္ေခ်ာ္သြားၿပီး ေက်း႐ြာေတြမွာက်တယ္။ အိမ္ေတြမီးေလာင္တယ္။ လူေတြေသတယ္။ ေျမျမဳပ္မိုင္းေတြဆိုရင္လည္း သူတို႔မွာ ဗ်ဴဟာအရ ေထာင္ခဲ့ၾကတယ္။ အရပ္သားျပည္သူေတြ ႏြားေက်ာင္းဖို႔သြားရင္ နင္းမိေတာ့ ေသၾကတယ္။ တပ္မေတာ္နဲ႔ ေအေအသာ ၿငိမ္းခ်မ္းေရးယူလိုက္မယ္ဆိုရင္ ျပည္သူေတြအေနနဲ႔လည္း ဝမ္းသာၾကမယ္။ ” လို႔ ၿငိမ္းခ်မ္းေရးအတြက္ေရွ႕ရႈၿပီး ေျပာပါတယ္။

အခုလ ဇူလိုင္ ၁၆ ရက္ေန႔ရက္စြဲနဲ႔ ထုတ္ျပန္ထားတဲ့ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္တစ္ခုမွာေတာ့ ေက်ာက္တန္းတိုက္နယ္တစ္ဝိုက္ကို စစ္ဆင္ေရးလုပ္တာဟာ အဲ့ဒီေဒသမွာ ေအေအအဖြဲ႕ဝင္ေတြရွိတာနဲ႔ အဲ့ဒီေဒသက ႐ြာသူ၊ ႐ြာသားေတြကို ကယ္တင္ဖို႔အတြက္ စစ္ဆင္ေရးလုပ္ရတာလို႔ ပါဝင္ပါတယ္။

အခု ဇူလိုင္ ၂၁ ရက္ေန႔က ေအေအအပါအဝင္ ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႕ေတြက အစိုးရ(NRPC) နဲ႔ ႏိုင္ငံေရးေဆြးေႏြးပြဲေတြကို အျမန္ဆုံး စတင္ေစခ်င္ေၾကာင္း သေဘာထားထုတ္ျပန္ခ်က္တစ္ေစာင္ ထြက္ေပၚခဲ့ၿပီး အဲ့ဒီထုတ္ျပန္ခ်က္အေပၚ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြအတြက္ လကၡဏာေကာင္းျဖစ္တယ္လို႔ သုံးသပ္ေျပာဆိုၾကပါတယ္။

“ ၂၁ ရာစု ပင္လုံမွာ ေျမာက္ပိုင္းအဖြဲ႕ေတြက NCA မထိုးထားတဲ့အတြက္ ႏိုင္ငံေရးေဆြးေႏြးမႈမရွိဘူး။ ေျမာက္ပိုင္းအဖြဲ႕ေတြက ၂၁ ရာစုပင္လုံကို တက္သည္၊မတက္သည္ကေတာ့ ႏိုင္ငံေရးေဆြးေႏြးမႈေတြက သိပ္မထူးဘူးေပါ့၊ ဒါေပမယ့္လည္း ေဆြးေႏြးပြဲလာတက္ရင္းနဲ႔ ေျမာက္ပိုင္းအဖြဲ႕ေတြနဲ႔ NRPC ၾကားမွာ ဆက္လက္ညႇိႏႈိင္းဖို႔အတြက္ ေဆြးေႏြးႏိုင္ရင္ေတာ့ အေကာင္းဆုံးျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္။”လို႔ ျမန္မာ့ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးက ေျပာထားပါတယ္။

ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြရဲ႕ NRPC နဲ႔ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ လုပ္ေစလိုေၾကာင္း ထုတ္ျပန္တာနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ဖက္က ေျပာစရာမရွိေၾကာင္း တုန႔္ျပန္ထားပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဒုတိယ ဥကၠဌ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီကေတာ့” အဲ့ဒီ ေျမာက္ပိုင္းအဖြဲ႕ေတြနဲ႔ ပတ္သက္ၿပီး အႀကိမ္ႀကိမ္ေျပာထားၿပီးျဖစ္ပါတယ္။ က်ေနာ္တို႔ တပ္မေတာ္အေနနဲ႔ ေျပာစရာမရွိပါဘူး။” လို႔ ေျပာပါတယ္။

လာမယ့္ ၂၁ ရာစု ပင္လုံမွာ ေျမာက္ပိုင္းအဖြဲ႕ေတြကို ဖိတ္ၿပီးေတာ့ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းကို ေလွ်ာက္သြားႏိုင္မယ္ဆိုရင္ေတာ့ တိုက္ပြဲေတြ အရႈိန္ေလ်ာ့ဆင္းသြားမယ္လို႔ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက သုံးသပ္ေျပာပါတယ္။

ရခိုင္ျပည္သူလူထုရဲ႕ ထိခိုက္နစ္နာမႈကို ေလ်ာ့ခ်ႏိုင္ဖို႔ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး ရခိုင္ျပည္နယ္၊ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းေျပာတာကေတာ့” ၿငိမ္းခ်မ္းေရးက ပထမပါ။ ၿငိမ္းခ်မ္းေရးကို ဦးစားေပးလုပ္ေဆာင္မယ္ဆိုရင္ေတာ့ စစ္ေဘးဒုကၡသည္ေတြနဲ႔ ျပည္သူလူထုအတြက္လည္း စိတ္ခ်မ္သာမယ့္ အေျခအေနတစ္ခုကို ေရာက္လာမွာ ျဖစ္ပါတယ္။ တိုက္ပြဲေတြမေလ်ာ့ခ်ႏိုင္ဘူး၊ ၿငိမ္းခ်မ္းေရးမေဆြးေႏြး ႏိုင္ဘူးဆိုရင္ေတာ့ ဒီထက္ပိုၿပီး ဒုကၡေတြေရာက္ၿပီး ဆိုးဆိုးဝါးဝါး ျပႆနာေတြျဖစ္လာႏိုင္တယ္လို႔ က်ေနာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဖက္က ျမင္ပါတယ္။” လို႔ သုံးသပ္ပါတယ္။

ေအေအအပါအဝင္ ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႕ေတြနဲ႔ အစိုးရ၊ တပ္မေတာ္ၾကား ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္း (၆) ႀကိမ္ေတြ႕ဆုံခဲ့ၿပီး အခုႏွစ္ ၂၀၂၀ မွာေတာ့ ေတြ႕ဆုံမႈေတြမရွိတာကိုေတြရေၾကာင္းနဲ႔ ေတြ႕ဆုံမယ့္ ေနရာညႇိႏႈိင္းမရတာေၾကာင့္ ျဖစ္တယ္လို႔ ႏိုင္ငံေရးေလ့လာသူေတြက သုံးသပ္ပါတယ္။

တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြေၾကာင့္ ရခိုင္ေျမာက္ပိုင္းေဒသနဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝေဒသေတြမွာ အရပ္သားထိခိုက္ဒဏ္ရာရေသဆုံးမႈ ရာနဲ႔ခ်ီရွိေနၿပီး စစ္ေဘးေရွာင္အေရအတြက္ (၂) သိန္းေက်ာ္ရွိရာ ဒီအေျခအေနေတြကို ႏိုင္ငံေတာ္အစိုးရ၊ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ ႏိုင္ငံေရးေဆြးေႏြးပြဲ အေျခအေနေပၚမွာေစာင့္ၾကည့္ သြားရမွာပဲျဖစ္ပါတယ္။

ဆက္လက္ၿပီး တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြေၾကာင့္ အရပ္သားထိခိုက္မႈပိုမ်ားလာတာကို လက္ရွိအာဏာရ(NLD) အစိုးရအေနနဲ႔ ဘယ္လိုကိုင္တြယ္ေဆာင္႐ြက္သြားမလဲဆိုတာကို လာမယ့္ (၂၁) ရာစုပင္လုံမွာ ေစာင့္ေမွ်ာ္ရမွာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရခုိင္

Related posts

Leave a Comment

VOM News

FREE
VIEW