ရခိုင်ပြည်ကနေ ရန်ကုန်မြို့ကိုစစ်ဘေးရှောင်လာတဲ့ မြိုတိုင်းရင်းသားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ

ရခိုင်ပြည်ကနေ ရန်ကုန်မြို့ကိုစစ်ဘေးရှောင်လာတဲ့ မြိုတိုင်းရင်းသားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ

ရန်ကုန်၊ ဇူလိုင် ၂၄-၂၀၂၀
အေးချမ်းသူ(VOM)

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် အသက်အန္တရယ်စိုးရိမ်ရတဲ့အတွက် ရန်ကုန်ကိုပြောင်းရွှေ့လာတဲ့ မြိုတိုင်းရင်းသားအိမ်ထောင်စု(၂၄၀)ကျော်ဟာ စားဝတ်နေရေး၊ ပညာရေးများအခက်အခဲရှိနေတယ်လို့ မြောက်ဦးကနေ ပြောင်းရွှေ့လာသူ ဦးဝင်းအောင်က ပြောပါတယ်။

“အခက်အခဲကတော့ အများကြီးပဲ၊ အလုပ်အကိုင်မရှိဘူး။ အလုပ်မရှိတော့ ပိုက်ဆံမရှိဘူး အလှူရှင်ကိုပဲ မျှော်နေရတယ်”လို့ ဦးဝင်းအောင်ကပြောပါတယ်။

မြိုတိုင်းရင်းသားအများစုဟာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေအမြဲဖြစ်ပွားနေတာကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် သြဂုတ်လကစပြီး မြောက်ဦး၊ ကျောက်တော်၊ အမ်း၊ ရသေ့တောင်၊ ပုဏ္ဏားန်းကျွန်း၊ ဘူးသီးတောင်၊ ပေါက်တောစတဲ့မြို့နယ်တွေက ပြောင်းရွှေ့လာတာဟာ အခုဆိုရင် အိမ်ထောင်စု ၂၄၀ကျော်နဲ့ လူဦးရေ (၉၀၀)နီးပါခန့်ရှိနေပြီလို့ ဦးဝင်းအောင်ကရှင်းပြပါတယ်။

လှည်းကူးမြို့နယ်၊ ကလီထော်အုပ်စု၊ ဝက်အင်းပေါက်ကျေးရွာအနီးက မြေကွက်ပေါ်မှာ ပိုင်ရှင်တွေဆီကနေ ပြန်လည်ဌားရမ်းပြီး စစ်ဘေးရှောင် မြိုတိုင်းရင်းတွေကနေထိုင်နေတာဖြစ်တဲ့အပြင် လက်ရှိအခြေအနေမှာ အလှူရှင်တွေကိုမျှော်ကာ စားဝတ်နေရေးဖြေရှင်းနေရတယ်လို့ သွားရောက်ကူညီပေးခဲ့သူ မြိုတက္ကသိုလ်ကျောင်းသူကျောင်းသားများအသင်း ဥက္ကဌ ကိုသိန်းအောင်က ပြောပါတယ်။

“ပထမသွားတုန်းက သူတို့ကိုမေးတယ်။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်ရင် ဘာကူညီပေးရမလဲ၊ အထည်ချုပ်စက်ရုံမှာလုပ်ချင်ရင် ကူညီပေးပါ့မယ်ပေါ့၊ ကျန်တဲ့အရပ်ဖက်အဖွဲ့အစည်းတွေလည်း ကူညီကြပါတယ်”လို့ ကိုသိန်းအောင်ကပြောပါတယ်။

လက်ရှိအခြေအနေမှာ စားဝတ်နေရေးအခက်အခဲဖြစ်နေတာကလွဲပြီး အသက်အန္တရယ် မစိုးရိမ်ရတော့ကြောင်း အမ်းမြို့နယ်ကနေ စစ်ဘေးရှောင်လာသူ မြိုတိုင်းရင်းသား ဦးခင်မောင်သန်းက ပြောပါတယ်။

“ဟိုမှာက အလုပ်အကိုင်မရှိဘူး၊ အသက်အန္တရယ်စိုးရိမ်ရတယ်။ ရန်ကုန်ရောက်လာတော့ တိုက်ပွဲသံမကြားရဘူး၊ သေနတ်သံမကြားရတော့ဘူးပေါ့၊ ရခိုင်ပြည်နယ်မှာနေရင်တော့ ဒီအသံတွေကကြားနေရမှာလေ”လို့ ဦးခင်မောင်ဝင်းကပြောပါတယ်။

လှည်းကူးမြိုနယ်၊ ကလီထော်အုပ်စု၊ ဝက်အင်းပေါက်ကျေးရွာမှာ မြိုတိုင်းရင်းသားတွေအပြင် ပလက်ဝကနေ စစ်ဘေးရှောင်လာတဲ့ ချင်တိုင်းရင်းသားအိမ်ထောင်စု(၄၉)စု၊ လူဦးရေ(၁၄၇)စုလည်း ရှိနေတယ်လို့ မြိုတက္ကသိုလ်ကျောင်းသူကျောင်းသားများအသင်းရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရခုိင္ျပည္ကေန ရန္ကုန္ၿမိဳ႕ကိုစစ္ေဘးေရွာင္လာတဲ့ ၿမိဳတိုင္းရင္းသားေတြ အခက္အခဲေတြနဲ႔ ရင္ဆုိင္ေနရ

ရန္ကုန္၊ ဇူလိုင္ ၂၄-၂၀၂၀
ေအးခ်မ္းသူ(VOM)

ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲမ်ားျဖစ္ပြားမႈေၾကာင့္ အသက္အႏၲရယ္စိုးရိမ္ရတဲ့အတြက္ ရန္ကုန္ကိုေျပာင္းေ႐ႊ႕လာတဲ့ ၿမိဳတိုင္းရင္းသားအိမ္ေထာင္စု(၂၄၀)ေက်ာ္ဟာ စားဝတ္ေနေရး၊ ပညာေရးမ်ားအခက္အခဲရွိေနတယ္လို႔ ေျမာက္ဦးကေန ေျပာင္းေရႊ႕လာသူ ဦးဝင္းေအာင္က ေျပာပါတယ္။

“အခက္အခဲကေတာ့ အမ်ားႀကီးပဲ၊ အလုပ္အကိုင္မရွိဘူး။ အလုပ္မရွိေတာ့ ပိုက္ဆံမရွိဘူး အလႉရွင္ကိုပဲ ေမွ်ာ္ေနရတယ္”လို႔ ဦးဝင္းေအာင္ကေျပာပါတယ္။

ၿမိဳတိုင္းရင္းသားအမ်ားစုဟာ ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲေတြအၿမဲျဖစ္ပြားေနတာေၾကာင့္ ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္ ၾသဂုတ္လကစၿပီး ေျမာက္ဦး၊ ေက်ာက္ေတာ္၊ အမ္း၊ ရေသ့ေတာင္၊ ပုဏၰားန္းကြၽန္း၊ ဘူးသီးေတာင္၊ ေပါက္ေတာစတဲ့ၿမိဳ႕နယ္ေတြက ေျပာင္းေ႐ႊ႕လာတာဟာ အခုဆိုရင္ အိမ္ေထာင္စု ၂၄၀ေက်ာ္နဲ႔ လူဦးေရ (၉၀၀)နီးပါခန္႔ရိွေနၿပီလုိ႔ ဦးဝင္းေအာင္ကရွင္းျပပါတယ္။

လွည္းကူးၿမိဳ႕နယ္၊ ကလီေထာ္အုပ္စု၊ ဝက္အင္းေပါက္ေက်း႐ြာအနီးက ေျမကြက္ေပၚမွာ ပိုင္ရွင္ေတြဆီကေန ျပန္လည္ဌားရမ္းၿပီး စစ္ေဘးေရွာင္ ၿမိဳတိုင္းရင္းေတြကေနထိုင္ေနတာျဖစ္တဲ့အျပင္ လက္ရွိအေျခအေနမွာ အလႉရွင္ေတြကိုေမွ်ာ္ကာ စားဝတ္ေနေရးေျဖရွင္းေနရတယ္လုိ႔ သြားေရာက္ကူညီေပးခဲ့သူ ၿမိဳတကၠသိုလ္ေက်ာင္းသူေက်ာင္းသားမ်ားအသင္း ဥကၠဌ ကိုသိန္းေအာင္က ေျပာပါတယ္။

“ပထမသြားတုန္းက သူတို႔ကိုေမးတယ္။ အလုပ္အကိုင္အခြင့္အလမ္းနဲ႔ပတ္သက္ရင္ ဘာကူညီေပးရမလဲ၊ အထည္ခ်ဳပ္စက္႐ုံမွာလုပ္ခ်င္ရင္ ကူညီေပးပါ့မယ္ေပါ့၊ က်န္တဲ့အရပ္ဖက္အဖြဲ႕အစည္းေတြလည္း ကူညီၾကပါတယ္”လို႔ ကိုသိန္းေအာင္ကေျပာပါတယ္။

လက္ရွိအေျခအေနမွာ စားဝတ္ေနေရးအခက္အခဲျဖစ္ေနတာကလြဲၿပီး အသက္အႏၲရယ္ မစိုးရိမ္ရေတာ့ေၾကာင္း အမ္းၿမိဳ႕နယ္ကေန စစ္ေဘးေရွာင္လာသူ ၿမိဳတိုင္းရင္းသား ဦးခင္ေမာင္သန္းက ေျပာပါတယ္။

“ဟိုမွာက အလုပ္အကိုင္မရွိဘူး၊ အသက္အႏၲရယ္စိုးရိမ္ရတယ္။ ရန္ကုန္ေရာက္လာေတာ့ တိုက္ပြဲသံမၾကားရဘူး၊ ေသနတ္သံမၾကားရေတာ့ဘူးေပါ့၊ ရခိုင္ျပည္နယ္မွာေနရင္ေတာ့ ဒီအသံေတြကၾကားေနရမွာေလ”လို႔ ဦးခင္ေမာင္ဝင္းကေျပာပါတယ္။

လွည္းကူးၿမိဳနယ္၊ ကလီေထာ္အုပ္စု၊ ဝက္အင္းေပါက္ေက်း႐ြာမွာ ၿမိဳတိုင္းရင္းသားေတြအျပင္ ပလက္ဝကေန စစ္ေဘးေရွာင္လာတဲ့ ခ်င္တိုင္းရင္းသားအိမ္ေထာင္စု(၄၉)စု၊ လူဦးေရ(၁၄၇)စုလည္း ရိွေနတယ္လုိ႔ ၿမိဳတကၠသိုလ္ေက်ာင္းသူေက်ာင္းသားမ်ားအသင္းရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW