စင်္ကာပူက မြန်မာလူမျိုးတွေပြုလုပ်နေတဲ့ ‘မဲပေးကြမယ်’အစီအစဉ်
စင်္ကာပူက မြန်မာလူမျိုးတွေပြုလုပ်နေတဲ့ ‘မဲပေးကြမယ်’အစီအစဉ်
ရန်ကုန်၊ ဇူလိုင် ၂၆-၂၀၂၀
အေးချမ်းသူ(VOM)
VOM – အရင်ဆုံးအစ်ကိုရဲ့နာမည်နဲ့ မဲပေးကြမယ့်အစီအစဉ်မှာ ဘာတာဝန်ယူထားလဲ ခင်ဗျ
ဖြေ။ အခုလိုပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်နာမည်က အောင်ပိုင်(ခ) Alexander Aung ဖြစ်ပါတယ်၊ ယခုလက်ရှိ စင်္ကာပူမှာ project managerအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ကျွန်တော်တာဝန်ယူထားတဲ့အပိုင်းက public relationship, media communications ဖြစ်ပါတယ်။
VOM – Webditeကို တည်ထောင်ရတဲ့ရည်ရွယ်ချက်နဲ့ ပံပိုးပေးတဲ့ အဖွဲ့အစည်းတွေကို သိပါရစေခင်ဗျ
ဖြေ။ ဒီ Covid ကာလအတွင်း အခက်အခဲအမျိုးမျိုးကြောင့် ပြည်ပရောက် မဲပေးခွင့်ရှိတဲ့ မြန်မာနိုင်ငံသားတွေ အလွယ်တကူ အချိန်ကုန်သက်သာစွာဖြင့် ပုံစံ-၁၅ကို များများတင်နိုင်ပြီ၊ မဲများများပေးနိုင်အောင် ရည်ရွယ်ခဲ့တာပါ။ ကျွန်တော်တို့အဖွဲ့က “မဲပေးကြမယ်” website ကို ဖန်တီးတဲ့အချိန်မှာ တခြားသော volunteer group တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပါတယ်။ စင်္ကာပူမှာရှိတဲ့ မြန်မာသံရုံးကလည်း ကူညီပေးပါတယ်။ အဲ့ဒီအတွက်လည်း သံရုံးကိုကျေးဇူးတင်ပါတယ်။
VOM – နိူင်ငံရပ်ခြားမှာနေတဲ့ မြန်မာနိူင်ငံသားတွေမဲပေးခွင့်နဲ့ပတ်သက်ပြီး အရင်ကရော ဆောင်ရွက်တာမျိုးရှိလား
ဖြေ။ ၂၀၁၅ မှာတုန်းက အခုလို ကိုဗစ်နှောက်ယှက်မှုတွေ မရှိဘူးဆိုတော့ လူတိုင်းဟာ အခက်အခဲမရှိ ပုံစံ-၁၅ တင်နိုင်ကြပါတယ်။ ကျွန်တော့်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ နိုင်ငံခြားရောက်နေချိန် ပထမဆုံး အတွေ့အကြုံလည်း ဖြစ်တဲ့အတွက်ကြောင့် lesson learn ကာလဖြစ်ခဲ့ရုံဖြစ်ပြီး ကူညီဆောင်ရွက်နိုင်တာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၅ တုန်းက နိုင်ငံတကာမှာရောက်နေတဲ့ နိုင်ငံသားတွေဟာ ပုံစံ-၁၅တင်မှ ကြိုတင်မဲပေးခွင့်ရမယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် မသိခဲ့ကြဘူး…
ကြိုတင်မဲပေးချိန်မှာမှ ပုံစံ-၁၅ မတင်ခဲ့မိလို့ ပုံစံ-၁၅ တင်ရာမှာ အချက်အလက် မပြည့်စုံ/ မှားယွင်းလို့ မဲစာရင်းမပါတာတွေ ဖြစ်ခဲ့ကြပြီး ဝမ်းနည်းဒေါသဖြစ်ကြ၊ သံရုံးရှေ့မှာ ငိုကြ၊ စတဲ့အဖြစ်တွေရှိခဲ့တယ်။ အခု ၂၀၂၀မှာ အဲ့ဒီလို တူညီတဲ့အမှားမျိုးတွေကို လျှော့ချနိုင်အောင်၊ ပြီးတော့ ကိုဗစ်ကြောင့် သွားရေးလာရေးခက်ခဲတဲ့ အခြေအနေမှာ ပုံစံ-၁၅ ကို လွယ်လွယ်ကူကူ အောင်မြင်စွာတင်နိုင်ကြအောင် အခုလို အကောင်အထည် ဖော်ဖြစ်ခဲ့တာပါ။
VOM – မဲပေးကြမယ်အစီအစဉ်ဟာ စင်ကာပူနိူင်ငံအတွက်ပဲလား အခြားနိူင်ငံတွေရောမပါဘူးလား
ဖြေ။ ကျွန်တော်တို့ အဖွဲ့ ဆန္ဒအရကတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတိုင်းအတွက် လုပ်ပေးချင်ပေမယ့် အခုထိတော့ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ကိုရီးယား၊ ဂျပန် ၊ဩစတေးလျ နဲ့ နောက်ထပ်တိုး နိုင်ငံတွေဖြစ်ကြတဲ့ အမေရိက၊ အင်္ဂလန်၊ India နိုင်ငံတွေမှာပါ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ ပုံစံ-၁၅ ကို သက်ဆိုင်ရာသံရုံးများသို့ လွယ်ကူအဆင်ပြေစွာ အောင်အောင်မြင်မြင် တင်နိုင်ကြပါပြီ။
VOM – လက်တလော စင်ကာဗူသံရုံးရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတဲ့ ပုံစံ-၁၅ပေးပို့သူတွေဟာ မဲပေးကြမယ်အစီအစဉ်ကပို့တဲ့သူတွေလား။
ဖြေ။ ကိုယ်ကြိုက်တဲ့ ပုံစံအမျိုးမျိုးနဲ့ ပုံစံ-၁၅ကို တင်လို့ရပါတယ်။ သံရုံးကထုတ်ပြန်တဲ့ အရေအတွက်ဟာ သံရုံးကလက်ခံရရှိတဲ့ အရေအတွက်ဖြစ်ပါတယ်။ သံရုံးကို ကိုယ်တိုင်တိုက်ရိုက်တင်ကြတာရော၊ ကျွန်တော်တို့ရဲ့ မဲပေးကြမယ် website ကိုအသုံးပြုပြီး တင်ကြတာရော အားလုံးပါပါတယ်။ လက်ရှိမှာတော့ မဲပေးကြမယ် website ကနေ တင်တာပိုများပါတယ်။ အဓိက ပြည်ပရောက်မဲဆန္ဒရှင်တွေ ပုံစံ-၁၅ကို တင်ဖြစ်ဖို့ပဲ အရေးကြီးပါတယ်။
VOM – အချို့ပုံစံ-၁၅မှာ အချက်အလက်မပြည့်စုံတာတွေရှိတယ်၊ ဒါဟာနည်းပညာနဲ့ဆိုင်လား
ဖြေ။ အချက်အလက်မပြည့်စုံသူတွေအများစုက လိုအပ်တဲ့အချက်အလက်ပေးရမှာ မပြည့်စုံလို့ဖြစ်တာက ရာခိုင်းနှုန်းအားဖြင့်များပါတယ်။ ကျွန်တော်တို့ websiteကနေ ပုံစံ-၁၅ တင်မယ်ဆိုရင် ပထမဦးဆုံး စာသေချာဖတ်ပါ၊ လိုအပ်တဲ့အချက်အလက်များကို မှန်ကန်စွာ ဖြည့်စွက်ပေးပါ၊ ဖြည့်ပြီးလျှင် preview နှိပ်ပြီး ပေါ်လာတဲ့ ပုံစံ-၁၅ဖောင်မှာ ကိုယ်ဖြည့်ခဲ့တာ မှန်၊မမှန်ကို စစ်ဆေးပေးပါ၊ မှန်တယ်ဆိုရင် submit နှိပ်ပြီးတင်လိုက်ပါ။ ကျွန်တော်တို့ website က အလွယ်တကူအသုံးပြုလို့ရအောင် ဖန်တီးထားပါတယ်။ ကျွန်တော်တို့မဲပေးကြမယ် website ကိုဝင်ပြီး ပုံစံ ၁၅ တင်ဖို့ အကယ်၍ နည်းပညာနဲ့ မရင်းနှီးဘူးဆိုရင် ကျွန်တော်တို့ မဲပေးကြမယ် page မှာတင်ထားတဲ့ ပုံစံ-၁၅တင်နည်း video ကိုကြည့်ပါ။ အကယ်၍ အခက်အခဲရှိနေတယ်ဆိုရင် ကျွန်တော်တို့မဲပေးကြမယ် အဖွဲ့ရဲ့ PR team ကို messengerကနေ လာမေးပါ။ ကျွန်တော်တို့အဖွဲ့က အချိန်မရွေးရှင်းပြပေးပါတယ်။
VOM – တစ်ချို့မဲပေးဘူးလို့လည်းကြားတယ် ကိုဗစ်ကြောင့် မဲပေးတာကို အခက်အခဲဖြစ်စေနိူင်လား၊
ဖြေ။ ယခုလက်ရှိအခြေအနေအရ စင်္ကာပူက မြန်မာတွေ ယနေ့အထိ (၁၉၀၀၀) ခန့် ကြိုတင်ဆန္ဒမဲပေးဖို့ ပုံစံ-၁၅ တင်ပြီးပြီလို့သိရပါတယ်၊ ပုံစံ ၁၅ တင်ဖို့ စတင်လက်ခံခဲ့တာ တပတ်ကျော်ခန့်ပဲ ရှိပါသေးတယ်။ အခုတိုင်းဆိုရင် စင်္ကာပူရောက်မြန်မာတွေရဲ့ ကြိုတင်မဲအရေအတွက်ဟာ ၂၀၁၅ ထက် များနိုင်မယ်လို့ ယူဆရပါတယ်။ စင်္ကာပူသံရုံးကလည်း တတ်နိုင်တဲ့ဘက်ကနေ ကြိုတင်မဲပေးရာမှာ အဆင်ပြေအောင် စီစဉ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
VOM – နည်းပညာနဲ့မရင်းနှီးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘယ်လိုစီစဉ်ထားလည်း
ဖြေ။ ကျွန်တော်တို့ မဲပေးကြမယ်website ကိုအသုံးပြုပြီး formတင်ရတာ Facebook account ဖွင့်တာထက် ပိုလွယ်ကူပါတယ်။ နည်းပညာနဲ့မရင်းနှီးပေမယ့်လည်း ကိုယ့်တိုင် ပုံစံ-၁၅ကို တင်နိုင်အောင်လုပ်ထားပါတယ်။ ဖုန်းအသုံးပြုတတ်တဲ့လူတိုင်း ပုံစံ-၁၅ ကို တင်နိုင်အောင်လည်း ဖန်တီထားပါတယ်။ အကယ်၍ အခက်အခဲရှိတယ်ဆိုရင် ကျွန်တော်တို့ရဲ့ user guile video ကိုကြည့်ပါ၊ ကိုယ်တိုင်ကြိုးစားပြီးတင်ပါ၊ အကယ်၍ အဆင်မပြေသေးဘူးဆိုရင် messager မှာလာပြောပါ။ ကျွန်တော်တို့အဖွဲ့က ကူညီဖို့အဆင်သင့်စောင့်နေပါတယ်။ နောက်ပြီး ထိုင်းက volunteer အချို့နဲ့လည်း စကားပြောခွင့်ရပါတယ်၊ သုံးရတာ အဆင်ပြေတယ်လို့ feedback ရပါတယ်။ အကယ်၍ website ကနေတင်ဖို့ အခက်အခဲရှိရင် တချို့ hard copy ကောက်နေတဲ့အဖွဲ့နဲ့ တိုင်ပင်ကြည့်ပါ။ အဆင်မပြေခဲ့ဘူးဆိုလျှင် ကျွန်တော်တို့ကိုအကြောင်းကြားပါ ၊တတ်နိုင်သမျှ အကောင်းဆုံးကူညီပါမယ်။
VOM – မဲပေးခွင့်ရရှိရေးအတွက် ပုံစံ-၁၅အချက်အလက်ပြည့်စုံအောင် မသိသေးတဲ့သူတွေကို ဘယ်လိုမျိုးမျှဝေချင်လဲ
ဖြေ။ သက်ဆိုင်ရာသံရုံးအသီးသီးရဲ့ ပုံစံ-၁၅ တင်ရာမှာ လိုအပ်တဲ့အချက်အလက်တွေကို သံရုံးရဲ့website / Facebook ပေါ်မှာ လေ့လာမှတ်သားပြီး ပုံစံ-၁၅ တင်ရာမှာ လိုအပ်တဲ့အချက်အလက်များကို သေသေချာချာတင်ပေးပါ၊ ကျွန်တော်တို့ကိုယ်တိုင် ကိုယ့်တိုင်းပြည်အတွက် မဲပေးရမယ့်အခွင့်အရေးကို ကြိုးစားပြီးဖန်တီးကြပါလို့ တိုက်တွန်းပြောချင်ပါတယ်။
VOM – လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်ပရောက်မြန်မာနိူင်ငံသားတွေ မဲပေးဖို့အတွက် ဘယ်လိုမျိုးစီစဉ်ထားလဲ
ဖြေ။ ကျွန်တော်တို့ ပြည်ပရောက်မြန်မာနိုင်ငံတွေက အကြောင်းအမျိုးမျိုကြောင့် ကိုယ့်နိုင်ငံနဲ့ဝေးရာမှာ ရောက်နေပေမဲ့လည်း ကျွန်တော်တို့ ကိုယ်တိုင်းပြည်ကိုချစ်တဲ့စိတ်ကတော့ မဝေးပါဘူး။ ကျွန်တော်တို့အဖွဲ့က သက်ဆိုင်ရာနယ်ပယ်မှာ professional အဖြစ် အသက်မွေးဝမ်းကြောင်းနဲ့ အလုပ်လုပ်နေပါတယ်။ ဒီရွေးကောက်ပွဲမှ မဟုတ်ပါဘူး၊ လိုအပ်တဲ့နေရာတိုင်းမှာ တတ်နိုင်သလောက် ကူညီချင်ပါတယ်။ ရွေးကောက်ပွဲအတွက် ဘာတွေဆက်လက်ကူညီဆောင်ရွက်ပေးဦးမလဲဆိုတာက သံရုံးက အစီအစဉ်ပေါ်မှာမူတည်ပါတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက်ကူညီချင်ပါတယ်။
VOM – လက်ရှိမှာရော မဲပေးကြမယ်အစီအစဉ်ကို အခြားနိူင်ငံက သံရုံးတွေနဲ့ရော ချိတ်ဆက်ထားတာမျိုးရှိလား
ဖြေ။ လက်ရှိမှာတော့ စင်္ကာပူ၊ ဂျပန်၊ ထိုင်း၊ မလေရှားသံရုံးတွေက အသိအမှတ်ပြုတဲ့အကြောင်း အကြောင်းပြန်ထားပါတယ်၊ ကျန်တဲ့သံရုံးတွေကိုတော့ email ပို့ထားပါတယ်၊ အခုထိတော့ email ပြန်တာ မရသေးပါဘူး။ ဒါပေမယ့် မဲပေးကြမယ် websiteကိုတော့ သိမယ်လို့ထင်ပါတယ်။
VOM – မဲပေးကြမယ်အစီအစဉ်ကနေ အသုံးပြုဦးရေနဲ့ ဘာတွေများရှေ့ဆက်လုပ်သွားဖို့ရှိသလည်း
ဖြေ။ ယခုလက်ရှိတော့ ၁၂၀၀၀ ကျော်က မဲပေးကြမယ် website ကိုအသုံးပြုပြီး၊ ပုံစံ-၁၅ကို တင်ပြီးပြီလို့ သိရပါတယ်။ ဘာတွေရှေ့ဆက်လုပ်သွားမယ်ဆိုတာ အဖွဲ့နဲ့တိုင်ပင်ပြီး official announce လုပ်ပါမယ်။
VOM – အခုလိုမေးမြန်းတဲ့အပြင် ဘာများဖြည့်စွက်ပြီးပြောချင်တာရှိသေးလည်း
ဖြေ။ ကျွန်တော်တို့ မဲပေးကြမယ် websiteကို စတင်ပြီး develop လုပ်မယ်ဆိုတော့ အဓိကအချက်၂ချက် စဉ်းစားပါတယ်၊ ပထမအချက်ကတော့ Personal Data Protection Act ( PDPA) ပါ၊ ဒုတိယအချက်ကတော့ data security ပါ။ ပထမအချက်ဖြစ်တဲ့ PDPA ဆိုတာ စင်္ကာပူ၊ ကိုရီယား၊ ဂျပန် စတဲ့နိုင်ငံတွေမှာ ပြဋ္ဌာန်းထားတဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်တွေကို ကာကွယ်ပေးထားတဲ့ အက်ဥပဒေဖြစ်ပါတယ်။ website အသုံးပြုသူရဲ့ data တွေကို ခွင့်ပြုချက်မရဘဲ၊ သဘောတူညီမှုမရဘဲ collect လုပ်ခွင့်၊ ပြင်ဆင်ခွင့်၊ တခြားသော third partyအဖွဲ့အစည်းကို ဖြန့်ဝေ ရောင်းချခွင့်မရှိပါဘူး။ အဲ့ဒီ PDPA ဥပဒေကို ဒီwebsiteကို develop မလုပ်ခင်ကတည်းက လိုက်နာရမယ်ဆိုတာ အဖွဲ့ဝင်တွေအားလုံး သိရှိထားပါတယ်။ ဒီကိစ္စကို သေချာအလေးအနက်စဉ်းစားခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့်ပဲ ကျွန်တော်တို့ website ရဲ့ဒုတိယ pageမှာ PDPA consent ကိုထည့်သွင်းဖော်ပြထားပါတယ်။ အသုံးပြုသူအနေနဲ့ ဒီဥပဒေကို နားလည်သိရှိသဘောတူမှသာလျှင်ဝင်ပြီး ပုံစံ-၁၅ကို တင်ရပါမယ်၊ အဲ့ဒီလိုပဲ ကျွန်တော်တို့ အဖွဲ့အနေနဲ့ အာမခံနိုင်တာက ဒီ data တွေကို ပုံစံ-၁၅ တင်တာကလွဲပြီး အခြားမည့်သည့်အဖွဲ့အစည်း တစ်ခုခုကိုမှ လွဲပြောင်း၊ ရောင်းချ၊ ဖြန့်ဝေမှာ မဟုတ်ဘူးဆိုတာ ကတိပေးနိုင်ပါတယ်။ Personal data တွေပါတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ system ကို နည်းပညာပိုင်းအရ data security ကို မြင့်တင်ထားပါတယ်ဆိုတာ အသုံးပြုသူတွေကို အသိပေးပါရစေ၊ နောက်ပြီး ကျွန်တော်တို့websiteက data တွေကို generate တခါတည်းလုပ်ပြီး သံရုံးတွေကို တိုက်ရိုက်တစ်ချိန်တည်း email ပို့လိုက်တာဖြစ်ပါတယ်ဆိုတာ အသုံးပြုသူတွေကို အသိပေးလိုက်ပါတယ်။ ပုံစံ-၁၅တင်ဖို့ အဖက်ဖက်က ပုံစံအမျိုးမျိုးနဲ့ ဝိုင်းဝန်းအကူအညီပေးကြတာတွေ့ရတာ အရမ်းဝမ်းသာအားရမိပါတယ်။ ကျွန်တော်တို့ရဲ့ ကူညီပုံတွေမတူကြသော်လည်း ကျွန်တော်တို့အားလုံးရဲ့ ရည်ရွယ်ချက်က “များများတင်၊ များများပေး၊ များများနိုင်”ဆိုတာပဲဖြစ်ပြီး ပန်းတိုင်တူညီတယ်လို့ ယုံကြည်ပါတယ်။
#voiceofmyanamar #VOM #မဲပေးကြမယ်
Zawgyi
အေးချမ်းသူ(VOM)
VOM – နိုင်ငံရပ်ခြားမှာနေတဲ့ မြန်မာနိုင်ငံသားတွေမဲပေးခွင့်နဲ့ပတ်သက်ပြီး အရင်ကရော ဆောင်ရွက်တာမျိုးရှိလား
VOM – မဲပေးကြမယ်အစီအစဉ်ဟာ စင်ကာပူနိုင်ငံအတွက်ပဲလား အခြားနိုင်ငံတွေရောမပါဘူးလား
VOM – တစ်ချို့မဲပေးဘူးလို့လည်းကြားတယ် ကိုဗစ်ကြောင့် မဲပေးတာကို အခက်အခဲဖြစ်စေနိုင်လား၊
VOM – လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ မဲပေးဖို့အတွက် ဘယ်လိုမျိုးစီစဉ်ထားလဲ
VOM – လက်ရှိမှာရော မဲပေးကြမယ်အစီအစဉ်ကို အခြားနိုင်ငံက သံရုံးတွေနဲ့ရော ချိတ်ဆက်ထားတာမျိုးရှိလား
Related posts
Leave a Comment
VOM News
FREE
VIEW