နွားတင်းကုတ်မှာ ခြင်ဆေးခွေထွန်းရာကနေ နေအိမ်(၁၅)လုံးမီးလောင်

နွားတင်းကုတ်မှာ ခြင်ဆေးခွေထွန်းရာကနေ နေအိမ်(၁၅)လုံးမီးလောင်

စစ်ကိုင်း ၊ ဇူလိုင် ၂၅ -၂၀၂၀
ရှိုင်းအောင်(VOM)

စစ်ကိုင်းမြို့နယ်၊ အုန်းတောနယ်မြေ၊ ရေတွင်းကောင်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာမှာ မနေ့က ဇူလိုင် ၂၄ ရက်နေ့ညပိုင်းက နွားတင်းကုတ်အတွင်းကို ခြင်ဆေးခွေထွန်းထားရာကနေ နွားစာတွေကတဆင့် မီးကူးစက်လောင်ကျွမ်းပြီး နေအိမ် ၁၅ လုံး မီးလောင်ခဲ့တယ်လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်နိုင်ကပြောပါတယ်။

“ည ၁၁ နာရီလောက်မှာသတင်းရတော့ သန္ဓေမီးသတ်တပ်ဖွဲ့ ၂၅ ယောက် ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် အယောက် ၃၀၊ မီးသတ်ကား ၂ စီး၊ ရေသယ်ယာဉ် ၅ စီးနဲ့သွားရောက်ငြိမ်းသတ်ခဲ့ပါတယ်၊ မီးငြိမ်းသတ်ခဲ့တာကတော့ ၁ နာရီခွဲမှပါ” လို့ ဦးကျော်ကျော်နိုင်ကပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် မြေစိုက် ထရံကာ၊ သွပ်မိုးထရံကာ ၊ နွားတင်းကုတ် အပါအဝင် နေအိမ်(၁၅)လုံးနဲ့ သိန်း(၁၅၀)နီးပါး မီးလောင်ပျက်စီး ဆုံးရံှုးခဲ့ပါတယ်။

အခုလို နေအိမ် ၁၅ လုံး မီးလောင်ကျွမ်းမှုနဲ့ပတ်သတ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် အသက် ၆၇ နှစ်အရွယ် အမျိုးသားကို စစ်ကိုင်းမြို့မရဲစခန်းမှာ ပ-၅၃၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မီးလောင်မှု #ရေတွင်းကောင်း #ညောင်ကုန်း

Zawgyi

ႏြားတင္းကုတ္မွာ ျခင္ေဆးေခြထြန္းရာကေန ေနအိမ္(၁၅)လုံးမီးေလာင္

စစ္ကုိင္း ၊ ဇူလုိင္ ၂၅ -၂၀၂၀
ရႈိင္းေအာင္(VOM)

စစ္ကုိင္းၿမိဳ႕နယ္၊ အုန္းေတာနယ္ေျမ၊ ေရတြင္းေကာင္းေက်းရြာအုပ္စု၊ ေညာင္ကုန္းေက်းရြာမွာ မေန႔က ဇူလုိင္ ၂၄ ရက္ေန႕ညပိုင္းက ႏြားတင္းကုတ္အတြင္းကုိ ျခင္ေဆးေခြထြန္းထားရာကေန ႏြားစာေတြကတဆင့္ မီးကူးစက္ေလာင္ကၽြမ္းၿပီး ေနအိမ္ ၁၅ လုံး မီးေလာင္ခဲ့တယ္လုိ႔ စစ္ကုိင္းခရုိင္မီးသတ္ဦးစီးမွဴး ဦးေက်ာ္ေက်ာ္ႏုိင္ကေျပာပါတယ္။

“ည ၁၁ နာရီေလာက္မွာသတင္းရေတာ့ သေႏၶမီးသတ္တပ္ဖြဲ႕ ၂၅ ေယာက္ ၊ အရန္မီးသတ္တပ္ဖြဲ႕၀င္ အေယာက္ ၃၀၊ မီးသတ္ကား ၂ စီး၊ ေရသယ္ယာဥ္ ၅ စီးနဲ႔သြားေရာက္ၿငိမ္းသတ္ခဲ့ပါတယ္၊ မီးၿငိမ္းသတ္ခဲ့တာကေတာ့ ၁ နာရီခြဲမွပါ” လုိ႔ ဦးေက်ာ္ေက်ာ္ႏုိင္ကေျပာပါတယ္။

မီးေလာင္ကၽြမ္းမႈေၾကာင့္ ေျမစိုက္ ထရံကာ၊ သြပ္မိုးထရံကာ ၊ ႏြားတင္းကုတ္ အပါအဝင္ ေနအိမ္(၁၅)လံုးနဲ႔ သိန္း(၁၅၀)နီးပါး မီးေလာင္ပ်က္စီး ဆံုးရံွဳးခဲ့ပါတယ္။

အခုလုိ ေနအိမ္ ၁၅ လုံး မီးေလာင္ကၽြမ္းမႈနဲ႔ပတ္သတ္ၿပီး မီးစတင္ေလာင္ကၽြမ္းခဲ့တဲ့ ေနအိမ္ပုိင္ရွင္ အသက္ ၆၇ ႏွစ္အရြယ္ အမ်ိဳးသားကုိ စစ္ကုိင္းၿမိဳ႕မရဲစခန္းမွာ ပ-၅၃၁/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၂၈၅ နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မီးေလာင္မႈ #ေရတြင္းေကာင္း #ေညာင္ကုန္း

Related posts

Leave a Comment

VOM News

FREE
VIEW